မက်ဆီနှင့် ဘက်ပေးအကြား ပြဿနာကို ပီအက်စ်ဂျီနည်းပြပြောကြားလာ

ပီအက်စ်ဂျီနည်းပြခရစ္စတိုဖီဂယ်တီယာဟာပီအက်စ်ဂျီစူပါစတားများဖြစ်ကြတဲ့လီယွန်နယ်မက်ဆီနှင့်ကိုင်လီယန်ဘက်ပေးတို့အကြားပြဿနာဖြစ်နေတယ်လို့ပြောဆိုနေကြမှုနဲ့ပတ်သက်ပြီးမှတ်ချက်ပြုပြောကြားလာပါတယ်။

မက်ဆီနှင့်ဘက်ပေးတို့ဟာကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်ထိပ်တိုက်တွေ့ခဲ့ကြပြီး အာဂျင်တီးနားကတတိယအကြိမ်မြောက်ကမ္ဘာ့ဖလားဆွတ်ခူးသွားခဲ့ပါတယ်။

အာဂျင်တီးနားအသင်းသားတို့ဟာပြင်သစ်ကိုအနိုင်ရရှိကာကမ္ဘာ့ဖလားဆွတ်ခူးသွားပြီးနောက် ပီအက်စ်ဂျီစူပါစတားကိုင်လီယန်ဘက်ပေးကိုပစ်မှတ်ထားလှောင်ပြောင်မှုပြုလုပ်ခဲ့ကြပါတယ်။

မက်ဆီဟာအာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားအောင်ပွဲခံစဉ်ပရိသတ်တစ်ဦးက လိပ်နင်ဂျာအရုပ်ပစ်ပေးလိုက်ချိန်တွင်ရယ်မောနေခဲ့တာတွေ့ရပါတယ်။ဒါ့အပြင်အာဂျင်တီးနားဂိုးသမားမာတီနက်ဇ်ဟာလည်းဘက်ပေးမျက်နှာကပ်ထားတဲ့အရုပ်ဖြင့်လှောင်ပြောင်မှုပြုလုပ်ခဲ့တာတွေ့ရပါတယ်။

ယခုအခါပီအက်စ်ဂျီနည်းပြက “သူတို့နှစ်ဦးအကြားဆက်ဆံရေးကိုပဲအာရုံစိုက်တယ်။လီယိုမက်ဆီတစ်ဦးတည်းကိုပဲမဟုတ်ဘူး။ဗိုလ်လုပွဲအပြီးမှာမြင်ခဲ့ရတာမျိုးကိုကြုံဖူးပါတယ်။ဂိုးသမားရဲ့အပြုအမူကသူနဲ့ဘာမှမဆိုင်ပါဘူး။ကျွန်တော့်အတွက်အရေးအကြီးဆုံးကကစားသမားတွေအကြားဆက်ဆံရေးပါ။ကိုင်လီယန်ဘက်ပေးမှာကောင်းမွန်တဲ့အပြုအမူရှိတယ်။ရှုံးပွဲကြောင့်စိတ်ပျက်ရတာတော့အမှန်ပါပဲ။ဒါပေမဲ့သူဟာလူကြီးလူကောင်းဆန်ဆန်ပြုမူပါတယ်”လို့ပြောကြားသွားပါတယ်။

ပီအက်စ်ဂျီဟာဗုဒ္ဓဟူးနေ့တွင်စထရာဘော့နှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

မက္ဆီႏွင့္ ဘက္ေပးအၾကား ျပႆနာကို ပီအက္စ္ဂ်ီနည္းျပနည္းျပလာ

ပီအက္စ္ဂ်ီနည္းျပခရစၥတိုဖီဂယ္တီယာဟာပီအက္စ္ဂ်ီစူပါစတားမ်ားျဖစ္ၾကတဲ့လီယြန္နယ္မက္ဆီႏွင့္ကိုင္လီယန္ဘက္ေပးတို႔အၾကားျပႆနာျဖစ္ေနတယ္လို႔ေျပာဆိုေနၾကမႈနဲ႔ပတ္သက္ၿပီးမွတ္ခ်က္ျပဳေျပာၾကားလာပါတယ္။

မက္ဆီႏွင့္ဘက္ေပးတို႔ဟာကမာၻ႔ဖလားဗိုလ္လုပြဲတြင္ထိပ္တိုက္ေတြ႕ခဲ့ၾကၿပီး အာဂ်င္တီးနားကတတိယအႀကိမ္ေျမာက္ကမာၻ႔ဖလားဆြတ္ခူးသြားခဲ့ပါတယ္။

အာဂ်င္တီးနားအသင္းသားတို႔ဟာျပင္သစ္ကိုအႏိုင္ရရွိကာကမာၻ႔ဖလားဆြတ္ခူးသြားၿပီးေနာက္ ပီအက္စ္ဂ်ီစူပါစတားကိုင္လီယန္ဘက္ေပးကိုပစ္မွတ္ထားေလွာင္ေျပာင္မႈျပဳလုပ္ခဲ့ၾကပါတယ္။

မက္ဆီဟာအာဂ်င္တီးနားရဲ႕ကမာၻ႔ဖလားေအာင္ပြဲခံစဥ္ပရိသတ္တစ္ဦးက လိပ္နင္ဂ်ာအ႐ုပ္ပစ္ေပးလိုက္ခ်ိန္တြင္ရယ္ေမာေနခဲ့တာေတြ႕ရပါတယ္။ဒါ့အျပင္အာဂ်င္တီးနားဂိုးသမားမာတီနက္ဇ္ဟာလည္းဘက္ေပးမ်က္ႏွာကပ္ထားတဲ့အ႐ုပ္ျဖင့္ေလွာင္ေျပာင္မႈျပဳလုပ္ခဲ့တာေတြ႕ရပါတယ္။

ယခုအခါပီအက္စ္ဂ်ီနည္းျပက “သူတို႔ႏွစ္ဦးအၾကားဆက္ဆံေရးကိုပဲအာ႐ုံစိုက္တယ္။လီယိုမက္ဆီတစ္ဦးတည္းကိုပဲမဟုတ္ဘူး။ဗိုလ္လုပြဲအၿပီးမွာျမင္ခဲ့ရတာမ်ိဳးကိုႀကဳံဖူးပါတယ္။ဂိုးသမားရဲ႕အျပဳအမူကသူနဲ႔ဘာမွမဆိုင္ပါဘူး။ကြၽန္ေတာ့္အတြက္အေရးအႀကီးဆုံးကကစားသမားေတြအၾကားဆက္ဆံေရးပါ။ကိုင္လီယန္ဘက္ေပးမွာေကာင္းမြန္တဲ့အျပဳအမူရွိတယ္။ရႈံးပြဲေၾကာင့္စိတ္ပ်က္ရတာေတာ့အမွန္ပါပဲ။ဒါေပမဲ့သူဟာလူႀကီးလူေကာင္းဆန္ဆန္ျပဳမူပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ပီအက္စ္ဂ်ီဟာဗုဒၶဟူးေန႔တြင္စထရာေဘာ့ႏွင့္ရင္ဆိုင္ကစားရပါမယ္။