မက်ဆီရဲ့ကျောနံပါတ် ၁၀ ကိုဝတ်ဆင်ရန် ကော်တင်ဟို ကမ်းလှမ်းခြင်းခံထားရ

ဖီးလစ်ပီကော်တင်ဟိုဟာဘာစီလိုနာမှထွက်ခွာသွားတဲ့လီယွန်နယ်မက်ဆီဝတ်ဆင်ကစားခဲ့တဲ့ကျောနံပါတ်၁၀အားဝတ်ဆင်ရန်ကမ်းလှမ်းခြင်းခံထားရကြောင်းသိရပါတယ်။

ဘာစီလိုနာဟာအသင်းတွင်၂၁နှစ်ကြာကစားလာခဲ့တဲ့လီယွန်နယ်မက်ဆီနှင့်ငါးနှစ်စာချုပ်ချုပ်ဆိုရန်သဘောတူညီမှုရရှိခဲ့ပေမယ့်ကလပ်ရဲ့ဘဏ္ဍာရေးပြဿနာကြောင့်မှတ်ပုံတင်ခွင့်မရမှုနဲ့အတူထွက်ခွာခဲ့ရပါတယ်။ယင်းနောက်မက်ဆီဟာပီအက်စ်ဂျီသို့၂နှစ်စာချုပ်ဖြင့်ပြောင်းခဲ့ပါတယ်။

ဘာစီလိုနာဟာဘောလုံးသမိုင်းတွင်အကြီးကျယ်ဆုံးကစားသမားများထဲမှတစ်ဦးဖြစ်တဲ့မက်ဆီရဲ့နေရာမှာအစားထိုးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။တစ်ဖက်တွင်ဘာစီလိုနာပရိသတ်များကမက်ဆီဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၁၀ကိုရာသက်ပန်အနားပေးရန်တောင်းဆိုခဲ့ကြပါတယ်။

ဒါပေမယ့်ယနေ့ထွက်ပေါ်လာတဲ့သတင်းအရလီဗာပူးစတားဟောင်းဖီးလစ်ပီကော်တင်ဟိုဟာ ယခုရာသီမှာမက်ဆီရဲ့ကျောနံပါတ်၁၀ကိုဝတ်ဆင်လာနိုင်ကြောင်းသိရပါတယ်။

ကော်တင်ဟိုဟာ၂၀၁၈ခုနှစ်၊ဇန်နဝါရီလတုန်းကလီဗာပူးမှပေါင်၁၄၂သန်းဖြင့်ပြောင်းလာပြီးနောက်ဘာစီလိုနာတွင်အကောင်းဆုံးပုံစံရရှိရန်ရုန်းကန်လာခဲ့ရသူဖြစ်ပါတယ်။

ဒါပေမယ့်လည်းဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းဟာဖီးလစ်ပီကော်တင်ဟိုအားသူ့ရဲ့ယခုရာသီအစီအစဉ်ထဲမှာအရေးပါတဲ့နေရာကထည့်သွင်းထားပါတယ်။

အသက်၂၉နှစ်ရှိဖီးလစ်ပီကော်တင်ဟိုဟာရော်နယ်ဒင်ဟို၊မက်ဆီတို့ဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၁၀ကိုရယူဝတ်ဆင်မည်ဆိုပါကကွင်းတွင်း/ကွင်းပြင်ဖိအားများကြုံတွေ့လာရဖို့ရှိပါတယ်။

သူဟာယခုနွေမှာဘာစီလိုနာမှထွက်ခွာမယ်လို့သတင်းများထွက်ပေါ်နေပေမယ့်လည်းအသင်းပြောင်းဖို့မရှိဘဲဆက်ရှိနေဖို့ရှိပါတယ်။

ကော်တင်ဟိုဟာ၂၀၁၈-၁၉ရာသီတုန်းကကျောနံပါတ်၇ဝဝတ်ဆင်ခဲ့ပေမယ့်ဂရက်ဇ်မန်းရောက်လာပြီးနောက်လွဲပြောင်းပေးခဲ့ရပါတယ်။သူဟာပြီးခဲ့တဲ့နှစ်နွေတုန်းကဘိုင်ယန်မှပြန်ရောက်လာပြီးနောက်ဂျိုဟန်ခရိုက်ဖ်ဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၁၄ကိုဝတ်ဆင်ခဲ့ရပါတယ်။

သူဟာလီဗာပူးနှင့်ဘိုင်ယန်မြူးနစ်တို့တွင်ကစားခဲ့စဉ်တုန်းကကျောနံပါတ်၁၀ကိုဝတ်ဆင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ရာသီတုန်းကဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၁၄ကိုပထမအသင်းသို့တက်လှမ်းလာတဲ့ရေးမာနာအားလွဲပြောင်းပေးထားရပါတယ်။

ယင်းသို့အခြေအနေကြောင့်ဘာစီလိုနာမှာကော်တင်ဟိုအတွက်ရွေးချယ်စရာကျောနံပါတ်က ၁၀တစ်ခုတည်းသာရှိပါတော့တယ်။တခြားလစ်လပ်နေတဲ့ကျောနံပါတ်၂၅မှာလည်းအရန်ဂိုးသမားအတွက်ဖြစ်ပါတယ်။

ZawGyi

မက္ဆီရဲ႕ေက်ာနံပါတ္ ၁၀ ကိုဝတ္ဆင္ရန္ ေကာ္တင္ဟို ကမ္းလွမ္းျခင္းခံထားရ

ဖီးလစ္ပီေကာ္တင္ဟိုဟာဘာစီလိုနာမွထြက္ခြာသြားတဲ့လီယြန္နယ္မက္ဆီဝတ္ဆင္ကစားခဲ့တဲ့ေက်ာနံပါတ္၁၀အားဝတ္ဆင္ရန္ကမ္းလွမ္းျခင္းခံထားရေၾကာင္းသိရပါတယ္။

ဘာစီလိုနာဟာအသင္းတြင္၂၁ႏွစ္ၾကာကစားလာခဲ့တဲ့လီယြန္နယ္မက္ဆီႏွင့္ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈရရွိခဲ့ေပမယ့္ကလပ္ရဲ႕ဘ႑ာေရးျပႆနာေၾကာင့္မွတ္ပုံတင္ခြင့္မရမႈနဲ႔အတူထြက္ခြာခဲ့ရပါတယ္။ယင္းေနာက္မက္ဆီဟာပီအက္စ္ဂ်ီသို႔၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းခဲ့ပါတယ္။

ဘာစီလိုနာဟာေဘာလုံးသမိုင္းတြင္အႀကီးက်ယ္ဆုံးကစားသမားမ်ားထဲမွတစ္ဦးျဖစ္တဲ့မက္ဆီရဲ႕ေနရာမွာအစားထိုးဖို႔ဆိုတာမျဖစ္ႏိုင္ပါဘူး။တစ္ဖက္တြင္ဘာစီလိုနာပရိသတ္မ်ားကမက္ဆီဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၁၀ကိုရာသက္ပန္အနားေပးရန္ေတာင္းဆိုခဲ့ၾကပါတယ္။

ဒါေပမယ့္ယေန႔ထြက္ေပၚလာတဲ့သတင္းအရလီဗာပူးစတားေဟာင္းဖီးလစ္ပီေကာ္တင္ဟိုဟာ ယခုရာသီမွာမက္ဆီရဲ႕ေက်ာနံပါတ္၁၀ကိုဝတ္ဆင္လာႏိုင္ေၾကာင္းသိရပါတယ္။

ေကာ္တင္ဟိုဟာ၂၀၁၈ခုႏွစ္၊ဇန္နဝါရီလတုန္းကလီဗာပူးမွေပါင္၁၄၂သန္းျဖင့္ေျပာင္းလာၿပီးေနာက္ဘာစီလိုနာတြင္အေကာင္းဆုံးပုံစံရရွိရန္႐ုန္းကန္လာခဲ့ရသူျဖစ္ပါတယ္။

ဒါေပမယ့္လည္းဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းဟာဖီးလစ္ပီေကာ္တင္ဟိုအားသူ႔ရဲ႕ယခုရာသီအစီအစဥ္ထဲမွာအေရးပါတဲ့ေနရာကထည့္သြင္းထားပါတယ္။

အသက္၂၉ႏွစ္ရွိဖီးလစ္ပီေကာ္တင္ဟိုဟာေရာ္နယ္ဒင္ဟို၊မက္ဆီတို႔ဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၁၀ကိုရယူဝတ္ဆင္မည္ဆိုပါကကြင္းတြင္း/ကြင္းျပင္ဖိအားမ်ားႀကဳံေတြ႕လာရဖို႔ရွိပါတယ္။

သူဟာယခုေႏြမွာဘာစီလိုနာမွထြက္ခြာမယ္လို႔သတင္းမ်ားထြက္ေပၚေနေပမယ့္လည္းအသင္းေျပာင္းဖို႔မရွိဘဲဆက္ရွိေနဖို႔ရွိပါတယ္။

ေကာ္တင္ဟိုဟာ၂၀၁၈-၁၉ရာသီတုန္းကေက်ာနံပါတ္၇ဝဝတ္ဆင္ခဲ့ေပမယ့္ဂရက္ဇ္မန္းေရာက္လာၿပီးေနာက္လြဲေျပာင္းေပးခဲ့ရပါတယ္။သူဟာၿပီးခဲ့တဲ့ႏွစ္ေႏြတုန္းကဘိုင္ယန္မွျပန္ေရာက္လာၿပီးေနာက္ဂ်ိဳဟန္ခ႐ိုက္ဖ္ဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၁၄ကိုဝတ္ဆင္ခဲ့ရပါတယ္။

သူဟာလီဗာပူးႏွင့္ဘိုင္ယန္ျမဴးနစ္တို႔တြင္ကစားခဲ့စဥ္တုန္းကေက်ာနံပါတ္၁၀ကိုဝတ္ဆင္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ရာသီတုန္းကဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၁၄ကိုပထမအသင္းသို႔တက္လွမ္းလာတဲ့ေရးမာနာအားလြဲေျပာင္းေပးထားရပါတယ္။

ယင္းသို႔အေျခအေနေၾကာင့္ဘာစီလိုနာမွာေကာ္တင္ဟိုအတြက္ေ႐ြးခ်ယ္စရာေက်ာနံပါတ္က ၁၀တစ္ခုတည္းသာရွိပါေတာ့တယ္။တျခားလစ္လပ္ေနတဲ့ေက်ာနံပါတ္၂၅မွာလည္းအရန္ဂိုးသမားအတြက္ျဖစ္ပါတယ္။