မက်ဆီထွက်ခွာမှုနဲ့အတူ ငွေ သန်းပေါင်းများစွာ နစ်နာဆုံးရှုံးလာတော့မယ့် ဘာစီလိုနာ

ဘာစီလိုနာဟာလီယွန်နယ်မက်ဆီနှင့်လမ်းခွဲလိုက်ရမှုနဲ့အတူ ဘောလုံးသမိုင်းတွင်အကောင်းဆုံးကစားသမားတစ်ဦးကိုဆုံးရှုံးရရုံသာမကငွေကြေးပိုင်းတွင်လည်းသန်းပေါင်းများစွာဆုံးရှုံးနစ်နာတော့မှာဖြစ်ပါတယ်။

မက်ဆီဟာလုပ်ခ၅၀ရာခိုင်နှုန်းအထိလျှော့ယူကာစာချုပ်သစ်ချုပ်ဆိုရန်အဆင်သင့်ဖြစ်နေခဲ့ပေမယ့်လည်းဘာစီလိုနာဘက်ကဘဏ္ဍာရေးပြဿနာကြောင့်ကစားသမားမှတ်ပုံတင်နိုင်မှာမဟုတ်ပါဘူး။ယခုအခါလီယွန်နယ်မက်ဆီဟာပီအက်စ်ဂျီသို့၂နှစ်စာချုပ်ဖြင့်ပြောင်းလုနီးပါးဖြစ်နေပြီဖြစ်ပါတယ်။

ဘာစီလိုနာဟာငွေကြေးပိုင်းပြဿနာကြောင့်လီယွန်နယ်မက်ဆီအားဆုံးရှုံးရတာဖြစ်သလိုဆုံးရှုံးလိုက်ရတဲ့အချိန်မှာလည်းနောက်ထပ်ငွေကြေးသန်းပေါင်းများစွာနစ်နာဆုံးရှုံးလာဦးမှာဖြစ်ပါတယ်။

Brand Finance ကဘာစီလိုနာဟာလီယွန်နယ်မက်ဆီအားဆုံးရှုံးရမှုနဲ့အတူအမှတ်တံဆိပ်တန်ဖိုးယူရို၁၃၇သန်းအထိလျှော့ကျလာကြောင်းဖော်ပြလာပါတယ်။

ဒါ့အပြင်ဘာစီလိုနာဟာနျူးကမ့်သို့မက်ဆီအားလာရောက်ကြည့်ရှုရန်တစ်ကမ္ဘာလုံးမှပရိသတ်များကိုဆုံးရှုံးရတော့မှာဖြစ်လို့ပွဲကြည့်လက်မှတ်ရောင်းချရမှုမှယူရို၁၇သန်းအထိနစ်နာလာပါမယ်။

တစ်ဖက်တွင်ဘာစီလိုနာဟာအင်္ကျီရောင်းအားလျှော့ကျလာမှာဦးမှာဖြစ်လို့အင်္ကျီရောင်းချရမှုမှဝင်ငွေယူရို၄၃သန်းထိနစ်နာလာပါမယ်။

တစ်ဖက်တွင်မက်ဆီပြောင်းရွှေ့လာမယ့်ပီအက်စ်ဂျီကတော့မက်ဆီရဲ့အင်္ကျီရောင်းအားမြင့်မားလာဦးမှာဖြစ်ပါတယ်။မက်ဆီဟာပီအက်စ်ဂျီမှာကျောနံပါတ်၁၉(သို့မဟုတ်)ကျောနံပါတ်၃၀ကိုဝတ်ဆင်သွားဖို့ရှိပါတယ်။

ဘာစီလိုနာဟာမက်ဆီမရှိတော့မှုကြောင့်စပွန်ဆာနှင့်ကော်မာရှယ်တို့အားဆွဲဆောင်နိုင်မှုပိုင်း လျှော့ကျလာကာကလပ်ရဲ့ဝင်ငွေယူရို၇၇သန်းအထိနစ်နာလာပါဦးမယ်။

ရီးရဲလ်မက်ဒရစ်ဟာလည်း၂၀၁၈ခုနှစ်တုန်းကခရစ္စတီယာနိုရော်နယ်ဒိုဟာဂျူဗင်တပ်သို့ယူရိုသန်း၁၀၀ဖြင့်ရောင်းချတုန်းကကလပ်ရဲ့အမှတ်တံဆိပ်တန်ဖိုး၁၈ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ဖူးပါတယ်။

ပီအက်စ်ဂျီကတော့မက်ဆီအားခေါ်ယူနိုင်မှုနှင့်အတူပရိသတ်များစွာတို့ကိုဆွဲဆောင်လာနိုင်မယ့်အပြင်စပွန်ဆာ၊ကော်မရှင်များကိုလည်းများစွာဆွဲဆောင်လာနိုင်ပါမယ်။

 

ပီအက်စ်ဂျီဟာမက်ဆီကိုစာချုပ်ချုပ်ဆိုကြေးများစွာပေးရမယ့်အပြင်တစ်နှစ်လုပ်ခယူရို၂၅သန်းဖြင့်စာချုပ်ချုပ်ဆိုရမယ်ဆိုပေမယ့်ကလပ်ရဲ့ဝင်ငွေနှင့်ဂုဏ်သိက္ခာပိုင်းများစွာမြင့်မားလာတော့မှာဖြစ်ပါတယ်။

ZawGyi

မက္ဆီထြက္ခြာမႈနဲ႔အတူ ေငြ သန္းေပါင္းမ်ားစြာ နစ္နာဆုံးရႈံးလာေတာ့မယ့္ ဘာစီလိုနာ

ဘာစီလိုနာဟာလီယြန္နယ္မက္ဆီႏွင့္လမ္းခြဲလိုက္ရမႈနဲ႔အတူ ေဘာလုံးသမိုင္းတြင္အေကာင္းဆုံးကစားသမားတစ္ဦးကိုဆုံးရႈံးရ႐ုံသာမကေငြေၾကးပိုင္းတြင္လည္းသန္းေပါင္းမ်ားစြာဆုံးရႈံးနစ္နာေတာ့မွာျဖစ္ပါတယ္။

မက္ဆီဟာလုပ္ခ၅၀ရာခိုင္ႏႈန္းအထိေလွ်ာ့ယူကာစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အဆင္သင့္ျဖစ္ေနခဲ့ေပမယ့္လည္းဘာစီလိုနာဘက္ကဘ႑ာေရးျပႆနာေၾကာင့္ကစားသမားမွတ္ပုံတင္ႏိုင္မွာမဟုတ္ပါဘူး။ယခုအခါလီယြန္နယ္မက္ဆီဟာပီအက္စ္ဂ်ီသို႔၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းလုနီးပါးျဖစ္ေနၿပီျဖစ္ပါတယ္။

ဘာစီလိုနာဟာေငြေၾကးပိုင္းျပႆနာေၾကာင့္လီယြန္နယ္မက္ဆီအားဆုံးရႈံးရတာျဖစ္သလိုဆုံးရႈံးလိုက္ရတဲ့အခ်ိန္မွာလည္းေနာက္ထပ္ေငြေၾကးသန္းေပါင္းမ်ားစြာနစ္နာဆုံးရႈံးလာဦးမွာျဖစ္ပါတယ္။

Brand Finance ကဘာစီလိုနာဟာလီယြန္နယ္မက္ဆီအားဆုံးရႈံးရမႈနဲ႔အတူအမွတ္တံဆိပ္တန္ဖိုးယူ႐ို၁၃၇သန္းအထိေလွ်ာ့က်လာေၾကာင္းေဖာ္ျပလာပါတယ္။

ဒါ့အျပင္ဘာစီလိုနာဟာန်ဴးကမ့္သို႔မက္ဆီအားလာေရာက္ၾကည့္ရႈရန္တစ္ကမာၻလုံးမွပရိသတ္မ်ားကိုဆုံးရႈံးရေတာ့မွာျဖစ္လို႔ပြဲၾကည့္လက္မွတ္ေရာင္းခ်ရမႈမွယူ႐ို၁၇သန္းအထိနစ္နာလာပါမယ္။

တစ္ဖက္တြင္ဘာစီလိုနာဟာအက်ႌေရာင္းအားေလွ်ာ့က်လာမွာဦးမွာျဖစ္လို႔အက်ႌေရာင္းခ်ရမႈမွဝင္ေငြယူ႐ို၄၃သန္းထိနစ္နာလာပါမယ္။

တစ္ဖက္တြင္မက္ဆီေျပာင္းေ႐ႊ႕လာမယ့္ပီအက္စ္ဂ်ီကေတာ့မက္ဆီရဲ႕အက်ႌေရာင္းအားျမင့္မားလာဦးမွာျဖစ္ပါတယ္။မက္ဆီဟာပီအက္စ္ဂ်ီမွာေက်ာနံပါတ္၁၉(သို႔မဟုတ္)ေက်ာနံပါတ္၃၀ကိုဝတ္ဆင္သြားဖို႔ရွိပါတယ္။

ဘာစီလိုနာဟာမက္ဆီမရွိေတာ့မႈေၾကာင့္စပြန္ဆာႏွင့္ေကာ္မာရွယ္တို႔အားဆြဲေဆာင္ႏိုင္မႈပိုင္း ေလွ်ာ့က်လာကာကလပ္ရဲ႕ဝင္ေငြယူ႐ို၇၇သန္းအထိနစ္နာလာပါဦးမယ္။

ရီးရဲလ္မက္ဒရစ္ဟာလည္း၂၀၁၈ခုႏွစ္တုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုဟာဂ်ဴဗင္တပ္သို႔ယူ႐ိုသန္း၁၀၀ျဖင့္ေရာင္းခ်တုန္းကကလပ္ရဲ႕အမွတ္တံဆိပ္တန္ဖိုး၁၈ရာခိုင္ႏႈန္းအထိက်ဆင္းသြားခဲ့ဖူးပါတယ္။

ပီအက္စ္ဂ်ီကေတာ့မက္ဆီအားေခၚယူႏိုင္မႈႏွင့္အတူပရိသတ္မ်ားစြာတို႔ကိုဆြဲေဆာင္လာႏိုင္မယ့္အျပင္စပြန္ဆာ၊ေကာ္မရွင္မ်ားကိုလည္းမ်ားစြာဆြဲေဆာင္လာႏိုင္ပါမယ္။

ပီအက္စ္ဂ်ီဟာမက္ဆီကိုစာခ်ဳပ္ခ်ဳပ္ဆိုေၾကးမ်ားစြာေပးရမယ့္အျပင္တစ္ႏွစ္လုပ္ခယူ႐ို၂၅သန္းျဖင့္စာခ်ဳပ္ခ်ဳပ္ဆိုရမယ္ဆိုေပမယ့္ကလပ္ရဲ႕ဝင္ေငြႏွင့္ဂုဏ္သိကၡာပိုင္းမ်ားစြာျမင့္မားလာေတာ့မွာျဖစ္ပါတယ္။