မက်ဆီနှင့်ရော်နယ်ဒိုတို့ကိုကျော်ကာ Ballon d’Or ဆုအတွက် ကန်တီရေပန်းအစားဆုံးဖြစ်နေ

အန်ဂိုလိုကန်တီဟာ၂၀၂၁ခုနှစ်အတွက် Ballon d’Or ဆုအတွက် လီယွန်နယ်မက်ဆီ၊ခရစ္စတီယာနိုရော်နယ်ဒိုတို့ထက်ရေပန်းစားနေပါတယ်။

အရပ်၅ပေ၊၆လက်မရှိချဲလ်ဆီးရဲ့ဒိုင်းနမိုကွင်းလယ်ကစားသမားဟာမန်စီးတီးအား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာအထူးခြေစွမ်းပြကစားခဲ့သူဖြစ်ပါတယ်။သူဟာဘောလုံးပြန်ဆယ်မှု၁၀ကြိမ်၊တစ်ဦးချင်းထိပ်တိုက်တွေ့ရမှာအနိုင်ရမှု၁၁ကြိမ်၊အမြင့်ဘော ရှင်းထုတ်မှု၄ကြိမ်အထိပြုလုပ်နိုင်ခဲ့ကာပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ကန်တီဟာချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးခဲ့တဲ့အပြင်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်နှစ်ကျော့လုံးတွင်လည်းပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်းကန်တီဟာမက်ဆီ၊ရော်နယ်ဒိုတို့အားကျော်ဖြတ်ကာBallon d’Or ဆုကိုဆွတ်ခူးနိုင်ဖို့ရေပန်းအစားဆုံးဖြစ်နေပါတယ်။

ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ Ballon d’Or ဆုအား၅/၁ လေးဖြင့်ရေပန်းအစားဆုံးဖြစ်နေပြီးမက်ဆီက၇/၁၊ခရစ္စတီယာနိုရော်နယ်ဒိုက၁၀/၁တို့ဖြင့်ရေပန်းစားနေပါတယ်။မက်ဆီနှင့်ရော်နယ်ဒိုတို့ဟာအမှတ်ပေးဖလားမဆွတ်ခူးနိုင်ခဲ့ပေမယ့်ရှုံးထွက်ဖလားနှင့်လိဂ်ဂိုးသွင်းဘုရင်ဆုများဆွတ်ခူးခဲ့ကြပါတယ်။

စတုတ္ထရေပန်းအစားဆုံးကစားသမားအဖြစ်ရောဘတ်လီဝန်ဒေါ့းစကီးကရပ်တည်နေပြီးသူ့အောက်မှာကိုင်လီယန်အမ်ဘက်ပီရှိနေပါတယ်။

ဒါပေမယ့်လာမယ့်နှစ်မပတ်မပြည့်မီယူရို၂၀၂၀ပြိုင်ပွဲကစားမည်ဖြစ်ရာယင်းပြိုင်ပွဲတွင်အောင်မြင်မှုရရှိတဲ့ကစားသမားကပိုမိုရေပန်းစားလာဦးမှာဖြစ်ပါတယ်။

ZawGyi

မက္ဆီႏွင့္ေရာ္နယ္ဒိုတို႔ကိုေက်ာ္ကာ Ballon d’Or ဆုအတြက္ ကန္တီေရပန္းအစားဆုံးျဖစ္ေန

အန္ဂိုလိုကန္တီဟာ၂၀၂၁ခုႏွစ္အတြက္ Ballon d’Or ဆုအတြက္ လီယြန္နယ္မက္ဆီ၊ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ထက္ေရပန္းစားေနပါတယ္။

အရပ္၅ေပ၊၆လက္မရွိခ်ဲလ္ဆီးရဲ႕ဒိုင္းနမိုကြင္းလယ္ကစားသမားဟာမန္စီးတီးအား၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာအထူးေျခစြမ္းျပကစားခဲ့သူျဖစ္ပါတယ္။သူဟာေဘာလုံးျပန္ဆယ္မႈ၁၀ႀကိမ္၊တစ္ဦးခ်င္းထိပ္တိုက္ေတြ႕ရမွာအႏိုင္ရမႈ၁၁ႀကိမ္၊အျမင့္ေဘာ ရွင္းထုတ္မႈ၄ႀကိမ္အထိျပဳလုပ္ႏိုင္ခဲ့ကာပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ကန္တီဟာခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးခဲ့တဲ့အျပင္ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ႏွစ္ေက်ာ့လုံးတြင္လည္းပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းကန္တီဟာမက္ဆီ၊ေရာ္နယ္ဒိုတို႔အားေက်ာ္ျဖတ္ကာBallon d’Or ဆုကိုဆြတ္ခူးႏိုင္ဖို႔ေရပန္းအစားဆုံးျဖစ္ေနပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာ Ballon d’Or ဆုအား၅/၁ ေလးျဖင့္ေရပန္းအစားဆုံးျဖစ္ေနၿပီးမက္ဆီက၇/၁၊ခရစၥတီယာႏိုေရာ္နယ္ဒိုက၁၀/၁တို႔ျဖင့္ေရပန္းစားေနပါတယ္။မက္ဆီႏွင့္ေရာ္နယ္ဒိုတို႔ဟာအမွတ္ေပးဖလားမဆြတ္ခူးႏိုင္ခဲ့ေပမယ့္ရႈံးထြက္ဖလားႏွင့္လိဂ္ဂိုးသြင္းဘုရင္ဆုမ်ားဆြတ္ခူးခဲ့ၾကပါတယ္။

စတုတၳေရပန္းအစားဆုံးကစားသမားအျဖစ္ေရာဘတ္လီဝန္ေဒါ့းစကီးကရပ္တည္ေနၿပီးသူ႔ေအာက္မွာကိုင္လီယန္အမ္ဘက္ပီရွိေနပါတယ္။

ဒါေပမယ့္လာမယ့္ႏွစ္မပတ္မျပည့္မီယူ႐ို၂၀၂၀ၿပိဳင္ပြဲကစားမည္ျဖစ္ရာယင္းၿပိဳင္ပြဲတြင္ေအာင္ျမင္မႈရရွိတဲ့ကစားသမားကပိုမိုေရပန္းစားလာဦးမွာျဖစ္ပါတယ္။