မက်ဆီကို Wall အောက်တွင် လဲစေမှုမှာ မလေးမစားလုပ်ခြင်းဟု ဝေဖန်နေကြ

လီယွန်နယ်မက်ဆီဟာမနေ့ညတုန်းကမန်စီးတီးနှင့်ရင်ဆိုင်ကစားရတဲ့ ပီအက်စ်ဂျီရဲ့ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် Wall အောက်တွင် လဲစေရန်တာဝန်ပေးခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့် BT Sport မှဘောလုံးဝေဖန်ရေးသမားများကယင်းသို့တာဝန်ပေးခြင်းမှာစူပါစတားကစားသမားကိုမလေးမစားလုပ်ခြင်းဖြစ်ကြောင်းဝေဖန်သွားကြပါတယ်။

အသက်၃၄နှစ်ရှိအာဂျင်တီးနားစူပါစတားဟာမနေ့ညတုန်းကမန်စီးတီးကို၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်သူ့ရဲ့ပထမဆုံးပီအက်စ်ဂျီကိုလည်းသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်သူဟာပွဲချိန်၉၁မိနစ်မှာပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်း ၂၅ကိုက်အကွာမှဖရီးကစ်ရခဲ့ပါတယ်။

အီတလီလက်ရွေးစင်ဂိုးသမားဒွန်နာရမ်မာကမန်စီးတီးစတားရီယက်ဇ်မရာ့ဇ်ရဲ့ဖရီးကစ်ကိုကာကွယ်ရန် Wall စီခဲ့ပါတယ်။ပီအက်စ်ဂျီတွင်တစ်ပတ်လုပ်ခပေါင်၈၈၄၀၀၀ရရှိနေတဲ့မက်ဆီမှာအောက်ဘောကိုကာကွယ်ရန်အတွက် Wall နောက်တွင်လဲလျောင်းခဲ့ရပါတယ်။

Wall အောက်တွင် ကစားသမားတစ်ဦးလဲလျောင်းစေခြင်းမှာအောက်ဘောကိုကာကွယ်ရန်နည်းစနစ်တစ်ခုဖြစ်ပါတယ်။မက်ဆီဟာပီအက်စ်ဂျီတွင်အရပ်အပုဆုံးကစားသမားများထဲမှတစ်ဦးဖြစ်ကြောင့်ယင်းသို့တာဝန်ပေးခြင်းခံပုံရပါတယ်။

ဒါပေမယ့်ရီယိုဖာဒီနန်နှင့်အိုဝင်ဟားဂရေ့ဗ်တို့က Ballon d’Or ဆုခြောက်ကြိမ်ရကစားသမားအားလဲလျောင်းစေခြင်းမှာမလေးမစားလုပ်ခြင်းလို့ဝေဖန်သွားပါတယ်။

ဟားဂရေ့ဗ်က “မယုံနိုင်စရာပါပဲဗျာ။သူကအကြီးကျယ်ဆုံးမဟုတ်ဘူးဆိုရင်တော့အကြီးကျယ်ဆုံးကစားသမားတွေထဲကတစ်ဦးပါ”လို့ပြောကြားသွားပါတယ်။

ရီယိုဖာဒီနန်ကလည်း “မော်ရီစီယိုပိုချက်တီနိုကလေ့ကျင့်ခန်းမှာအဲဒီလိုလုပ်ခိုင်းခဲ့တယ်ဆိုရင်တောင်တစ်ယောက်ယောက်လာပြီး လီယိုမက်ဆီကိုဒီလိုမလုပ်သင့်ဘူးဆိုပြီးတားရပါမယ်။ဒါမျိုးမလုပ်ရပါဘူး။ဒါကမလေးစားတာပါ။ကျုပ်သာအဲဒီအသင်းမှာပါတယ်ဆိုရင်ငါဘဲလဲမယ်ဆိုပြီးပြောပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

မက္ဆီကို Wall ေအာက္တြင္ လဲေစမႈမွာ မေလးမစားလုပ္ျခင္းဟု ေဝဖန္ေနၾက

လီယြန္နယ္မက္ဆီဟာမေန႔ညတုန္းကမန္စီးတီးႏွင့္ရင္ဆိုင္ကစားရတဲ့ ပီအက္စ္ဂ်ီရဲ႕ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္တြင္ Wall ေအာက္တြင္ လဲေစရန္တာဝန္ေပးျခင္းခံခဲ့ရပါတယ္။

ဒါေပမယ့္ BT Sport မွေဘာလုံးေဝဖန္ေရးသမားမ်ားကယင္းသို႔တာဝန္ေပးျခင္းမွာစူပါစတားကစားသမားကိုမေလးမစားလုပ္ျခင္းျဖစ္ေၾကာင္းေဝဖန္သြားၾကပါတယ္။

အသက္၃၄ႏွစ္ရွိအာဂ်င္တီးနားစူပါစတားဟာမေန႔ညတုန္းကမန္စီးတီးကို၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္သူ႔ရဲ႕ပထမဆုံးပီအက္စ္ဂ်ီကိုလည္းသြင္းယူႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္သူဟာပြဲခ်ိန္၉၁မိနစ္မွာပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးအသင္း ၂၅ကိုက္အကြာမွဖရီးကစ္ရခဲ့ပါတယ္။

အီတလီလက္ေ႐ြးစင္ဂိုးသမားဒြန္နာရမ္မာကမန္စီးတီးစတားရီယက္ဇ္မရာ့ဇ္ရဲ႕ဖရီးကစ္ကိုကာကြယ္ရန္ Wall စီခဲ့ပါတယ္။ပီအက္စ္ဂ်ီတြင္တစ္ပတ္လုပ္ခေပါင္၈၈၄၀၀၀ရရွိေနတဲ့မက္ဆီမွာေအာက္ေဘာကိုကာကြယ္ရန္အတြက္ Wall ေနာက္တြင္လဲေလ်ာင္းခဲ့ရပါတယ္။

Wall ေအာက္တြင္ ကစားသမားတစ္ဦးလဲေလ်ာင္းေစျခင္းမွာေအာက္ေဘာကိုကာကြယ္ရန္နည္းစနစ္တစ္ခုျဖစ္ပါတယ္။မက္ဆီဟာပီအက္စ္ဂ်ီတြင္အရပ္အပုဆုံးကစားသမားမ်ားထဲမွတစ္ဦးျဖစ္ေၾကာင့္ယင္းသို႔တာဝန္ေပးျခင္းခံပုံရပါတယ္။

ဒါေပမယ့္ရီယိုဖာဒီနန္ႏွင့္အိုဝင္ဟားဂေရ႕ဗ္တို႔က Ballon d’Or ဆုေျခာက္ႀကိမ္ရကစားသမားအားလဲေလ်ာင္းေစျခင္းမွာမေလးမစားလုပ္ျခင္းလို႔ေဝဖန္သြားပါတယ္။

ဟားဂေရ႕ဗ္က “မယုံႏိုင္စရာပါပဲဗ်ာ။သူကအႀကီးက်ယ္ဆုံးမဟုတ္ဘူးဆိုရင္ေတာ့အႀကီးက်ယ္ဆုံးကစားသမားေတြထဲကတစ္ဦးပါ”လို႔ေျပာၾကားသြားပါတယ္။

ရီယိုဖာဒီနန္ကလည္း “ေမာ္ရီစီယိုပိုခ်က္တီႏိုကေလ့က်င့္ခန္းမွာအဲဒီလိုလုပ္ခိုင္းခဲ့တယ္ဆိုရင္ေတာင္တစ္ေယာက္ေယာက္လာၿပီး လီယိုမက္ဆီကိုဒီလိုမလုပ္သင့္ဘူးဆိုၿပီးတားရပါမယ္။ဒါမ်ိဳးမလုပ္ရပါဘူး။ဒါကမေလးစားတာပါ။က်ဳပ္သာအဲဒီအသင္းမွာပါတယ္ဆိုရင္ငါဘဲလဲမယ္ဆိုၿပီးေျပာပါမယ္”လို႔ေျပာၾကားသြားပါတယ္။