မက်ဆီကို ခေါ်ယူရန် ဘက်ဟမ်းကို အသုံးချမည်လို့ အင်တာမီယာမီက ပြောကြားလာပြီးနောက် မက်ဆီနှင့်ရိုမီယိုဘက်ဟမ်းတို့တွေ့ဆုံ

ဒေးဗစ်ဘက်ဟမ်းရဲ့သားရိုမီယိုဟာပြင်သစ်တွင်ပီအက်စ်ဂျီစူပါစတားလီယွန်နယ်မက်ဆီနှင့်တွေ့ဆုံခဲ့ပါတယ်။

ရိုမီယိုနှင့်မက်ဆီတို့ဟာပဲရစ်မှအာဂျင်တီးနားစတားထွက်ခွာချိန်တွင် ကလပ်လာကစားအောင်ဘက်ဟမ်းကိုအသုံးချလုပ်ဆောင်မယ်လို့အင်တာမီယာမီက ပြောကြားခဲ့ပြီးနောက် ပြင်သစ်တွင်တွေ့ဆုံခဲ့ကြတာလည်းဖြစ်ပါတယ်။

ရိုမီယိုဟာFashion Weekအတွက်ပဲရစ်သို့ချစ်သူမီယာရီဂန်၊မိခင်ဖြစ်သူစပိုက်ဂဲလ်အဖွဲ့ဝင်ဟောင်းဗစ်တိုးရီးယားတို့နှင့်အတူရောက်ရှိနေတာဖြစ်ပြီး ပီအက်စ်ဂျီစူပါစတားများဖြစ်ကြတဲ့လီယွန်နယ်မက်ဆီ၊ကိုင်လီယန်ဘက်ပေး၊နေမာတို့နှင့်ဆုံတွေ့ခဲ့ပါတယ်။

ယူနိုက်တက်ဂန္ထဝင်ရဲ့သားဟာအင်တာမီယာမီ(ခ)အသင်းတွင်ကစားနေသူဖြစ်ပြီးသူဟာပီအက်စ်ဂျီစူပါစတားသုံးဦးလုံးနှင့်ဓာတ်ပုံတွဲရိုက်ခဲ့တဲ့အပြင်ဘရာဇီးစတားနေမာလက်မှတ်ထိုးထားတဲ့ပီအက်စ်ဂျီအင်္ကျီနှင့်လည်း ဓာတ်ပုံတွဲရိုက်ကာအွန်လိုင်းမှာတင်သွားပါသေးတယ်။

အသက်၁၉နှစ်ရှိရိုမီယိုရဲ့ဖခင်ဘက်ဟမ်းဟာပီအက်စ်ဂျီမှမက်ဆီထွက်ခွာချိန်တွင်အင်တာမီယာမီသို့ခေါ်ဆောင်ရန်ဆန္ဒပြင်းပြနေကြောင်း အင်တာမီယာမီရဲ့အဓိကရှယ်ယာတစ်ဦးဖြစ်တဲ့ဂျော့စ်မက်စ်ကဆိုထားပါတယ်။

၎င်းက “ဒေးဗစ်နဲ့သူ့အကြားရင်းနှီးကြမယ်ထင်တယ်။ပီအက်စ်ဂျီကထွက်ခွာတဲ့အချိန်ကျရင်မက်ဆီကိုအင်တာမီယာမီကစားသမားအဖြစ်မြင်တွေ့ချင်တယ်။ဘာဖြစ်လာနိုင်လားဆိုတော့ ကျွန်တော်ကတော့အကောင်းမြင်တယ်။ဖြစ်လာနိုင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

မက္ဆီကို ေခၚယူရန္ ဘက္ဟမ္းကို အသုံးခ်မည္လို႔ အင္တာမီယာမီက ေျပာၾကားလာၿပီးေနာက္ မက္ဆီႏွင့္႐ိုမီယိုဘက္ဟမ္းတို႔ေတြ႕ဆုံ

ေဒးဗစ္ဘက္ဟမ္းရဲ႕သား႐ိုမီယိုဟာျပင္သစ္တြင္ပီအက္စ္ဂ်ီစူပါစတားလီယြန္နယ္မက္ဆီႏွင့္ေတြ႕ဆုံခဲ့ပါတယ္။

႐ိုမီယိုႏွင့္မက္ဆီတို႔ဟာပဲရစ္မွအာဂ်င္တီးနားစတားထြက္ခြာခ်ိန္တြင္ ကလပ္လာကစားေအာင္ဘက္ဟမ္းကိုအသုံးခ်လုပ္ေဆာင္မယ္လို႔အင္တာမီယာမီက ေျပာၾကားခဲ့ၿပီးေနာက္ ျပင္သစ္တြင္ေတြ႕ဆုံခဲ့ၾကတာလည္းျဖစ္ပါတယ္။

႐ိုမီယိုဟာFashion Weekအတြက္ပဲရစ္သို႔ခ်စ္သူမီယာရီဂန္၊မိခင္ျဖစ္သူစပိုက္ဂဲလ္အဖြဲ႕ဝင္ေဟာင္းဗစ္တိုးရီးယားတို႔ႏွင့္အတူေရာက္ရွိေနတာျဖစ္ၿပီး ပီအက္စ္ဂ်ီစူပါစတားမ်ားျဖစ္ၾကတဲ့လီယြန္နယ္မက္ဆီ၊ကိုင္လီယန္ဘက္ေပး၊ေနမာတို႔ႏွင့္ဆုံေတြ႕ခဲ့ပါတယ္။

ယူႏိုက္တက္ဂႏၴဝင္ရဲ႕သားဟာအင္တာမီယာမီ(ခ)အသင္းတြင္ကစားေနသူျဖစ္ၿပီးသူဟာပီအက္စ္ဂ်ီစူပါစတားသုံးဦးလုံးႏွင့္ဓာတ္ပုံတြဲ႐ိုက္ခဲ့တဲ့အျပင္ဘရာဇီးစတားေနမာလက္မွတ္ထိုးထားတဲ့ပီအက္စ္ဂ်ီအက်ႌႏွင့္လည္း ဓာတ္ပုံတြဲ႐ိုက္ကာအြန္လိုင္းမွာတင္သြားပါေသးတယ္။

အသက္၁၉ႏွစ္ရွိ႐ိုမီယိုရဲ႕ဖခင္ဘက္ဟမ္းဟာပီအက္စ္ဂ်ီမွမက္ဆီထြက္ခြာခ်ိန္တြင္အင္တာမီယာမီသို႔ေခၚေဆာင္ရန္ဆႏၵျပင္းျပေနေၾကာင္း အင္တာမီယာမီရဲ႕အဓိကရွယ္ယာတစ္ဦးျဖစ္တဲ့ေဂ်ာ့စ္မက္စ္ကဆိုထားပါတယ္။

၎က “ေဒးဗစ္နဲ႔သူ႔အၾကားရင္းႏွီးၾကမယ္ထင္တယ္။ပီအက္စ္ဂ်ီကထြက္ခြာတဲ့အခ်ိန္က်ရင္မက္ဆီကိုအင္တာမီယာမီကစားသမားအျဖစ္ျမင္ေတြ႕ခ်င္တယ္။ဘာျဖစ္လာႏိုင္လားဆိုေတာ့ ကြၽန္ေတာ္ကေတာ့အေကာင္းျမင္တယ္။ျဖစ္လာႏိုင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။