မက်ဆီထွက်ခွာပြီး ရက်အနည်းငယ်အကြာတွင် ဆာဂျီယိုအဂွဲရိုးကို ဆုံးရှုံးလိုက်ရပြန်တဲ့ဘာစီလိုနာ

ဘာစီလိုနာအတွက်အဆိုးတွေချည်းရောက်လာတဲ့ကာလတစ်ခုလို့ဆိုရပါမယ်။ဘာစီလိုနာဟာမက်ဆီကိုလက်လွှတ်ဆုံးရှုံးရပြီးရက်အနည်းငယ်အကြာမှာဘဲဆာဂျီယိုအဂွဲရိုးကိုလည်းထပ်မံဆုံးရှုံးလိုက်ရပြန်ပြီဖြစ်ပါတယ်။

ဆာဂျီယိုအဂွဲရိုးဟာပြီးခဲ့တဲ့မေလတုန်းကမန်စီးတီးမှဘာစီလိုနာသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာခဲ့သူဖြစ်ပါတယ်။

အဂွဲရိုးဟာအာဂျင်တီးနားကစားဖော်လီယွန်နယ်မက်ဆီနှင့်အတူတွဲကစားခွင့်ရရှိမယ့်မျှော်လင့်ချက်ဖြင့်ဘာစီလိုနာသို့ပြောင်းခဲ့တဲ့သူပါ။သူဟာမက်ဆီနှင့်ကစားခွင့်ရရန်မန်စီးတီးတွင်ရခဲ့တဲ့လုပ်ခရဲ့၇၅ရာခိုင်နှုန်းအထိလျှော့ယူကာဘာစီလိုနာသို့ပြောင်းခဲ့တာပါ။

ဒါပေမယ့်ဆာဂျီယိုအဂွဲရိုးဟာဘာစီလိုနာအတွက်တစ်ပွဲမျှကစားရသေးခြင်းမရှိခင်မှာဘဲညာဖက်ခြေသလုံးဒဏ်ရာကြောင့်အနည်းဆုံး၁၀ပတ်ကြာအနားယူရတော့မှာဖြစ်ပါတယ်။အာဂျင်တီးနားတိုက်စစ်မှူးဟာနိုဝင်ဘာလအထိဘာစီလိုနာအတွက်ကစားနိုင်တော့မဟုတ်ပါဘူး။

ZawGyi

မက္ဆီထြက္ခြာၿပီး ရက္အနည္းငယ္အၾကာတြင္ ဆာဂ်ီယိုအဂြဲ႐ိုးကို ဆုံးရႈံးလိုက္ရျပန္တဲ့ဘာစီလိုနာ

ဘာစီလိုနာအတြက္အဆိုးေတြခ်ည္းေရာက္လာတဲ့ကာလတစ္ခုလို႔ဆိုရပါမယ္။ဘာစီလိုနာဟာမက္ဆီကိုလက္လႊတ္ဆုံးရႈံးရၿပီးရက္အနည္းငယ္အၾကာမွာဘဲဆာဂ်ီယိုအဂြဲ႐ိုးကိုလည္းထပ္မံဆုံးရႈံးလိုက္ရျပန္ၿပီျဖစ္ပါတယ္။

ဆာဂ်ီယိုအဂြဲ႐ိုးဟာၿပီးခဲ့တဲ့ေမလတုန္းကမန္စီးတီးမွဘာစီလိုနာသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေရာက္လာခဲ့သူျဖစ္ပါတယ္။

အဂြဲ႐ိုးဟာအာဂ်င္တီးနားကစားေဖာ္လီယြန္နယ္မက္ဆီႏွင့္အတူတြဲကစားခြင့္ရရွိမယ့္ေမွ်ာ္လင့္ခ်က္ျဖင့္ဘာစီလိုနာသို႔ေျပာင္းခဲ့တဲ့သူပါ။သူဟာမက္ဆီႏွင့္ကစားခြင့္ရရန္မန္စီးတီးတြင္ရခဲ့တဲ့လုပ္ခရဲ႕၇၅ရာခိုင္ႏႈန္းအထိေလွ်ာ့ယူကာဘာစီလိုနာသို႔ေျပာင္းခဲ့တာပါ။

ဒါေပမယ့္ဆာဂ်ီယိုအဂြဲ႐ိုးဟာဘာစီလိုနာအတြက္တစ္ပြဲမွ်ကစားရေသးျခင္းမရွိခင္မွာဘဲညာဖက္ေျခသလုံးဒဏ္ရာေၾကာင့္အနည္းဆုံး၁၀ပတ္ၾကာအနားယူရေတာ့မွာျဖစ္ပါတယ္။အာဂ်င္တီးနားတိုက္စစ္မႉးဟာႏိုဝင္ဘာလအထိဘာစီလိုနာအတြက္ကစားႏိုင္ေတာ့မဟုတ္ပါဘူး။