မက်ဆီရောက်လာပါက စားဖိုဆောင်တွင် အလုပ်လုပ်ပြီး ပီအက်စ်ဂျီတွင် ဆက်ကစားရန် ဒီမာရီယာကို ဇနီးသည် ပြောကြား

အိန်ဂျယ်ဒီမာရီယာဟာပီအက်စ်ဂျီသို့ လီယွန်နယ်မက်ဆီရောက်လာချိန်တွင်စာချုပ်သက်တမ်းတိုးခြင်းမခံရပါက လည်းစာဖိုဆောင်တွင်စားဖိုမှူးအဖြစ်အလုပ်လုပ်ကာဆက်ရှိနေရန်ဇနီးသည်ရဲ့ပြောကြားခြင်းခံလာရပါတယ်။

အာဂျင်တီးနားစတားဟာယခုရာသီအကုန်တွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။စပါးစ်ဟာအသက်၃၂ နှစ်ရှိဒီမာရီယာကိုဗြိတိန်သို့ပြန်ခေါ်ဖို့စိတ်ဝင်စားနေတယ်လို့သတင်းထွက်နေပါတယ်။

ဒါ့အပြင်အခြားတစ်ဖက်မှာပီအက်စ်ဂျီဟာအသက်၃၃နှစ်ရှိလီယွန်နယ်မက်ဆီကိုခေါ်ယူရန်ကြိုးပမ်းနေပြီးရောက်လာဖို့နီးစပ်နေပါတဘ်။ဒါကြောင့်လည်းဒီမာရီယာရဲ့ဇနီးသည်ဂျော့ဂျီလီနာကာဒိုဆိုဟာမက်ဆီသာရောက်လာလျှင် ခင်ပွန်းသည်ကိုမည်သည့်နည်းလမ်းကိုသုံး၍မဆိုပဲရစ်တွင်ဆက်ရှိနိုင်အောင်လုပ်ဆောင်သွားဖို့စီစဉ်ထားပါတယ်။

ဒီမာရီယာက “ကျွန်တော့်မိန်းမက လီယို(မက်ဆီ)သာရောက်လာရင်စားဖိုမှူးဆောင်အဖြစ်နေရမယ်ဆိုရင်တောင် ဆက်နေရမယ်လို့ပြောထားပါတယ်။ပြောရမယ်ဆိုရင်ဘာမဆိုလုပ်ပြီးနေရပါမယ်။ဘောလုံးနဲ့အလုပ်မလုပ်ရဘူးဆို ရင်တော့ဘာပဲလုပ်ရလုပ်ရလုပ်ပြီးဆက်နေဖို့ပြောထားတာပါ”လို့ပြောကြားသွားပါတယ်။

ဒီမာရီယာဟာပီအက်စ်ဂျီနည်းပြသစ်ပိုချက်တီနိုလက်အောက်တွင်လည်းပွဲငါးပွဲလုံးပွဲထွက်ကစားခွင့်ရထားပါတယ်။ သူဟာယခုရာသီမှာပီအက်စ်ဂျီအတွက်၂၂ပွဲကစားထားရာမှာ၄ဂိုးသွင်းယူပြီး၁၀ကြိမ်ဖန်တီးထားပါတယ်။

ZawGyi

မက္ဆီေရာက္လာပါက စားဖိုေဆာင္တြင္ အလုပ္လုပ္ၿပီး ပီအက္စ္ဂ်ီတြင္ ဆက္ကစားရန္ ဒီမာရီယာကို ဇနီးသည္ ေျပာၾကား

အိန္ဂ်ယ္ဒီမာရီယာဟာပီအက္စ္ဂ်ီသို႔ လီယြန္နယ္မက္ဆီေရာက္လာခ်ိန္တြင္စာခ်ဳပ္သက္တမ္းတိုးျခင္းမခံရပါက လည္းစာဖိုေဆာင္တြင္စားဖိုမႉးအျဖစ္အလုပ္လုပ္ကာဆက္ရွိေနရန္ဇနီးသည္ရဲ႕ေျပာၾကားျခင္းခံလာရပါတယ္။

အာဂ်င္တီးနားစတားဟာယခုရာသီအကုန္တြင္ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးပါမယ္။စပါးစ္ဟာအသက္၃၂ ႏွစ္ရွိဒီမာရီယာကိုၿဗိတိန္သို႔ျပန္ေခၚဖို႔စိတ္ဝင္စားေနတယ္လို႔သတင္းထြက္ေနပါတယ္။

ဒါ့အျပင္အျခားတစ္ဖက္မွာပီအက္စ္ဂ်ီဟာအသက္၃၃ႏွစ္ရွိလီယြန္နယ္မက္ဆီကိုေခၚယူရန္ႀကိဳးပမ္းေနၿပီးေရာက္လာဖို႔နီးစပ္ေနပါတဘ္။ဒါေၾကာင့္လည္းဒီမာရီယာရဲ႕ဇနီးသည္ေဂ်ာ့ဂ်ီလီနာကာဒိုဆိုဟာမက္ဆီသာေရာက္လာလွ်င္ ခင္ပြန္းသည္ကိုမည္သည့္နည္းလမ္းကိုသုံး၍မဆိုပဲရစ္တြင္ဆက္ရွိႏိုင္ေအာင္လုပ္ေဆာင္သြားဖို႔စီစဥ္ထားပါတယ္။

ဒီမာရီယာက “ကြၽန္ေတာ့္မိန္းမက လီယို(မက္ဆီ)သာေရာက္လာရင္စားဖိုမႉးေဆာင္အျဖစ္ေနရမယ္ဆိုရင္ေတာင္ ဆက္ေနရမယ္လို႔ေျပာထားပါတယ္။ေျပာရမယ္ဆိုရင္ဘာမဆိုလုပ္ၿပီးေနရပါမယ္။ေဘာလုံးနဲ႔အလုပ္မလုပ္ရဘူးဆို ရင္ေတာ့ဘာပဲလုပ္ရလုပ္ရလုပ္ၿပီးဆက္ေနဖို႔ေျပာထားတာပါ”လို႔ေျပာၾကားသြားပါတယ္။

ဒီမာရီယာဟာပီအက္စ္ဂ်ီနည္းျပသစ္ပိုခ်က္တီႏိုလက္ေအာက္တြင္လည္းပြဲငါးပြဲလုံးပြဲထြက္ကစားခြင့္ရထားပါတယ္။ သူဟာယခုရာသီမွာပီအက္စ္ဂ်ီအတြက္၂၂ပြဲကစားထားရာမွာ၄ဂိုးသြင္းယူၿပီး၁၀ႀကိမ္ဖန္တီးထားပါတယ္။