မက်ဆီနှင့်နေမာတို့ကို ကျော်ဖြတ်ပြီး Nike ရဲ့အသက်အငယ်ဆုံးစပွန်ဆာရှင်ဖြစ်လာတဲ့ ခွန်ဘေဆယ်

အသက်၈နှစ်အရွယ်သာရှိသေးတဲ့ခွန်ဘေဆယ်ဟာ Nike နှင့်စပွန်ဆာစာချုပ်ချုပ်ဆိုလိုက်နိုင်မှုနှင့်အတူလီယွန် နယ်မက်ဆီ၊နေမာတို့ထက်အသက်ငယ်ရွယ်တဲ့အချိန်မှာစပွန်ဆာစာချုပ်ချုပ်ဆိုခြင်းခံရတဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။

ဘေဆယ်ဟာဘရာဇီးကလပ်ဆန်းတို့စ်လူငယ်အသင်းမှာကစားနေပြီးNike နှင့်သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ယခင်တုန်းကဆန်းတို့စ်ရဲ့လူငယ်ကစားသမားရိုဒရီဂို(လက်ရှိရီးရဲလ်မက်ဒရစ်)ဟာအသက်၁၃နှစ်အရွယ်မှာဘဲ Nike နှင့်စပွန်ဆာစာချုပ်ချုပ်ဆိုနိုင်ကာအသက်ငယ်ဆုံးစပွန်ဆာစာချုပ်ချုပ်ဆိုခံရသူအဖြစ်ရပ်တည်ခဲ့ပြီးနေမာက အသက်၁၃နှစ်အရွယ်မှာစာချုပ်ချုပ်ခြင်းခံခဲ့ရပါတယ်။

ဘာစီလိုနာစူပါစတားလီယွန်နယ်မက်ဆီဟာအသက်၁၅နှစ်အရွယ်မှာ Adidas နှင့်စပွန်ဆာစာချုပ်ချုပ်ဆိုခြင်းခံခဲ့ရပါတယ်။

ဘေဆယ်ဟာဆန်းတို့စ်ရဲ့ယူ-၉ဖူဆယ်အသင်းမှာကစားနေပြီး၂၀၁၉ခုနှစ်တုန်းကကျင်းပခဲ့တဲ့ဆော်ပေါ် လိုဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲမှာအကောင်းဆုံးကစားသမားဆုဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

ခွန်ဘေဆယ်ဟာဘောလုံးမျိုးဆက်ရှိသူဖြစ်ပြီးဖခင်ဖြစ်သူအင်ဒရေဇင်ဟိုကကိုရင်သီယန်တိုက်စစ်မှူးဟောင်း ဖြစ်ပါတယ်။

Nike ရဲ့အသက်အငယ်ဆုံးစပွန်ဆာစာချုပ်ချုပ်ဆိုခြင်းခံရမှုနဲ့အတူခွန်ဘေဆယ်ဟာဥရောပထိပ်သီးကလပ်များ ဖြစ်ကြတဲ့ဘာစီလိုနာ၊ရီးရဲလ်မက်ဒရစ်၊မန်ယူ၊မန်စီးတီးတို့ရဲ့စောင့်ကြည့်ခြင်းခံနေရပြီဖြစ်ပါတယ်။

ZawGyi

မက္ဆီႏွင့္ေနမာတို႔ကို ေက်ာ္ျဖတ္ၿပီး Nike ရဲ႕အသက္အငယ္ဆုံးစပြန္ဆာရွင္ျဖစ္လာတဲ့ ခြန္ေဘဆယ္

အသက္၈ႏွစ္အ႐ြယ္သာရွိေသးတဲ့ခြန္ေဘဆယ္ဟာ Nike ႏွင့္စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုလိုက္ႏိုင္မႈႏွင့္အတူလီယြန္ နယ္မက္ဆီ၊ေနမာတို႔ထက္အသက္ငယ္႐ြယ္တဲ့အခ်ိန္မွာစပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုျခင္းခံရတဲ့ကစားသမားျဖစ္လာခဲ့ပါတယ္။

ေဘဆယ္ဟာဘရာဇီးကလပ္ဆန္းတို႔စ္လူငယ္အသင္းမွာကစားေနၿပီးNike ႏွင့္သုံးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။

ယခင္တုန္းကဆန္းတို႔စ္ရဲ႕လူငယ္ကစားသမား႐ိုဒရီဂို(လက္ရွိရီးရဲလ္မက္ဒရစ္)ဟာအသက္၁၃ႏွစ္အ႐ြယ္မွာဘဲ Nike ႏွင့္စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ကာအသက္ငယ္ဆုံးစပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုခံရသူအျဖစ္ရပ္တည္ခဲ့ၿပီးေနမာက အသက္၁၃ႏွစ္အ႐ြယ္မွာစာခ်ဳပ္ခ်ဳပ္ျခင္းခံခဲ့ရပါတယ္။

ဘာစီလိုနာစူပါစတားလီယြန္နယ္မက္ဆီဟာအသက္၁၅ႏွစ္အ႐ြယ္မွာ Adidas ႏွင့္စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုျခင္းခံခဲ့ရပါတယ္။

ေဘဆယ္ဟာဆန္းတို႔စ္ရဲ႕ယူ-၉ဖူဆယ္အသင္းမွာကစားေနၿပီး၂၀၁၉ခုႏွစ္တုန္းကက်င္းပခဲ့တဲ့ေဆာ္ေပၚ လိုဖူဆယ္ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာအေကာင္းဆုံးကစားသမားဆုဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။

ခြန္ေဘဆယ္ဟာေဘာလုံးမ်ိဳးဆက္ရွိသူျဖစ္ၿပီးဖခင္ျဖစ္သူအင္ဒေရဇင္ဟိုကကိုရင္သီယန္တိုက္စစ္မႉးေဟာင္း ျဖစ္ပါတယ္။

Nike ရဲ႕အသက္အငယ္ဆုံးစပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုျခင္းခံရမႈနဲ႔အတူခြန္ေဘဆယ္ဟာဥေရာပထိပ္သီးကလပ္မ်ား ျဖစ္ၾကတဲ့ဘာစီလိုနာ၊ရီးရဲလ္မက္ဒရစ္၊မန္ယူ၊မန္စီးတီးတို႔ရဲ႕ေစာင့္ၾကည့္ျခင္းခံေနရၿပီျဖစ္ပါတယ္။