မက်ဆီကို ယခင်လုပ်ခအတိုင်း စာချုပ်သစ်ချုပ်ဆိုရန် လုံးဝမဖြစ်နိုင်တော့တဲ့ဘာကာ

လာလီဂါဥက္ကဌဂျာဗီးယားတီဘက််စ်ကဘာစီလိုနာအနေဖြင့်လီယွန်နယ်မက်ဆီကိုယခင်ပေးခဲ့တဲ့လုပ်ခအတိုင်းစာချုပ်သစ်ကမ်းလှမ်းရန်လုံးဝမဖြစ်နိုင်ကြောင်းပြောကြားလိုက်ပါတယ်။

အာဂျင်တီးနားစူပါစတားဟာပြီးခဲ့တဲ့ဇွန်လအကုန်တွင်ဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့သူဖြစ်ပြီးလက်ရှိအချိန်တွင်ကလပ်လက်မဲ့ဖြစ်နေပါတယ်။ဒါပေမယ့်ဘာစီလိုနာဟာမက်ဆီကို၂နှစ်စာချုပ်သစ်ချုပ်ဆိုနိုင်ရေးအတွက်လက်မလျှော့ဘဲလုပ်ဆောင်နေပါတယ်။

ဘာစီလိုနာဟာကြွေးမြီများစွာတင်နေမှုကြောင့်လာမယ့်ရာသီအတွက်အသုံးစရိတ်ကန့်သတ်ခြင်းခံထားရရာအသစ်ခေါ်ယူထားတဲ့ဒီပေး၊ဂါစီယာ၊အီမာဆင်နှင့်အဂွဲရိုးတို့အားကစားသမားမှတ်ပုံတင်နိုင်ခြင်းမရှိပါဘူး။တစ်ဖက်တွင်၎င်းတို့ဟာမက်ဆီကိုစာချုပ်ချုပ်ဆိုပါကလည်းကစားသမားမှတ်ပုံတင်နိုင်မှာမဟုတ်ပါဘူး။

မက်ဆီဟာဘာစီလိုနာမှာတစ်ပတ်လုပ်ခပေါင်၂သန်းကျော်ရရှိခဲ့သူဖြစ်ပြီးယခင်စာချုပ်အတွက်ပေါင်သန်း၅၀၀နီးပါးအထိရရှိခဲ့သူလည်းဖြစ်ပါတယ်။

တီဘက်စ်က “သူ့အနေနဲ့ယခင်စာချုပ်တုန်းကရပိုင်ခွင့်မျိုးနဲ့စာချုပ်သစ်ချုပ်ဆိုဖို့လုံးဝမဖြစ်နိုင်ပါဘူး။ဥရောပမှာရှိတဲ့ဘယ်ကလပ်ကမှလည်းယခင်သူ့စာချုပ်တုန်းကပမာဏမျိုးပေးနိုင်မှာမဟုတ်ပါဘူး။မက်ဆီဆက်ရှိ/မရှိဆိုတာကျွန်တော့်အပေါ်မမူတည်ပါဘူး။ဘာစီလိုနာအပေါ်မှာဘဲမူတည်ပါတယ်။စပိန်မှာမက်ဆီဆက်ရှိနိုင်ဖို့အတွက်ဘာစီလိုနာဖြေရှင်းနိုင်ဖို့တော့မျှော်လင့်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ကြွေးမြီယူရို၁ဘီလီယံကျော်တင်ရှိနေတဲ့ဘာစီလိုနာဟာမက်ဆီကိုစာချုပ်သစ်ချုပ်ရန်အတွက်အသင်းရှိကစားသမားအများစုကိုရောင်းချခြင်း၊အငှားချခြင်းတို့ပြုလုပ်သွားရပါဦးမယ်။

လက်ရှိအချိန်တွင်၎င်းတို့ဟာကစားသမားငါးဦးအထိအသင်းမှထွက်ခွာစေခြင်း၊အငှားချခြင်းတို့ပြုလုပ်ထားပြီးဖြစ်ပါတယ်။

ZawGyi

မက္ဆီကို ယခင္လုပ္ခအတိုင္း စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ လုံးဝမျဖစ္ႏိုင္ေတာ့တဲ့ဘာကာ

လာလီဂါဥကၠဌဂ်ာဗီးယားတီဘက္္စ္ကဘာစီလိုနာအေနျဖင့္လီယြန္နယ္မက္ဆီကိုယခင္ေပးခဲ့တဲ့လုပ္ခအတိုင္းစာခ်ဳပ္သစ္ကမ္းလွမ္းရန္လုံးဝမျဖစ္ႏိုင္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အာဂ်င္တီးနားစူပါစတားဟာၿပီးခဲ့တဲ့ဇြန္လအကုန္တြင္ဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့သူျဖစ္ၿပီးလက္ရွိအခ်ိန္တြင္ကလပ္လက္မဲ့ျဖစ္ေနပါတယ္။ဒါေပမယ့္ဘာစီလိုနာဟာမက္ဆီကို၂ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ေရးအတြက္လက္မေလွ်ာ့ဘဲလုပ္ေဆာင္ေနပါတယ္။

ဘာစီလိုနာဟာေႂကြးၿမီမ်ားစြာတင္ေနမႈေၾကာင့္လာမယ့္ရာသီအတြက္အသုံးစရိတ္ကန႔္သတ္ျခင္းခံထားရရာအသစ္ေခၚယူထားတဲ့ဒီေပး၊ဂါစီယာ၊အီမာဆင္ႏွင့္အဂြဲ႐ိုးတို႔အားကစားသမားမွတ္ပုံတင္ႏိုင္ျခင္းမရွိပါဘူး။တစ္ဖက္တြင္၎တို႔ဟာမက္ဆီကိုစာခ်ဳပ္ခ်ဳပ္ဆိုပါကလည္းကစားသမားမွတ္ပုံတင္ႏိုင္မွာမဟုတ္ပါဘူး။

မက္ဆီဟာဘာစီလိုနာမွာတစ္ပတ္လုပ္ခေပါင္၂သန္းေက်ာ္ရရွိခဲ့သူျဖစ္ၿပီးယခင္စာခ်ဳပ္အတြက္ေပါင္သန္း၅၀၀နီးပါးအထိရရွိခဲ့သူလည္းျဖစ္ပါတယ္။

တီဘက္စ္က “သူ႔အေနနဲ႔ယခင္စာခ်ဳပ္တုန္းကရပိုင္ခြင့္မ်ိဳးနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔လုံးဝမျဖစ္ႏိုင္ပါဘူး။ဥေရာပမွာရွိတဲ့ဘယ္ကလပ္ကမွလည္းယခင္သူ႔စာခ်ဳပ္တုန္းကပမာဏမ်ိဳးေပးႏိုင္မွာမဟုတ္ပါဘူး။မက္ဆီဆက္ရွိ/မရွိဆိုတာကြၽန္ေတာ့္အေပၚမမူတည္ပါဘူး။ဘာစီလိုနာအေပၚမွာဘဲမူတည္ပါတယ္။စပိန္မွာမက္ဆီဆက္ရွိႏိုင္ဖို႔အတြက္ဘာစီလိုနာေျဖရွင္းႏိုင္ဖို႔ေတာ့ေမွ်ာ္လင့္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ေႂကြးၿမီယူ႐ို၁ဘီလီယံေက်ာ္တင္ရွိေနတဲ့ဘာစီလိုနာဟာမက္ဆီကိုစာခ်ဳပ္သစ္ခ်ဳပ္ရန္အတြက္အသင္းရွိကစားသမားအမ်ားစုကိုေရာင္းခ်ျခင္း၊အငွားခ်ျခင္းတို႔ျပဳလုပ္သြားရပါဦးမယ္။

လက္ရွိအခ်ိန္တြင္၎တို႔ဟာကစားသမားငါးဦးအထိအသင္းမွထြက္ခြာေစျခင္း၊အငွားခ်ျခင္းတို႔ျပဳလုပ္ထားၿပီးျဖစ္ပါတယ္။