မက်ဆီခေတ်အလွန်တွင် ဘာစီလိုနာရဲ့GOAT သစ်ဖြစ်လာတဲ့ မာတင်ဘရစ်ဝေး

ဘောလုံးပရိသတ်များဟာရီးရဲလ်ဆိုစီဒက်အားအနိုင်ရရှိတဲ့ပွဲတွင်၂ဂိုးသွင်းယူနိုင်ခဲ့တဲ့မာတင်ဘရစ်ဝေးအားဘာစီလိုနာရဲ့ GOAT သစ်အဖြစ်ချီးကျူးလာကြပါတယ်။

စပိန်ထိပ်သီးဘာစီလိုနာဟာမကြာသေးမီတုန်းကအသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီကိုလက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။မက်ဆီဟာဘာစီလိုနာမှထွက်ခွာပြီးနောက်ရက်အနည်းငယ်အကြာတွင်ပီအက်စ်ဂျီသို့ပြောင်းရွှေ့ခဲ့ပါတယ်။

ထောင်ပေါင်းများစွာဘောလုံးပရိသတ်များဟာမက်ဆီထွက်ခွာသွားပြီးနောက်ဘာစီလိုနာရဲ့ပထမဆုံးလာလီဂါပွဲစဉ်ကိုစောင့်ကြည့်ခဲ့ကြပါတယ်။

ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းဟာမမ်ဖစ်ဒီပေး၊ဂရက်ဇ်မန်းတို့အားမာတင်ဘရစ်ဝေးနှင့်ပွဲထွက်ကာဆိုစီဒက်အားရင်ဆိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင်ပွဲအစ၁၉မိနစ်မှာပီကေးကဘာစီလိုနာအတွက်ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ပီကေးဟာမကြာသေးမီတုန်းကလုပ်ခများစွာလျှော့ယူပြီးကစားသမားသစ်များအားမှတ်ပုံတင်နိုင်အောင်ကူညီခဲ့သူလည်းဖြစ်ပါတယ်။

ယင်းနောက်မာတင်ဘရစ်ဝေးဟာပထမပိုင်းပြီးခါနီးမှာပါဝါခေါင်းတိုက်ချက်ဖြင့်ဘာစီလိုနာအတွက်ဒုတိယဂိုးကိုလည်းကောင်း၊ပွဲချိန်၅၉မိနစ်မှာသူ့ရဲ့ဒုတိယမြောက်ဂိုးကိုထပ်မံသွင်းယူခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာဆာဂျီရောဘတ်တိုကဘာစီလိုနာအတွက်စတုတ္ထဂိုးကိုသွင်းယူခဲ့ပါတယ်။ဆိုစီဒက်အတွက်ချေပဂိုးနှစ်ဂိုးကိုစီယန်ဖူဂို့စ်နှင့်အိုယာဇာဘယ်တို့ကသွင်းယူခဲ့ပါတယ်။

မာတင်ဘရစ်ဝေးဟာကိုယ်တိုင်၂ဂိုးသွင်းခဲ့တဲ့အပြင်ဆာဂျီရောဘတ်တိုဂိုးသွင်းနိုင်အောင်လည်းဖန်တီးပေးခဲ့ပါတယ်။

ဒါကြောင့်လည်းဘောလုံးပရိသတ်များဟာမက်ဆီခေတ်အလွန်တွင်မာတင်ဘရစ်ဝေးအားဘာစီလိုနာရဲ့GOAT သစ်ချီးကျူးနေကြတာဖြစ်ပါတယ်။

ဘရစ်ဝေးဟာ၂၀၂၀ခုနှစ်၊ဖေဖော်ဝါရီလတွင်လီဂါနက်စ်မှဘာစီလိုနာသို့မထင်မှတ်ဘဲ ရောက်လာခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာဟာဒဏ်ရာပြဿနာများရှိနေမှုကြောင့်ဘရစ်ဝေးကိုခေါ်ယူခဲ့ရတာပါ။

ဘာစီလိုနာဟာလာမယ့်စနေနေ့မှာဘီလ််ဘာအိုအားအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

မက္ဆီေခတ္အလြန္တြင္ ဘာစီလိုနာရဲ႕GOAT သစ္ျဖစ္လာတဲ့ မာတင္ဘရစ္ေဝး

ေဘာလုံးပရိသတ္မ်ားဟာရီးရဲလ္ဆိုစီဒက္အားအႏိုင္ရရွိတဲ့ပြဲတြင္၂ဂိုးသြင္းယူႏိုင္ခဲ့တဲ့မာတင္ဘရစ္ေဝးအားဘာစီလိုနာရဲ႕ GOAT သစ္အျဖစ္ခ်ီးက်ဴးလာၾကပါတယ္။

စပိန္ထိပ္သီးဘာစီလိုနာဟာမၾကာေသးမီတုန္းကအသင္းေခါင္းေဆာင္လီယြန္နယ္မက္ဆီကိုလက္လႊတ္ဆုံးရႈံးခဲ့ရပါတယ္။မက္ဆီဟာဘာစီလိုနာမွထြက္ခြာၿပီးေနာက္ရက္အနည္းငယ္အၾကာတြင္ပီအက္စ္ဂ်ီသို႔ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ေထာင္ေပါင္းမ်ားစြာေဘာလုံးပရိသတ္မ်ားဟာမက္ဆီထြက္ခြာသြားၿပီးေနာက္ဘာစီလိုနာရဲ႕ပထမဆုံးလာလီဂါပြဲစဥ္ကိုေစာင့္ၾကည့္ခဲ့ၾကပါတယ္။

ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းဟာမမ္ဖစ္ဒီေပး၊ဂရက္ဇ္မန္းတို႔အားမာတင္ဘရစ္ေဝးႏွင့္ပြဲထြက္ကာဆိုစီဒက္အားရင္ဆိုင္ခဲ့ပါတယ္။

အဆိုပါပြဲစဥ္တြင္ပြဲအစ၁၉မိနစ္မွာပီေကးကဘာစီလိုနာအတြက္ဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။ပီေကးဟာမၾကာေသးမီတုန္းကလုပ္ခမ်ားစြာေလွ်ာ့ယူၿပီးကစားသမားသစ္မ်ားအားမွတ္ပုံတင္ႏိုင္ေအာင္ကူညီခဲ့သူလည္းျဖစ္ပါတယ္။

ယင္းေနာက္မာတင္ဘရစ္ေဝးဟာပထမပိုင္းၿပီးခါနီးမွာပါဝါေခါင္းတိုက္ခ်က္ျဖင့္ဘာစီလိုနာအတြက္ဒုတိယဂိုးကိုလည္းေကာင္း၊ပြဲခ်ိန္၅၉မိနစ္မွာသူ႔ရဲ႕ဒုတိယေျမာက္ဂိုးကိုထပ္မံသြင္းယူခဲ့ပါတယ္။

နာက်င္အခ်ိန္ပိုမွာဆာဂ်ီေရာဘတ္တိုကဘာစီလိုနာအတြက္စတုတၳဂိုးကိုသြင္းယူခဲ့ပါတယ္။ဆိုစီဒက္အတြက္ေခ်ပဂိုးႏွစ္ဂိုးကိုစီယန္ဖူဂို႔စ္ႏွင့္အိုယာဇာဘယ္တို႔ကသြင္းယူခဲ့ပါတယ္။

မာတင္ဘရစ္ေဝးဟာကိုယ္တိုင္၂ဂိုးသြင္းခဲ့တဲ့အျပင္ဆာဂ်ီေရာဘတ္တိုဂိုးသြင္းႏိုင္ေအာင္လည္းဖန္တီးေပးခဲ့ပါတယ္။

ဒါေၾကာင့္လည္းေဘာလုံးပရိသတ္မ်ားဟာမက္ဆီေခတ္အလြန္တြင္မာတင္ဘရစ္ေဝးအားဘာစီလိုနာရဲ႕GOAT သစ္ခ်ီးက်ဴးေနၾကတာျဖစ္ပါတယ္။

ဘရစ္ေဝးဟာ၂၀၂၀ခုႏွစ္၊ေဖေဖာ္ဝါရီလတြင္လီဂါနက္စ္မွဘာစီလိုနာသို႔မထင္မွတ္ဘဲ ေရာက္လာခဲ့တာျဖစ္ပါတယ္။ဘာစီလိုနာဟာဒဏ္ရာျပႆနာမ်ားရွိေနမႈေၾကာင့္ဘရစ္ေဝးကိုေခၚယူခဲ့ရတာပါ။

ဘာစီလိုနာဟာလာမယ့္စေနေန႔မွာဘီလ္္ဘာအိုအားအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ကစားရပါမယ္။