
လီယွန်နယ်မက်ဆီကိုဆော်ဒီပရိုလိဂ်ဖလားအတွက်စိန်ခေါ်နေတဲ့ Al-lttihad ကခေါ်ယူလိုနေကြောင်းသတင်းထွက်နေပါတယ်။
Al-lttihad ဟာဆော်ဒီပရိုလိဂ်အမှတ်ပေးဇယားတွင်ထိပ်ဆုံးမှခရစ္စတီယာနိုရော်နယ်ဒိုရဲ့ Al Nassr နှင့်၂မှတ်အကွာမှာရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။၎င်းတို့ဟာကိုယ်တိုင်စူပါစတားတစ်ဦးကိုခေါ်ယူပြီးအမြင့်ပျံရန်ဆန္ဒရှိနေပြီဖြစ်ပါတယ်။
Marca ရဲ့ဖော်ပြလာမှုအရ Al-lttihad ဟာမက်ဆီကိုတစ်နှစ်လုပ်ခပေါင်၇၈သန်းတန်၂နှစ်စာချုပ်ဖြင့်သာကမ်းလှမ်းလိုနေကြောင်းဆိုလာပါတယ်။
ဒါ့အပြင်Marca ကAl-lttihad မှကိုယ်စားလှယ်များဟာမက်ဆီရဲ့ကိုယ်စားလှယ်များနှင့်လည်းတွေ့ဆုံဆွေးနွေးထားပြီးဖြစ်ကြောင်းဖော်ပြသွားပါတယ်။
Al-lttihad ကမက်ဆီကိုပေးတဲ့လုပ်ခပမာဏမှာခရစ္စတီယာနိုရော်နယ်ဒိုရဲ့Al Nassr လုပ်ခထက်များစွာနည်းပါးနေပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတုန်းကယူနိုက်တက်နှင့်စာချုပ်ဖျက်သိမ်းပြီးနောက် Al Nassr သို့တစ်နှစ်လျှင်ပေါင်၁၇၇သန်းတန်စာချုပ်ဖြင့်ပြောင်းခဲ့ပါတယ်။
မက်ဆီဟာလက်ရှိအချိန်တွင်ပီအက်စ်ဂျီတွင်တစ်နှစ်လုပ်ခပေါင်၂၅သန်းရရှိနေတာဖြစ်ပါတယ်။
မက်ဆီဟာယခုရာသီအကုန်မှာပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးအသင်းဟောင်းဘာစီလိုနာနှင့်ဒေးဗစ်ဘက်ဟမ်းရဲ့အင်တာမီယာမီတို့ကခေါ်ယူရန်စိတ်ဝင်စားနေကြပါတယ်။
ZawGyi
မက်ဆီကို ဆော်ဒီကလပ် ခေါ်ယူလိုပေမဲ့ ရော်နယ်ဒိုရရှိနေတဲ့ လုပ်ခလောက် မပေးလို