မက်ဆီခေတ်အလွန် ဘာစီလိုနာမှာ ဘယ်သူ့အင်္ကျီကရောင်းအား အကောင်းဆုံးလဲ?

လီယွန်နယ်မက်ဆီခေတ်အလွန်တွင်ဘာစီလိုနာရဲ့ရောင်းအားအကောင်းဆုံးအင်္ကျီအဖြစ်မမ်ဖစ်ဒီပေးရဲ့အင်္ကျီကရပ်တည်နေကြောင်းသိရပါတယ်။

နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ဘာစီလိုနာသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာတဲ့နယ်သာလန်လက်ရွေးစင်ဟာဘာစီလိုနာရဲ့ရောင်းအားအကောင်းဆုံးအင်္ကျီအဖြစ်ရပ်တည်နေပြီးသူ့နောက်တွင်ဖရန့်ကီဒီဂျောင်နှင့်အန်ဆူးဖာတီတို့ရဲ့အင်္ကျီတို့ကရပ်တည်နေပါတယ်။

ဒီပေးကဇွန်လတုန်းကမှဘာစီလိုနာသို့ရောက်လာခဲ့ခြင်းဖြစ်ပေမယ့်လည်းကလပ်အတွက်ကစားတဲ့ပထမဆုံးလေးပွဲတွင်နှစ်ဂိုးသွင်းကာခြေစွမ်းပြနိုင်မှုနဲ့အတူဘာစီလိုနာပရိသတ်များအကြားရေပန်းစားတဲ့ကစားသမားဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လက်ရှိအချိန်တွင်ဘာစီလိုနာရဲ့ရောင်းအားအကောင်းဆုံးအင်္ကျီကတော့ လီယွန်နယ်မက်ဆီအမည်ပါကျောနံပါတ်၁၀အင်္ကျီကရပ်တည်နေဆဲဖြစ်ပါတယ်။မက်ဆီရဲ့အင်္ကျီရောင်းအားကဘာစီလိုနာအင်္ကျီရောင်းအားအားလုံးရဲ့၈၀ရာခိုင်နှုန်းအထိရှိနေပြီး ယူရိုသန်း၂၀မှသန်း၃၀အတွင်းရှာဖွေပေးထားဆဲဖြစ်ပါတယ်။

အင်္ကျီအမျိုးအစားအလိုက်ရောင်းအားအကောင်းဆုံးဘာစီလိုနာအင်္ကျီအဖြစ်လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကမှကြေညာရောင်းချခဲ့တဲ့တတိယဝတ်စုံကရပ်တည်နေပါတယ်။

ချန်ပီယံလိဂ်ဖလားငါးကြိမ်ရဘာစီလိုနာဟာလီယွန်နယ်မက်ဆီထွက်ခွာသွားပြီးနောက် ကွင်းတွင်းကွင်းပြင်မှာရုန်းကန်နေရပြီးချန်ပီယံလိဂ်တွင်ဘိုင်ယန်မြူးနစ်ကိုအိမ်ကွင်းမှာရှုံးနိမ့်ထားသလို လာလီဂါတွင်လည်းအမှတ်ပေးဇယားအဆင့်၈နေရာတွင်ရပ်တည်နေပါတယ်။

ZawGyi

မက္ဆီေခတ္အလြန္ ဘာစီလိုနာမွာ ဘယ္သူ႔အက်ႌကေရာင္းအား အေကာင္းဆုံးလဲ?

လီယြန္နယ္မက္ဆီေခတ္အလြန္တြင္ဘာစီလိုနာရဲ႕ေရာင္းအားအေကာင္းဆုံးအက်ႌအျဖစ္မမ္ဖစ္ဒီေပးရဲ႕အက်ႌကရပ္တည္ေနေၾကာင္းသိရပါတယ္။

ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဘာစီလိုနာသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေရာက္လာတဲ့နယ္သာလန္လက္ေ႐ြးစင္ဟာဘာစီလိုနာရဲ႕ေရာင္းအားအေကာင္းဆုံးအက်ႌအျဖစ္ရပ္တည္ေနၿပီးသူ႔ေနာက္တြင္ဖရန႔္ကီဒီေဂ်ာင္ႏွင့္အန္ဆူးဖာတီတို႔ရဲ႕အက်ႌတို႔ကရပ္တည္ေနပါတယ္။

ဒီေပးကဇြန္လတုန္းကမွဘာစီလိုနာသို႔ေရာက္လာခဲ့ျခင္းျဖစ္ေပမယ့္လည္းကလပ္အတြက္ကစားတဲ့ပထမဆုံးေလးပြဲတြင္ႏွစ္ဂိုးသြင္းကာေျခစြမ္းျပႏိုင္မႈနဲ႔အတူဘာစီလိုနာပရိသတ္မ်ားအၾကားေရပန္းစားတဲ့ကစားသမားျဖစ္လာခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္လက္ရွိအခ်ိန္တြင္ဘာစီလိုနာရဲ႕ေရာင္းအားအေကာင္းဆုံးအက်ႌကေတာ့ လီယြန္နယ္မက္ဆီအမည္ပါေက်ာနံပါတ္၁၀အက်ႌကရပ္တည္ေနဆဲျဖစ္ပါတယ္။မက္ဆီရဲ႕အက်ႌေရာင္းအားကဘာစီလိုနာအက်ႌေရာင္းအားအားလုံးရဲ႕၈၀ရာခိုင္ႏႈန္းအထိရွိေနၿပီး ယူ႐ိုသန္း၂၀မွသန္း၃၀အတြင္းရွာေဖြေပးထားဆဲျဖစ္ပါတယ္။

အက်ႌအမ်ိဳးအစားအလိုက္ေရာင္းအားအေကာင္းဆုံးဘာစီလိုနာအက်ႌအျဖစ္လြန္ခဲ့တဲ့ရက္သတၱပတ္အနည္းငယ္ကမွေၾကညာေရာင္းခ်ခဲ့တဲ့တတိယဝတ္စုံကရပ္တည္ေနပါတယ္။

ခ်န္ပီယံလိဂ္ဖလားငါးႀကိမ္ရဘာစီလိုနာဟာလီယြန္နယ္မက္ဆီထြက္ခြာသြားၿပီးေနာက္ ကြင္းတြင္းကြင္းျပင္မွာ႐ုန္းကန္ေနရၿပီးခ်န္ပီယံလိဂ္တြင္ဘိုင္ယန္ျမဴးနစ္ကိုအိမ္ကြင္းမွာရႈံးနိမ့္ထားသလို လာလီဂါတြင္လည္းအမွတ္ေပးဇယားအဆင့္၈ေနရာတြင္ရပ္တည္ေနပါတယ္။