မက်ဆီကြောင့် ဥပဒေအပြောင်းအလဲလုပ်သွားတော့မယ့် ပြင်သစ်လီဂူး၁

လီဂူး၁ဟာလီယွန်နယ်မက်ဆီအတွက်စည်းမျဉ်းတစ်ခုကိုအပြောင်းအလဲပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။

အသက်၃၄နှစ်ရှိလီယွန်နယ်မက်ဆီဟာပြီးခဲ့တဲ့အပတ်တုန်းက၂၁နှစ်ကြာကစားလာတဲ့ဘာစီလိုနာမှထွက်ခွာခဲ့သူဖြစ်ပါတယ်။သူဟာပီအက်စ်ဂျီအသင်းသို့တစ်နှစ်လုပ်ခယူရို၂၅သန်းတန်၂နှစ်စာချုပ်ဖြင့်ပြောင်းမယ်လို့သတင်းထွက်ခဲ့ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူးနေမာကဘာစီလိုနာကစားဖော်ဟောင်းအားသူဝတ်ဆင်နေတဲ့ကျောနံပါတ်၁၀ကိုဝတ်ဆင်ရန်မက်ဆီအားကမ်းလှမ်းခဲ့ပါတယ်။ဒါပေမယ့်မက်ဆီဟာသူငယ်ချင်းဖြစ်သူအားလေးစားသမှုရှိတဲ့အနေဖြင့်ကျောနံပါတ်၁၀ဝတ်ဆင်ရန်ကမ်းလှမ်းမှုကိုပယ်ချခဲ့ပါတယ်။

အစောပိုင်းတုန်းကမက်ဆီဟာပီအက်စ်ဂျီတွင်ကျောနံပါတ်၁၉ကိုဝတ်ဆင်မယ်လို့သတင်းထွက်ခဲ့ပါတယ်။

ဒါပေမယ့်ယနေ့မှာ Marca သတင်းစာရဲ့ဖော်ပြချက်အရမက်ဆီဟာပီအက်စ်ဂျီမှာကျောနံပါတ်၃၀ကိုဝတ်ဆင်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

မက်ဆီဟာဘာစီလိုနာကစားသမားဘဝအားကျောနံပါတ်၃၀ကိုဝတ်ဆင်ကာစတင်ခဲ့သူဖြစ်ပြီး၂၀၁၆ခုနှစ်တွင်ကျောနံပါတ်၁၉ကိုပြောင်းလဲဝတ်ဆင်ခဲ့ပါတယ်။ယင်းနောက်သူဟာနောက်နှစ်နှစ်အကြာမှာရော်နယ်ဒင်ဟိုထွက်ခွာသွားပြီးနောက်ကျောနံပါတ်၁၀အားဝတ်ဆင်ခဲ့ပါတယ်။

ဒါပေမယ့်မက်ဆီကပီအက်စ်ဂျီတွင်ကျောနံပါတ်၃၀အားဝတ်ဆင်ရန်ရွေးချယ်လာမှုနဲ့အတူပြင်သစ်လီဂူး၁ဟာလည်းစည်းမျဉ်းတစ်ခုကိုအပြောင်းအလဲပြုလုပ်ပေးရပါမယ်။

ပြင်သစ်လီဂူး၁ရဲ့ဥပဒေအရကျောနံပါတ်၁၊ကျောနံပါတ်၁၆နှင့်ကျောနံပါတ်၃၀တို့မှာအထူးသတ်မှတ်နံပါတ်များဖြစ်ပြီးဂိုးသမားများအတွက်ဖြစ်ပါတယ်။

ဒါကြောင့်လည်းအေစီမီလန်တုန်းကကျောနံပါတ်၉၉ကိုဝတ်ဆင်ခဲ့တဲ့ပီအက်စ်ဂျီဂိုးသမားဒွန်နာရမ်မာဟာပီအက်စ်ဂျီတွင်ကျောနံပါတ်၅၀ကိုရယူထားရပါတယ်။

ဒါ့အပြင်ဘာလော့တယ်လီဟာလည်းမာဆေးလ်သို့ပြောင်းရွှေ့စဉ်တုန်းကသူဝတ်ဆင်နေကြကျောနံပါတ်၄၅ကိုဝတ်ဆင်ခွင့်မရဘဲကျောနံပါတ်၉ကိုဝတ်ဆင်ခဲ့ရပါတယ်။

ZawGyi

မက္ဆီေၾကာင့္ ဥပေဒအေျပာင္းအလဲလုပ္သြားေတာ့မယ့္ ျပင္သစ္လီဂူး၁

လီဂူး၁ဟာလီယြန္နယ္မက္ဆီအတြက္စည္းမ်ဥ္းတစ္ခုကိုအေျပာင္းအလဲျပဳလုပ္ေပးသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

အသက္၃၄ႏွစ္ရွိလီယြန္နယ္မက္ဆီဟာၿပီးခဲ့တဲ့အပတ္တုန္းက၂၁ႏွစ္ၾကာကစားလာတဲ့ဘာစီလိုနာမွထြက္ခြာခဲ့သူျဖစ္ပါတယ္။သူဟာပီအက္စ္ဂ်ီအသင္းသို႔တစ္ႏွစ္လုပ္ခယူ႐ို၂၅သန္းတန္၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းမယ္လို႔သတင္းထြက္ခဲ့ပါတယ္။

ပီအက္စ္ဂ်ီတိုက္စစ္မႉးေနမာကဘာစီလိုနာကစားေဖာ္ေဟာင္းအားသူဝတ္ဆင္ေနတဲ့ေက်ာနံပါတ္၁၀ကိုဝတ္ဆင္ရန္မက္ဆီအားကမ္းလွမ္းခဲ့ပါတယ္။ဒါေပမယ့္မက္ဆီဟာသူငယ္ခ်င္းျဖစ္သူအားေလးစားသမႈရွိတဲ့အေနျဖင့္ေက်ာနံပါတ္၁၀ဝတ္ဆင္ရန္ကမ္းလွမ္းမႈကိုပယ္ခ်ခဲ့ပါတယ္။

အေစာပိုင္းတုန္းကမက္ဆီဟာပီအက္စ္ဂ်ီတြင္ေက်ာနံပါတ္၁၉ကိုဝတ္ဆင္မယ္လို႔သတင္းထြက္ခဲ့ပါတယ္။

ဒါေပမယ့္ယေန႔မွာ Marca သတင္းစာရဲ႕ေဖာ္ျပခ်က္အရမက္ဆီဟာပီအက္စ္ဂ်ီမွာေက်ာနံပါတ္၃၀ကိုဝတ္ဆင္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

မက္ဆီဟာဘာစီလိုနာကစားသမားဘဝအားေက်ာနံပါတ္၃၀ကိုဝတ္ဆင္ကာစတင္ခဲ့သူျဖစ္ၿပီး၂၀၁၆ခုႏွစ္တြင္ေက်ာနံပါတ္၁၉ကိုေျပာင္းလဲဝတ္ဆင္ခဲ့ပါတယ္။ယင္းေနာက္သူဟာေနာက္ႏွစ္ႏွစ္အၾကာမွာေရာ္နယ္ဒင္ဟိုထြက္ခြာသြားၿပီးေနာက္ေက်ာနံပါတ္၁၀အားဝတ္ဆင္ခဲ့ပါတယ္။

ဒါေပမယ့္မက္ဆီကပီအက္စ္ဂ်ီတြင္ေက်ာနံပါတ္၃၀အားဝတ္ဆင္ရန္ေ႐ြးခ်ယ္လာမႈနဲ႔အတူျပင္သစ္လီဂူး၁ဟာလည္းစည္းမ်ဥ္းတစ္ခုကိုအေျပာင္းအလဲျပဳလုပ္ေပးရပါမယ္။

ျပင္သစ္လီဂူး၁ရဲ႕ဥပေဒအရေက်ာနံပါတ္၁၊ေက်ာနံပါတ္၁၆ႏွင့္ေက်ာနံပါတ္၃၀တို႔မွာအထူးသတ္မွတ္နံပါတ္မ်ားျဖစ္ၿပီးဂိုးသမားမ်ားအတြက္ျဖစ္ပါတယ္။

ဒါေၾကာင့္လည္းေအစီမီလန္တုန္းကေက်ာနံပါတ္၉၉ကိုဝတ္ဆင္ခဲ့တဲ့ပီအက္စ္ဂ်ီဂိုးသမားဒြန္နာရမ္မာဟာပီအက္စ္ဂ်ီတြင္ေက်ာနံပါတ္၅၀ကိုရယူထားရပါတယ္။

ဒါ့အျပင္ဘာေလာ့တယ္လီဟာလည္းမာေဆးလ္သို႔ေျပာင္းေ႐ႊ႕စဥ္တုန္းကသူဝတ္ဆင္ေနၾကေက်ာနံပါတ္၄၅ကိုဝတ္ဆင္ခြင့္မရဘဲေက်ာနံပါတ္၉ကိုဝတ္ဆင္ခဲ့ရပါတယ္။