မက်ဆီတက်တူးကို မျက်နှာတွင် ထိုးပြီး နှစ်ပတ်အကြာမှာ အကြီးအကျယ်နောင်တရနေတဲ့ မက်ဆီပရိသတ်

လီယွန်နယ်မက်ဆီပရိသတ်တစ်ဦးဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အာဂျင်တီးနားချန်ပီယံဖြစ်ပြီးနောက်သူ့မျက်နှာတွင်မက်ဆီရဲ့အမည်ကိုတက်တူးထိုးပြီးတဲ့နောက် အကြီးအကျယ်နောင်တရလျက်ရှိနေပါတယ်။

ကိုလံဘီယာinfluencerမိုင်ကိုလ်ကွီနိုနက်ဇ်ဟာသူ့နဖူးတွင် Messi ဆိုတဲ့စာသားကိုတက်တူးထိုးပြီး ဆိုရှယ်မီဒီယာတွင်ပို့စ်တင်ကာတစ်ကမ္ဘာလုံးကိုအံ့ဩသင့်အောင်ပြုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမဲ့အခု ယင်းတက်တူးထိုးပြီးနှစ်ပတ်အကြာမှာတော့မိုက်ဂျမ်အဖြစ်လူသိများတဲ့ယင်းinfluencer ဟာယင်းတက်တူးကိုအလွန်မုန်းတီးနေပြီဖြစ်ပါတယ်။

ယင်းရယ်စရာကောင်းတဲ့တက်တူးကိုထိုးပြီးတဲ့နောက်၎င်းက “စိန်ခေါ်မှုကိုဖြည့်လိုက်ပြီ။မင်းကိုချစ်တယ်လီယိုမက်ဆီ”ဆိုပြီးဂုဏ်ယူဝင့်ကြွားစွာ ပို့စ်တင်ခဲ့ပါသေးတယ်။

ဒါ့အပြင်သူဟာဘယ်ဖက်ပါးမှာအာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားသုံးကြိမ်ရရှိမှုကိုဂုဏ်ပြုတဲ့အနေဖြင့်ကြယ်သုံးပွင့်ထိုးထားသလိုညာဖက်ပါးမှာလည်းD10s ဆိုပြီးတော့လည်းထိုးခဲ့ပါသေးတယ်။Dကစပိန်ဘာသာနဲ့ဆို Godလို့အဓိပ္ပါယ်ရပြီး 10 ကတော့မက်ဆီရဲ့ကျောနံပါတ်ကိုရည်ရွယ်တာပါ။

သူဟာယင်းတက်တူးကြောင့်ပရိသတ်များရဲ့အကြီးအကျယ်လှောင်ပြောင်ခြင်းခံနေရပါတယ်။သူဟာအင်စတာဂရမ်တွင် Follower ၁၄၃၀၀၀ ကျော်ရှိသူလည်းဖြစ်ပါတယ်။

ယခုအခါမှာတော့သူဟာအကြီးအကျယ်လှောင်ပြောင်ခြင်းခံလာရပြီးတဲ့နောက် ယင်းတက်တူးများကိုမုန်းတီးနေပြီဖြစ်ပါတယ်။

၎င်းက”ကျွန်တော့်အတွက်အပြုသဘောမဆောင်ဘဲအနုတ်လက္ခဏာတွေချည်းပြနေတော့ဒီတက်တူးကိုနောင်တရနေပါတယ်။ပုဂ္ဂိုလ်ရေးပိုင်ရောမိသားစုအရပါနစ်နာနေတယ်။ပထမရက်တွေမှာကျွန်တော်ဂုဏ်ယူမိတယ်။သူတို့ကကျွန်တော့်ကိုလူ့ပတ်ဝန်းကျင်မှာစံနမူနာယူသင့်တဲ့သူမဟုတ်ဘူးလို့ဆိုကြတယ်။ကိုယ့်ပြောတဲ့စကားကိုအထူးသတိထားရပါမယ်။ဆိုရှယ်မီဒီယာမှာကိုယ်လုပ်လိုက်တဲ့အရာကအခြားသူကိုဖျက်ဆီးသလိုဖြစ်နေတာ မသိကြပါဘူး။အခြားတစ်ယောက်ရဲ့ဘဝကိုဘယ်လိုဖျက်ဆီးနိုင်တယ်ဆိုတာ မသိကြပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

မက္ဆီတက္တူးကို မ်က္ႏွာတြင္ ထိုးၿပီး ႏွစ္ပတ္အၾကာမွာ အႀကီးအက်ယ္ေနာင္တရေနတဲ့ မက္ဆီပရိသတ္

လီယြန္နယ္မက္ဆီပရိသတ္တစ္ဦးဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အာဂ်င္တီးနားခ်န္ပီယံျဖစ္ၿပီးေနာက္သူ႔မ်က္ႏွာတြင္မက္ဆီရဲ႕အမည္ကိုတက္တူးထိုးၿပီးတဲ့ေနာက္ အႀကီးအက်ယ္ေနာင္တရလ်က္ရွိေနပါတယ္။

ကိုလံဘီယာinfluencerမိုင္ကိုလ္ကြီႏိုနက္ဇ္ဟာသူ႔နဖူးတြင္ Messi ဆိုတဲ့စာသားကိုတက္တူးထိုးၿပီး ဆိုရွယ္မီဒီယာတြင္ပို႔စ္တင္ကာတစ္ကမာၻလုံးကိုအံ့ဩသင့္ေအာင္ျပဳလုပ္ခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမဲ့အခု ယင္းတက္တူးထိုးၿပီးႏွစ္ပတ္အၾကာမွာေတာ့မိုက္ဂ်မ္အျဖစ္လူသိမ်ားတဲ့ယင္းinfluencer ဟာယင္းတက္တူးကိုအလြန္မုန္းတီးေနၿပီျဖစ္ပါတယ္။

ယင္းရယ္စရာေကာင္းတဲ့တက္တူးကိုထိုးၿပီးတဲ့ေနာက္၎က “စိန္ေခၚမႈကိုျဖည့္လိုက္ၿပီ။မင္းကိုခ်စ္တယ္လီယိုမက္ဆီ”ဆိုၿပီးဂုဏ္ယူဝင့္ႂကြားစြာ ပို႔စ္တင္ခဲ့ပါေသးတယ္။

ဒါ့အျပင္သူဟာဘယ္ဖက္ပါးမွာအာဂ်င္တီးနားရဲ႕ကမာၻ႔ဖလားသုံးႀကိမ္ရရွိမႈကိုဂုဏ္ျပဳတဲ့အေနျဖင့္ၾကယ္သုံးပြင့္ထိုးထားသလိုညာဖက္ပါးမွာလည္းD10s ဆိုၿပီးေတာ့လည္းထိုးခဲ့ပါေသးတယ္။Dကစပိန္ဘာသာနဲ႔ဆို Godလို႔အဓိပၸါယ္ရၿပီး 10 ကေတာ့မက္ဆီရဲ႕ေက်ာနံပါတ္ကိုရည္႐ြယ္တာပါ။

သူဟာယင္းတက္တူးေၾကာင့္ပရိသတ္မ်ားရဲ႕အႀကီးအက်ယ္ေလွာင္ေျပာင္ျခင္းခံေနရပါတယ္။သူဟာအင္စတာဂရမ္တြင္ Follower ၁၄၃၀၀၀ ေက်ာ္ရွိသူလည္းျဖစ္ပါတယ္။

ယခုအခါမွာေတာ့သူဟာအႀကီးအက်ယ္ေလွာင္ေျပာင္ျခင္းခံလာရၿပီးတဲ့ေနာက္ ယင္းတက္တူးမ်ားကိုမုန္းတီးေနၿပီျဖစ္ပါတယ္။

၎က”ကြၽန္ေတာ့္အတြက္အျပဳသေဘာမေဆာင္ဘဲအႏုတ္လကၡဏာေတြခ်ည္းျပေနေတာ့ဒီတက္တူးကိုေနာင္တရေနပါတယ္။ပုဂၢိဳလ္ေရးပိုင္ေရာမိသားစုအရပါနစ္နာေနတယ္။ပထမရက္ေတြမွာကြၽန္ေတာ္ဂုဏ္ယူမိတယ္။သူတို႔ကကြၽန္ေတာ့္ကိုလူ႔ပတ္ဝန္းက်င္မွာစံနမူနာယူသင့္တဲ့သူမဟုတ္ဘူးလို႔ဆိုၾကတယ္။ကိုယ့္ေျပာတဲ့စကားကိုအထူးသတိထားရပါမယ္။ဆိုရွယ္မီဒီယာမွာကိုယ္လုပ္လိုက္တဲ့အရာကအျခားသူကိုဖ်က္ဆီးသလိုျဖစ္ေနတာ မသိၾကပါဘူး။အျခားတစ္ေယာက္ရဲ႕ဘဝကိုဘယ္လိုဖ်က္ဆီးႏိုင္တယ္ဆိုတာ မသိၾကပါဘူး”လို႔ေျပာၾကားသြားပါတယ္။