မက်ဆီမှာ ခုနှစ်ကြိမ်မြောက် Ballon d’Or ဆုကို ဆွတ်ခူးရန် သေချာနေကြောင်း ကိုးမန်းပြောကြား

ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းကလီယွန်နယ်မက်ဆီမှာခုနှစ်ကြိမ်မြောက် Ballon d’Or ဆုကိုဆွတ်ခူးနိုင်ရန်သေချာသလောက်ရှိနေကြောင်းပြောကြားလိုက်ပါတယ်။

လက်ရှိအချိန်တွင်ကလပ်လက်မဲ့ဖြစ်နေတဲ့လီယွန်နယ်မက်ဆီဟာ Ballon d’Or ဆုကိုခြောက်ကြိမ်ဆွတ်ခူးထားကာအများဆုံးဆွတ်ခူးထားတဲ့ကစားသမားအဖြစ်ရပ်တည်နေပြီးယခုနှစ်တွင်ထပ်မံဆွတ်ခူးပါကခရစ္စတီယာနိုရော်နယ်ဒိုထက်နှစ်ကြိမ်ပိုမိုရရှိလာပါမယ်။

အထူးသဖြင့်လီယွန်နယ်မက်ဆီဟာအာဂျင်တီးနားအသင်းကိုကိုပါအမေရိကဖလားဆွတ်ခူးနိုင်အောင်စွမ်းဆောင်နိုင်ပြိးနောက် Ballon d’Or ဆုကိုဆွတ်ခူးနိုင်ရေးထိပ်ဆုံးရေပန်းစားလာခဲ့တာလည်းဖြစ်ပါတယ်။

သူဟာကလပ်အဆင့်တွင်ဘာစီလိုနာနှင့်အတူကိုပါဒယ်ရေးဖလားသာဆွတ်ခူးထားနိုင်ပါတယ်။

ကိုးမန်းက “သူကတကယ့်ကိုအက္ခရာကျတဲ့ကစားသမားပါ။အသင်းအတွက်သူယူဆောင်လာတာတွေကများပါတယ်။သူကအသင်းခေါင်းဆောင်ဖြစ်သလိုအားလုံးရဲ့စံပြကစားသမားပါ။ခက်ခဲတဲ့စတင်မှုဖြစ်ခဲ့ပေမယ့်သူ့ဂိုးသွင်းနှုန်းကအရမ်းကောင်းပါတယ်။သူဟာကမ္ဘာ့အကောင်းဆုံးကစားသမားဆိုတာထပ်ပြီးတော့ပြသလာပါတယ်။ကိုပါအမေရိကဖလားကိုသူဘယ်လောက်လိုချင်တယ်ဆိုတာကျွန်တော်သိပါတယ်။နောက်ဆုံးမှာတော့သူလုပ်ပြလိုက်နိုင်ခဲ့ပါပြီ”လို့ပြောကြားသွားပါတယ်။

မက်ဆီဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပြိုင်ပွဲအရပ်ရပ်မှာ၄၇ပွဲကစားကာ၃၈ဂိုးသွင်းယူခဲ့ပါတယ်။သူဟာလာလီဂါတွင်ဂိုး၃၀သွင်းယူကာလာလီဂါဂိုးသွင်းဘုရင်ဖြစ်ခဲ့ပါတယ်။

ZawGyi

မက္ဆီမွာ ခုႏွစ္ႀကိမ္ေျမာက္ Ballon d’Or ဆုကို ဆြတ္ခူးရန္ ေသခ်ာေနေၾကာင္း ကိုးမန္းေျပာၾကား

ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းကလီယြန္နယ္မက္ဆီမွာခုႏွစ္ႀကိမ္ေျမာက္ Ballon d’Or ဆုကိုဆြတ္ခူးႏိုင္ရန္ေသခ်ာသေလာက္ရွိေနေၾကာင္းေျပာၾကားလိုက္ပါတယ္။

လက္ရွိအခ်ိန္တြင္ကလပ္လက္မဲ့ျဖစ္ေနတဲ့လီယြန္နယ္မက္ဆီဟာ Ballon d’Or ဆုကိုေျခာက္ႀကိမ္ဆြတ္ခူးထားကာအမ်ားဆုံးဆြတ္ခူးထားတဲ့ကစားသမားအျဖစ္ရပ္တည္ေနၿပီးယခုႏွစ္တြင္ထပ္မံဆြတ္ခူးပါကခရစၥတီယာႏိုေရာ္နယ္ဒိုထက္ႏွစ္ႀကိမ္ပိုမိုရရွိလာပါမယ္။

အထူးသျဖင့္လီယြန္နယ္မက္ဆီဟာအာဂ်င္တီးနားအသင္းကိုကိုပါအေမရိကဖလားဆြတ္ခူးႏိုင္ေအာင္စြမ္းေဆာင္ႏိုင္ၿပိးေနာက္ Ballon d’Or ဆုကိုဆြတ္ခူးႏိုင္ေရးထိပ္ဆုံးေရပန္းစားလာခဲ့တာလည္းျဖစ္ပါတယ္။

သူဟာကလပ္အဆင့္တြင္ဘာစီလိုနာႏွင့္အတူကိုပါဒယ္ေရးဖလားသာဆြတ္ခူးထားႏိုင္ပါတယ္။

ကိုးမန္းက “သူကတကယ့္ကိုအကၡရာက်တဲ့ကစားသမားပါ။အသင္းအတြက္သူယူေဆာင္လာတာေတြကမ်ားပါတယ္။သူကအသင္းေခါင္းေဆာင္ျဖစ္သလိုအားလုံးရဲ႕စံျပကစားသမားပါ။ခက္ခဲတဲ့စတင္မႈျဖစ္ခဲ့ေပမယ့္သူ႔ဂိုးသြင္းႏႈန္းကအရမ္းေကာင္းပါတယ္။သူဟာကမာၻ႔အေကာင္းဆုံးကစားသမားဆိုတာထပ္ၿပီးေတာ့ျပသလာပါတယ္။ကိုပါအေမရိကဖလားကိုသူဘယ္ေလာက္လိုခ်င္တယ္ဆိုတာကြၽန္ေတာ္သိပါတယ္။ေနာက္ဆုံးမွာေတာ့သူလုပ္ျပလိုက္ႏိုင္ခဲ့ပါၿပီ”လို႔ေျပာၾကားသြားပါတယ္။

မက္ဆီဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကၿပိဳင္ပြဲအရပ္ရပ္မွာ၄၇ပြဲကစားကာ၃၈ဂိုးသြင္းယူခဲ့ပါတယ္။သူဟာလာလီဂါတြင္ဂိုး၃၀သြင္းယူကာလာလီဂါဂိုးသြင္းဘုရင္ျဖစ္ခဲ့ပါတယ္။