
လီယွန်နယ်မက်ဆီကိုခေါ်ယူရန်ဆော်ဒီကလပ်Al Hilal တစ်သင်းတည်းစိတ်ဝင်စားနေတာမဟုတ်ပါဘူး။အခြားဆော်ဒီကလပ်တစ်ခုဖြစ်တဲ့ Al lttihad ကလည်းခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။
ယခုအပတ်အစောပိုင်းတုန်းကထွက်ပေါ်ခဲ့တဲ့သတင်းအရ Al Hilal ဟာလီယွန်နယ်မက်ဆီကိုတစ်နှစ်လုပ်ခပေါင်၂၄၅သန်းအထိပေးပြီးကမ်းလှမ်းရန်စီစဉ်နေကြောင်းသိရပါတယ်။
ယခု Al lttihad ဟာ Al Hilal ထက်ပိုများတဲ့လုပ်ခကမ်းလှမ်းရန်အသင့်ရှိနေပါတယ်။ Marca ရဲ့ဖော်ပြချက်အရ Al lttihad ဟာမက်ဆီကိုတစ်နှစ်လုပ်ခပေါင်၃၀၆သန်းအထိပေးရန်အသင့်ရှိနေပါတယ်။
အဆိုပါပမာဏဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့Al Nassr တွင်ရရှိနေတဲ့တစ်နှစ်လုပ်ခပေါင်၁၇၅သန်းအထက်များစွာမြင့်မားနေပါတယ်။
ဒါပေမဲ့ယင်းကလပ်နှစ်ခုတို့ဟာဖီဖာရဲ့အရေးယူမှုနှင့်ရင်ဆိုင်နေရတဲ့ကလပ်များဖြစ်ကြပြီးလာမယ့်နွေရာသီအပြောင်းအရွှေ့အထိလီယွန်နယ်မက်ဆီကိုခေါ်ယူနိုင်မှာမဟုတ်ပါဘူး။
ဒါ့အပြင် Marca ကဆော်ဒီလိဂ်ကလပ်များဟာအခြားအသက်ကြီးနာမည်ကျော်စတားများဖြစ်ကြတဲ့အိန်ဂျယ်ဒီမာရီယာ၊ဆာဂျီယိုရာမို့စ်၊လူကာမိုဒရစ်တို့ကိုလည်းခေါ်ယူရန်စိတ်ဝင်စားနေကြောင်းသိရပါတယ်။
သီအိုရီအရလီယွန်နယ်မက်ဆီဟာရာသီအကုန်တွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။ဒါပေမဲ့အသက်၃၅နှစ်ရှိမက်ဆီဟာပီအက်စ်ဂျီနှင့် တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုလာမယ်လို့ယူဆရသူဖြစ်ပါတယ်။
တကယ်လို့များလီယွန်နယ်မက်ဆီသာ Al Hilal (သို့မဟုတ်) Al lttihad သို့ပြောင်းရွှေ့လာပါကတချိန်တုန်းကသူ့ရဲ့အကြီးမားဆုံးပြိုင်ဘက်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ရင်ဆိုင်လာရပါမယ်။
ZawGyi
မက္ဆီကို အျခားေဆာ္ဒီကလပ္တစ္ခုက တစ္ႏွစ္လုပ္ခေပါင္ ၃၀၆ သန္းအထိေပးရန္အသင့္ရွိေန
လီယြန္နယ္မက္ဆီကိုေခၚယူရန္ေဆာ္ဒီကလပ္Al Hilal တစ္သင္းတည္းစိတ္ဝင္စားေနတာမဟုတ္ပါဘူး။အျခားေဆာ္ဒီကလပ္တစ္ခုျဖစ္တဲ့ Al lttihad ကလည္းေခၚယူဖို႔စိတ္ဝင္စားေနပါတယ္။
ယခုအပတ္အေစာပိုင္းတုန္းကထြက္ေပၚခဲ့တဲ့သတင္းအရ Al Hilal ဟာလီယြန္နယ္မက္ဆီကိုတစ္ႏွစ္လုပ္ခေပါင္၂၄၅သန္းအထိေပးၿပီးကမ္းလွမ္းရန္စီစဥ္ေနေၾကာင္းသိရပါတယ္။
ယခု Al lttihad ဟာ Al Hilal ထက္ပိုမ်ားတဲ့လုပ္ခကမ္းလွမ္းရန္အသင့္ရွိေနပါတယ္။ Marca ရဲ႕ေဖာ္ျပခ်က္အရ Al lttihad ဟာမက္ဆီကိုတစ္ႏွစ္လုပ္ခေပါင္၃၀၆သန္းအထိေပးရန္အသင့္ရွိေနပါတယ္။
အဆိုပါပမာဏဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕Al Nassr တြင္ရရွိေနတဲ့တစ္ႏွစ္လုပ္ခေပါင္၁၇၅သန္းအထက္မ်ားစြာျမင့္မားေနပါတယ္။
ဒါေပမဲ့ယင္းကလပ္ႏွစ္ခုတို႔ဟာဖီဖာရဲ႕အေရးယူမႈႏွင့္ရင္ဆိုင္ေနရတဲ့ကလပ္မ်ားျဖစ္ၾကၿပီးလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕အထိလီယြန္နယ္မက္ဆီကိုေခၚယူႏိုင္မွာမဟုတ္ပါဘူး။
ဒါ့အျပင္ Marca ကေဆာ္ဒီလိဂ္ကလပ္မ်ားဟာအျခားအသက္ႀကီးနာမည္ေက်ာ္စတားမ်ားျဖစ္ၾကတဲ့အိန္ဂ်ယ္ဒီမာရီယာ၊ဆာဂ်ီယိုရာမို႔စ္၊လူကာမိုဒရစ္တို႔ကိုလည္းေခၚယူရန္စိတ္ဝင္စားေနေၾကာင္းသိရပါတယ္။
သီအိုရီအရလီယြန္နယ္မက္ဆီဟာရာသီအကုန္တြင္ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးပါမယ္။ဒါေပမဲ့အသက္၃၅ႏွစ္ရွိမက္ဆီဟာပီအက္စ္ဂ်ီႏွင့္ တစ္ႏွစ္သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုလာမယ္လို႔ယူဆရသူျဖစ္ပါတယ္။
တကယ္လို႔မ်ားလီယြန္နယ္မက္ဆီသာ Al Hilal (သို႔မဟုတ္) Al lttihad သို႔ေျပာင္းေ႐ႊ႕လာပါကတခ်ိန္တုန္းကသူ႔ရဲ႕အႀကီးမားဆုံးၿပိဳင္ဘက္ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ရင္ဆိုင္လာရပါမယ္။