မက်ဆီထွက်ခွာသွားပြီးနောက် လာလီဂါအဖွင့်ပွဲအတွက် လက်မှတ်တစ်ဝက်ရောင်းမကုန်ဖြစ်နေတဲ့ဘာစီလိုနာ

ဘာစီလိုနာဟာလီယွန်နယ်မက်ဆီထွက်ခွာသွားမှုနဲ့အတူအဘက်ဘက်မှအနုတ်လက္ခဏာပြသလျက်ရှိနေပါတယ်။

ဘာစီလိုနာဟာမက်ဆီထွက်ခွာသွားမှုနဲ့အတူယခုရာသီပထမဆုံးပွဲစဉ်အတွက်လက်မှတ်တစ်ဝက်ရောင်းမကုန်ဖြစ်နေရပါတယ်။

မက်ဆီဟာဘာစီလိုနာတွင်၂၁နှစ်ကြာကစားပြီးနောက်ပြီးခဲ့တဲ့အပတ်တုန်းကထွက်ခွာကြောင်းကြေညာခဲ့ပါတယ်။ယင်းနောက်မက်ဆီဟာပီအက်စ်ဂျီသို့၂နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။

ဘာစီလိုနာဟာမနက်ဖြန်တနင်္ဂနွေနေ့မှာလာလီဂါအဖွင့်ပွဲစဉ်အဖြစ်ဆိုစီဒက်အသင်းနှင့်ရင်ဆိုင်ကစားရပါမယ်။

ဘာစီလိုနာဟာကိုဗစ်ကမ္ဘာ့ကပ်ရောဂါကြောင့်နူးကမ့်တွင်ကစားမယ့်ဆိုစီဒက်နှင့်လာလီဂါအဖွင့်ပွဲစဉ်အတွက်ပရိသတ်၃၀၀၀၀ဘဲလက်ခံကစားနိုင်ပါမယ်။

ဒါပေမယ့် AS သတင်းစာရဲ့ဖော်ပြချက်အရဘာစီလိုနာဟာဆိုစီဒက်နှင့်ပွဲအတွက်လက်မှတ်၁၅၈၂၀တည်းသာရောင်းချထားရပါတယ်။ဘာစီလိုနာပရိသတ်များဟာ Ballon d’Or ခြောက်ကြိမ်ရမက်ဆီမရှိတော့မှုနဲ့အတူအသင်းအပေါ်စိတ်ဝင်စားမှုလျှော့ကျသွားတာလို့လျှော့ကျသွားပါတယ်။

ဘာစီလိုနာဟာမက်ဆီထွက်ခွာသွားမှုကြောင့်ကွင်းအတွင်းသို့ပရိသတ်ခေါ်ဆောင်ရန်ဆွဲဆောင်မှုလျှော့ကျသွားရုံတင်မကအသင်းအင်္ကျီရောင်းချရမှုလည်းအံ့ဩဖွယ်လျှော့ကျလျက်ရှိနေပါတယ်။

ဘာစီလိုနာဟာတနင်္လာနေ့နောက်ပိုင်းတွင်အသင်းအင်္ကျီရောင်းချရမှု၈၀ရာခိုင်နှုန်းအထိရောင်းအားကျသွားပါတယ်။တစ်ဖက်တွင်ဘာစီလိုနာဟာမက်ဆီရဲ့ဘာစီလိုနာအင်္ကျီကိုရောင်းချနေတုန်းလည်းဖြစ်ပါတယ်။

မက်ဆီကိုခေါ်ယူလိုက်တဲ့ပီအက်စ်ဂျီကတော့၇မိနစ်အတွင်းတွင်မက်ဆီရဲ့ပီအက်စ်ဂျီအင်္ကျီအလုံးရေ၁၅၀၀၀၀ခွဲကျော်အထိရောင်းချခဲ့ရပြီးဝင်ငွေကောင်းနေပါတယ်။

ပီအက်စ်ဂျီဟာမက်ဆီကိုခေါ်ယူနိုင်မှုနဲ့အတူစပွန်ဆာများစွာကိုဆွဲဆောင်လာနိုင်မှာဖြစ်လို့ဝင်ငွေများစွာမြင့်မားလာတော့မှာဖြစ်ပါတယ်။

ပီအက်စ်ဂျီဥက္ကဌနက်စ်ဆာအယ်ခီလိုင်ဖီကမက်ဆီကြောင့်ကလပ်ဝင်ငွေမှာတစ်ကမ္ဘာလုံးတုန်လှုပ်သွားရလောက်အောင်ကောင်းမွန်လာတော့မယ်လို့ဆိုထားပါတယ်။

ZawGyi

မက္ဆီထြက္ခြာသြားၿပီးေနာက္ လာလီဂါအဖြင့္ပြဲအတြက္ လက္မွတ္တစ္ဝက္ေရာင္းမကုန္ျဖစ္ေနတဲ့ဘာစီလိုနာ

ဘာစီလိုနာဟာလီယြန္နယ္မက္ဆီထြက္ခြာသြားမႈနဲ႔အတူအဘက္ဘက္မွအႏုတ္လကၡဏာျပသလ်က္ရွိေနပါတယ္။

ဘာစီလိုနာဟာမက္ဆီထြက္ခြာသြားမႈနဲ႔အတူယခုရာသီပထမဆုံးပြဲစဥ္အတြက္လက္မွတ္တစ္ဝက္ေရာင္းမကုန္ျဖစ္ေနရပါတယ္။

မက္ဆီဟာဘာစီလိုနာတြင္၂၁ႏွစ္ၾကာကစားၿပီးေနာက္ၿပီးခဲ့တဲ့အပတ္တုန္းကထြက္ခြာေၾကာင္းေၾကညာခဲ့ပါတယ္။ယင္းေနာက္မက္ဆီဟာပီအက္စ္ဂ်ီသို႔၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ဘာစီလိုနာဟာမနက္ျဖန္တနဂၤေႏြေန႔မွာလာလီဂါအဖြင့္ပြဲစဥ္အျဖစ္ဆိုစီဒက္အသင္းႏွင့္ရင္ဆိုင္ကစားရပါမယ္။

ဘာစီလိုနာဟာကိုဗစ္ကမာၻ႔ကပ္ေရာဂါေၾကာင့္ႏူးကမ့္တြင္ကစားမယ့္ဆိုစီဒက္ႏွင့္လာလီဂါအဖြင့္ပြဲစဥ္အတြက္ပရိသတ္၃၀၀၀၀ဘဲလက္ခံကစားႏိုင္ပါမယ္။

ဒါေပမယ့္ AS သတင္းစာရဲ႕ေဖာ္ျပခ်က္အရဘာစီလိုနာဟာဆိုစီဒက္ႏွင့္ပြဲအတြက္လက္မွတ္၁၅၈၂၀တည္းသာေရာင္းခ်ထားရပါတယ္။ဘာစီလိုနာပရိသတ္မ်ားဟာ Ballon d’Or ေျခာက္ႀကိမ္ရမက္ဆီမရွိေတာ့မႈနဲ႔အတူအသင္းအေပၚစိတ္ဝင္စားမႈေလွ်ာ့က်သြားတာလို႔ေလွ်ာ့က်သြားပါတယ္။

ဘာစီလိုနာဟာမက္ဆီထြက္ခြာသြားမႈေၾကာင့္ကြင္းအတြင္းသို႔ပရိသတ္ေခၚေဆာင္ရန္ဆြဲေဆာင္မႈေလွ်ာ့က်သြား႐ုံတင္မကအသင္းအက်ႌေရာင္းခ်ရမႈလည္းအံ့ဩဖြယ္ေလွ်ာ့က်လ်က္ရွိေနပါတယ္။

ဘာစီလိုနာဟာတနလၤာေန႔ေနာက္ပိုင္းတြင္အသင္းအက်ႌေရာင္းခ်ရမႈ၈၀ရာခိုင္ႏႈန္းအထိေရာင္းအားက်သြားပါတယ္။တစ္ဖက္တြင္ဘာစီလိုနာဟာမက္ဆီရဲ႕ဘာစီလိုနာအက်ႌကိုေရာင္းခ်ေနတုန္းလည္းျဖစ္ပါတယ္။

မက္ဆီကိုေခၚယူလိုက္တဲ့ပီအက္စ္ဂ်ီကေတာ့၇မိနစ္အတြင္းတြင္မက္ဆီရဲ႕ပီအက္စ္ဂ်ီအက်ႌအလုံးေရ၁၅၀၀၀၀ခြဲေက်ာ္အထိေရာင္းခ်ခဲ့ရၿပီးဝင္ေငြေကာင္းေနပါတယ္။

ပီအက္စ္ဂ်ီဟာမက္ဆီကိုေခၚယူႏိုင္မႈနဲ႔အတူစပြန္ဆာမ်ားစြာကိုဆြဲေဆာင္လာႏိုင္မွာျဖစ္လို႔ဝင္ေငြမ်ားစြာျမင့္မားလာေတာ့မွာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဥကၠဌနက္စ္ဆာအယ္ခီလိုင္ဖီကမက္ဆီေၾကာင့္ကလပ္ဝင္ေငြမွာတစ္ကမာၻလုံးတုန္လႈပ္သြားရေလာက္ေအာင္ေကာင္းမြန္လာေတာ့မယ္လို႔ဆိုထားပါတယ္။