မက်ဆီနှင့်မိသားစုနေထိုင်နေတဲ့ ပဲရစ်ကြယ်ငါးပွင့်ဟိုတယ်တွင် ဖောက်ထွင်းမှုဖြစ်

သူခိုးများဟာလီယွန်နယ်မက်ဆီနေထိုင်နေတဲ့ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကိုထိုးဖောက်ဝင်ရောက်ကာယူရိုငွေများနှင့်တန်ဖိုးလက်ဝတ်ရတနာများရယူသွားခဲ့ကြပါတယ်။

မျက်နှာစွပ်သူခိုးများဟာ Le Royal Monceau ဟိုတယ်သို့ တံခါးပိတ်ထားခြင်းမရှိတဲ့ ဝရံတာမှဟိုတယ်အတွင်းသို့ ဝင်ရောက်ခဲ့ကြတာပါ။

စီစီတီဗွီမှတ်တမ်းများအရမျက်နှာဖုံးစွပ်သူခိုးနှစ်ဦးဟာခြောက်လွှာသို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြတာပါ။ခြောက်လွှာမှာမက်ဆီနေထိုင်နေတဲ့ တစ်ရက်ပေါင်၁၇၀၀၀ တန်အခန်းရဲ့အပေါ်ဖြစ်ပါတယ်။

ဒါပေမယ့်သူခိုးများဟာမက်ဆီနှင့်သူ့မိသားစုနေထိုင်နေတဲ့အထပ်ကိုတော့ဝင်ရောက်ခဲ့ကြခြင်းမရှိပါဘူး။

သူခိုးများဟာထောင်ပေါင်းများစွာသောယူရိုငွေများနှင့်အဖိုးတန်လက်ဝတ်ရတနာများကိုရယူသွားခဲ့ကြပါတယ်။သူခိုးအခိုးခံရသူကဒူဘိုင်းမှလာရောက်တဲ့ဘဏ္ဍာရေးအကြံပေးတစ်ဦးဖြစ်ကြောင်းသိရပါတယ်။

သူခိုးများဟာပေါင်၃၀၀၀တန်ရွှေပုတီး၊ပေါင်၅၀၀တန်ရှိနားကပ်များ၊ယူရို၂၀၀၀တို့ခိုးယူသွားခဲ့ကြပါတယ်။

စီစီတီဗွီမှတ်တမ်းတွင်သူခိုးနှစ်ဦးသာတွေ့ရသော်လည်း၎င်းတို့နှင့်အတူအခြားသုံးဦးလည်းပါဝင်ပြီးအခိုးခံရသူရဲ့ဘေးခန်းကလည်းနာရီတစ်လုံးခိုးယူသွားခဲ့ပါတယ်။

ZawGyi

မက္ဆီႏွင့္မိသားစုေနထိုင္ေနတဲ့ ပဲရစ္ၾကယ္ငါးပြင့္ဟိုတယ္တြင္ ေဖာက္ထြင္းမႈျဖစ္

သူခိုးမ်ားဟာလီယြန္နယ္မက္ဆီေနထိုင္ေနတဲ့ၾကယ္ငါးပြင့္အဆင့္ဟိုတယ္ကိုထိုးေဖာက္ဝင္ေရာက္ကာယူ႐ိုေငြမ်ားႏွင့္တန္ဖိုးလက္ဝတ္ရတနာမ်ားရယူသြားခဲ့ၾကပါတယ္။

မ်က္ႏွာစြပ္သူခိုးမ်ားဟာ Le Royal Monceau ဟိုတယ္သို႔ တံခါးပိတ္ထားျခင္းမရွိတဲ့ ဝရံတာမွဟိုတယ္အတြင္းသို႔ ဝင္ေရာက္ခဲ့ၾကတာပါ။

စီစီတီဗြီမွတ္တမ္းမ်ားအရမ်က္ႏွာဖုံးစြပ္သူခိုးႏွစ္ဦးဟာေျခာက္လႊာသို႔ ထိုးေဖာက္ဝင္ေရာက္ခဲ့ၾကတာပါ။ေျခာက္လႊာမွာမက္ဆီေနထိုင္ေနတဲ့ တစ္ရက္ေပါင္၁၇၀၀၀ တန္အခန္းရဲ႕အေပၚျဖစ္ပါတယ္။

ဒါေပမယ့္သူခိုးမ်ားဟာမက္ဆီႏွင့္သူ႔မိသားစုေနထိုင္ေနတဲ့အထပ္ကိုေတာ့ဝင္ေရာက္ခဲ့ၾကျခင္းမရွိပါဘူး။

သူခိုးမ်ားဟာေထာင္ေပါင္းမ်ားစြာေသာယူ႐ိုေငြမ်ားႏွင့္အဖိုးတန္လက္ဝတ္ရတနာမ်ားကိုရယူသြားခဲ့ၾကပါတယ္။သူခိုးအခိုးခံရသူကဒူဘိုင္းမွလာေရာက္တဲ့ဘ႑ာေရးအႀကံေပးတစ္ဦးျဖစ္ေၾကာင္းသိရပါတယ္။

သူခိုးမ်ားဟာေပါင္၃၀၀၀တန္ေ႐ႊပုတီး၊ေပါင္၅၀၀တန္ရွိနားကပ္မ်ား၊ယူ႐ို၂၀၀၀တို႔ခိုးယူသြားခဲ့ၾကပါတယ္။

စီစီတီဗြီမွတ္တမ္းတြင္သူခိုးႏွစ္ဦးသာေတြ႕ရေသာ္လည္း၎တို႔ႏွင့္အတူအျခားသုံးဦးလည္းပါဝင္ၿပီးအခိုးခံရသူရဲ႕ေဘးခန္းကလည္းနာရီတစ္လုံးခိုးယူသြားခဲ့ပါတယ္။