
ပီအက်စ်ဂျီဟာလီယွန်နယ်မက်ဆီအားဆုံးရှုံးရမည်ကိုစိုးရိမ်ကာယခုဖေဖော်ဝါရီလအတွင်းတွင်စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုများပြုလုပ်လာတော့မှာဖြစ်ပါတယ်။
အာဂျင်တီးနားကိုကမ္ဘာ့ဖလားရရှိအောင်ဦးဆောင်ခဲ့တဲ့လီယွန်နယ်မက်ဆီဟာယခုရာသီတွင်အကောင်းဆုံးပုံစံရရှိနေသူဖြစ်ပြီးယခုရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။
မက်ဆီဟာကမ္ဘာ့ဖလားပြိုင်ပွဲသွားမကစားမီကတည်းကပီအက်စ်ဂျီနှင့်စာချုပ်သစ်ချုပ်ဆိုရေးနှုတ်အားဖြင့်သဘောတူညီမှုရရှိခဲ့ပြီးလည်းဖြစ်ပါတယ်။
ဒါပေမဲ့မက်ဆီဟာသူကစားသမားဘဝရဲ့နောက်ဆုံးလိုအပ်ချက်ဖြစ်တဲ့ကမ္ဘာ့ဖလားဆွတ်ခူးလိုက်နိုင်မှုနဲ့အတူစိတ်ပြောင်းလာနိုင်မှုအပေါ် ပီအက်စ်ဂျီတို့စိုးရိမ်နေပါတယ်။
မက်ဆီဟာယခုရာသီတွင်ပီအက်စ်ဂျီအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၂၄ပွဲကစားထားရာမှာဂိုးနှင့်ဖန်တီးမှု၂၉ကြိမ်ပြုလုပ်ထားပါတယ်။
ပီအက်စ်ဂျီဒါရိုက်တာလူးဝစ်ကမ်ပို့စ်က “ကျွန်တော်တို့ဘက်ကစာချုပ်သက်တမ်းတိုးချင်တော့လီယိုမက်ဆီနဲ့ဆွေးနွေးပါမယ်။ဒီစီမံကိန်းမှာသူ့ကိုဆက်ထိန်းထားချင်တယ်။ဒီရည်မှန်းချက်ဖြစ်လာဖို့အခုဆွေးနွေးသွားပါတော့မယ်။မက်ဆီကိုကျွန်တော်တို့နဲ့အတူဆက်ရှိစေချင်တယ်”လို့ပြောကြားသွားပါတယ်။
ZawGyi
မက်ဆီကို ဆုံးရှုံးရမည်ကို စိုးရိမ်နေမှုနှင့်အတူ ယခုလတွင် စာချုပ်သစ်ကိစ္စဆွေးနွေးလာမဲ့ ပီအက်စ်ဂျီ