မက်ဆီကို အရှက်မဲ့ သစ္စာဖောက်လို့ ဒေါသထွက်နေတဲ့ ဘာစီလိုနာပရိသတ်များ ဝေဖန်

ဘာစီလိုနာပရိသတ်များဟာအင်တာမီလန်နှင့်သရေကျကာချန်ပီယံလိဂ်မှထွက်ခွာရမယ့်အခြေအနေသို့ရောက်ရှိသွားပြီးနောက်လီယွန်နယ်မက်ဆီကိုအရှက်မရှိတဲ့သစ္စာဖောက်လို့ဝေဖန်လာကြပါတယ်။

ဘာစီလိုနာဟာကြားရက်တုန်းကနူးကမ့်တွင်အင်တာမီလန်နှင့်သုံးဂိုးစီသရေကျပြီးနောက် ချန်ပီယံလိဂ်အုပ်စုအဆင့်မှနှစ်နှစ်ဆက်ထွက်ခွာရမယ့်အခြေအနေမျိုးဆိုက်ရောက်နေပြီဖြစ်ပါတယ်။

မက်ဆီဟာဘာစီလိုနာနှင့်အင်တာမီလန်ပွဲအပြီးတွင်အင်တာနှင့်အာဂျင်တီးနားတိုက်စစ်မှူးလူသာရိုမာတီနက်ဇ်က “Heart, Personality, Humility and Forza Inter.”ဆိုပြီးရေးသားတင်ထားတဲ့ပို့စ်ကို Like လုပ်ခဲ့ပါတယ်။

ဒါကြောင့်လည်းဘာစီလိုနာပရိသတ်များဟာဘာစီလိုနာအသင်းချန်ပီယံလိဂ်မှထွက်ခွာရလုနီးပါးအခြေအနေသို့ရောက်နေတဲ့အချိန်မျိုးတွင်အင်တာမီလန်ကစားသမားတစ်ဦးတင်တဲ့ပို့စ်ကို မက်ဆီက Like လုပ်လာမှုအပေါ် မပျော်မရွှင်ဖြစ်နေကြပါတယ်။

ချက်ချင်းဆိုသလိုဘဲဘာစီလိုနာပရိသတ်များဟာ မာတီနက်ဇ်ရဲ့ပို့စ်ကို Like လုပ်ခဲ့တဲ့ Ballon d’Or ဆု ခုနှစ်ကြိမ်ဆုရမက်ဆီကိုပစ်မှတ်ထားလာကြပါတယ်။

ဘာစီလိုနာပရိသတ်တစ်ဦးက “မက်ဆီဟာသူ့ကိုဒီနေ့လိုအခြေအနေမျိုးရောက်အောင်လုပ်ခဲ့တဲ့ဘာစီလိုနာလိုကလပ်အတွက် ဘာမှစိတ်မကောင်းဖြစ်ဘူးဆိုတာသက်သေပြလာတဲ့နောက်ထပ်အရာတစ်ခုပေါ့။ပြီးရင်သူက ကလပ်ကိုဖျက်ပြီးအဝေးပြေးသွားတယ်။သူကအရှက်မရှိတဲ့သစ္စာဖောက်တစ်ယောက်ပဲ”လို့ဆိုသွားပါတယ်။

အခြားတစ်ဦးကလည်း “သူ့ကိုဘယ်တော့မှပြန်မကြိုဆိုဘူး”လို့ဆိုသွားပါတယ်။

မက်ဆီဟာအာဂျင်တီးနားတွင်အတူတွဲကစားနေတဲ့ကစားဖော်ဖြစ်တာကြောင့် မာတီနက်ဇ်ရဲ့ပို့စ်ကို Like လုပ်ခဲ့တာလို့ယူဆရပါတယ်။

ZawGyi

မက္ဆီကို အရွက္မဲ့ သစၥာေဖာက္လို႔ ေဒါသထြက္ေနတဲ့ ဘာစီလိုနာပရိသတ္မ်ား ေဝဖန္

ဘာစီလိုနာပရိသတ္မ်ားဟာအင္တာမီလန္ႏွင့္သေရက်ကာခ်န္ပီယံလိဂ္မွထြက္ခြာရမယ့္အေျခအေနသို႔ေရာက္ရွိသြားၿပီးေနာက္လီယြန္နယ္မက္ဆီကိုအရွက္မရွိတဲ့သစၥာေဖာက္လို႔ေဝဖန္လာၾကပါတယ္။

ဘာစီလိုနာဟာၾကားရက္တုန္းကႏူးကမ့္တြင္အင္တာမီလန္ႏွင့္သုံးဂိုးစီသေရက်ၿပီးေနာက္ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွႏွစ္ႏွစ္ဆက္ထြက္ခြာရမယ့္အေျခအေနမ်ိဳးဆိုက္ေရာက္ေနၿပီျဖစ္ပါတယ္။

မက္ဆီဟာဘာစီလိုနာႏွင့္အင္တာမီလန္ပြဲအၿပီးတြင္အင္တာႏွင့္အာဂ်င္တီးနားတိုက္စစ္မႉးလူသာ႐ိုမာတီနက္ဇ္က “Heart, Personality, Humility and Forza Inter.”ဆိုၿပီးေရးသားတင္ထားတဲ့ပို႔စ္ကို Like လုပ္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းဘာစီလိုနာပရိသတ္မ်ားဟာဘာစီလိုနာအသင္းခ်န္ပီယံလိဂ္မွထြက္ခြာရလုနီးပါးအေျခအေနသို႔ေရာက္ေနတဲ့အခ်ိန္မ်ိဳးတြင္အင္တာမီလန္ကစားသမားတစ္ဦးတင္တဲ့ပို႔စ္ကို မက္ဆီက Like လုပ္လာမႈအေပၚ မေပ်ာ္မ႐ႊင္ျဖစ္ေနၾကပါတယ္။

ခ်က္ခ်င္းဆိုသလိုဘဲဘာစီလိုနာပရိသတ္မ်ားဟာ မာတီနက္ဇ္ရဲ႕ပို႔စ္ကို Like လုပ္ခဲ့တဲ့ Ballon d’Or ဆု ခုႏွစ္ႀကိမ္ဆုရမက္ဆီကိုပစ္မွတ္ထားလာၾကပါတယ္။

ဘာစီလိုနာပရိသတ္တစ္ဦးက “မက္ဆီဟာသူ႔ကိုဒီေန႔လိုအေျခအေနမ်ိဳးေရာက္ေအာင္လုပ္ခဲ့တဲ့ဘာစီလိုနာလိုကလပ္အတြက္ ဘာမွစိတ္မေကာင္းျဖစ္ဘူးဆိုတာသက္ေသျပလာတဲ့ေနာက္ထပ္အရာတစ္ခုေပါ့။ၿပီးရင္သူက ကလပ္ကိုဖ်က္ၿပီးအေဝးေျပးသြားတယ္။သူကအရွက္မရွိတဲ့သစၥာေဖာက္တစ္ေယာက္ပဲ”လို႔ဆိုသြားပါတယ္။

အျခားတစ္ဦးကလည္း “သူ႔ကိုဘယ္ေတာ့မွျပန္မႀကိဳဆိုဘူး”လို႔ဆိုသြားပါတယ္။

မက္ဆီဟာအာဂ်င္တီးနားတြင္အတူတြဲကစားေနတဲ့ကစားေဖာ္ျဖစ္တာေၾကာင့္ မာတီနက္ဇ္ရဲ႕ပို႔စ္ကို Like လုပ္ခဲ့တာလို႔ယူဆရပါတယ္။