မက်ဆီရောက်လာပြီးနောက် ဝင်ငွေ ပေါင်သန်း ၆၁၀ အထိရရှိလာတဲ့ ပီအက်စ်ဂျီ

လီယွန်နယ်မက်ဆီရဲ့ပီအက်စ်ဂျီပထမဆုံးရာသီကကွင်းတွင်းမှာထက်ကွင်ပြင်ပစွမ်းဆောင်ရည်ပိုမိုမြင့်မားခဲ့ပါတယ်။

အသက်၃၅နှစ်ရှိအာဂျင်တီးနားစူပါစတားဟာပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကဘာစီလိုနာမှထွက်ခွာခဲ့ရပြီးတဲ့နောက်ပီအက်စ်ဂျီသို့ပြောင်းရွှေ့ခဲ့ရပါတယ်။

ဒါပေမဲ့မက်ဆီရဲ့ပီအက်စ်ဂျီပထမရာသီကထင်မှတ်ထားသလို မဖြစ်ခဲ့ပါဘူး။

အာဂျင်တီးနားစတားဟာလီဂူး၁ဖလားဆွတ်ခူးနိုင်ခဲ့ပေမဲ့လည်းချန်ပီယံလိဂ်မှာတော့၁၆သင်းရှုံးထွက်အဆင့်ကိုကျော်ဖြတ်နိုင်အောင်ကူညီနိုင်ခဲ့ခြင်းမရှိပါဘူး။မက်ဆီဟာလည်းပြိုင်ပွဲအရပ်ရပ်တွင်၁၁ဂိုးတည်းသာသွင်းနိုင်ခဲ့ပါတယ်။

မက်ဆီဟာပြင်သစ်တွင်အထိုင်ကျရန်ရုန်းကန်ရမှုနှင့်အတူကွင်းတွင်းခြေစွမ်းကြောင့်ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့လည်းပီအက်စ်ဂျီကတော့မက်ဆီရောက်လာမှုနှင့်အတူစပွန်ဆာဝင်ငွေနှင့်အင်္ကျီရောင်းချရမှုဝင်ငွေများစွာမြင့်တက်လာခဲ့ပါတယ်။

Marca ရဲ့ဖော်ပြချက်အရပီအက်စ်ဂျီဟာမက်ဆီရောက်လာမှုကြောင့်ဝင်ငွေပေါင်သန်း၆၁၀အထိရရှိလာခဲ့ကြောင်းသိရပါတယ်။

မက်ဆီအပြောင်းအရွှေ့ကြောင့်ပီအက်စ်ဂျီဟာစပွန်ဆာသစ်၁၀ခုအထိရရှိလာခဲ့ပါတယ်။ပီအက်စ်ဂျီရဲ့စပွန်ဆာကြေးတန်ဖိုးမှာလည်းပေါင်၃.၆သန်းမှပေါင်၆.၉သန်းသို့အထိမြင့်တက်လာပါတယ်။

ပီအက်စ်ဂျီစပွန်ဆာသစ်များတွင်လူသိများတဲ့အမှတ်တံဆိပ်များဖြစ်ကြတဲ့ Dior၊Gorillas၊Crypto၊PlayBetR၊GOAT၊Snart Good Thin၊Volt၊Big Cola၊ Sports Water နှင့်Autohero တို့ပါဝင်ပါတယ်။

ဒါ့အပြင်မက်ဆီအမည်ပါအင်္ကျီရောင်းချရမှုကလည်းဘောလုံးလောကရဲ့တောင်းဆိုမှုအမြင့်မားဆုံးအင်္ကျီဖြစ်လာပါတယ်။မက်ဆီရဲ့အမည်ပါအင်္ကျီကပီအက်စ်ဂျီရဲ့အင်္ကျီရောင်းချရမှုအားလုံးရဲ့၆၀ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။

ပီအက်စ်ဂျီဟာအင်္ကျီအထည်ရေ၁ သန်းကျော်အထိရောင်းချခဲ့ရပြီး ပေါင်၇၉မှပေါင်၁၄၀အတွင်းရှိအင်္ကျီများရောင်းချခဲ့ရတာပါ။

ပီအက်စ်ဂျီရဲ့စီးပွားရေးဒါရိုက်တာမာ့ခ်အမ်စထရောင်းကတော့မက်ဆီရဲ့အင်္ကျီချည်း အဓိကရောင်းချမှုအပေါ်မှာကျေနပ်နေခြင်းမရှိကြောင်းဆိုသွားပါတယ်။

၎င်းက “အင်္ကျီတောင်းဆိုမှုက ၃၀ရာခိုင်နှုန်းကနေ ၄၀ရာခိုင်နှုန်းအထိမြင့်တက်ခဲ့တယ်။Supply လည်းလိုသလောက်မရဘူး။ဒီလိုမျိုးအပြောင်းအရွှေ့ပြုလုပ်လာတဲ့အချိန်မှာလူတွေကအင်္ကျီရောင်းချပြီးငွေရှာတယ်လို့ယူဆကြတယ်။အဲဒီလိုလည်းမဟုတ်ပါဘူး။အင်္ကျီလည်းထပ်ထုတ်လို့ရနေတာမဟုတ်ပါဘူး။အနည်းငယ်လောက်ကိုပဲအကာအရံလုပ်ပေးနိုင်တာပါ။ဒါကလည်းတော်တော်အရေးကြီးပါတယ်။ဒါပေမဲ့မက်ဆီအင်္ကျီချည်းပဲမှာကြားခံရမှုကလည်းကျေနပ်စရာမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

မက်ဆီရောက်လာမှုကပီအက်စ်ဂျီရဲ့ဝင်ငွေကိုသာမကဆိုရှယ်မီဒီယာတွင်လည်း Follower မြင့်မားလာစေခဲ့ပါတယ်။

ပီအက်စ်ဂျီဟာမက်ဆီရောက်လာပြီးနောက်ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် Followers ၁၅ သန်းအထိမြင့်တက်ရရှိလာပြီး စုစုပေါင်းသန်း၁၅၀ အထိပိုင်ဆိုင်ထားနိုင်ပါတယ်။

မက်ဆီဟာယခုရာသီမှာတော့ကွင်းတွင်းမှာလည်းအကောင်းဆုံးပုံစံပြသနေပြီဖြစ်ပါတယ်။သူဟာယခုရာသီမှာပြိုင်ပွဲအရပ်ရပ်တွင်၆ဂိုးသွင်းယူပြီး၈ကြိမ်ဖန်တီးထားနိုင်ပါတယ်။

ZawGyi

မက္ဆီေရာက္လာၿပီးေနာက္ ဝင္ေငြ ေပါင္သန္း ၆၁၀ အထိရရွိလာတဲ့ ပီအက္စ္ဂ်ီ

လီယြန္နယ္မက္ဆီရဲ႕ပီအက္စ္ဂ်ီပထမဆုံးရာသီကကြင္းတြင္းမွာထက္ကြင္ျပင္ပစြမ္းေဆာင္ရည္ပိုမိုျမင့္မားခဲ့ပါတယ္။

အသက္၃၅ႏွစ္ရွိအာဂ်င္တီးနားစူပါစတားဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီတုန္းကဘာစီလိုနာမွထြက္ခြာခဲ့ရၿပီးတဲ့ေနာက္ပီအက္စ္ဂ်ီသို႔ေျပာင္းေ႐ႊ႕ခဲ့ရပါတယ္။

ဒါေပမဲ့မက္ဆီရဲ႕ပီအက္စ္ဂ်ီပထမရာသီကထင္မွတ္ထားသလို မျဖစ္ခဲ့ပါဘူး။

အာဂ်င္တီးနားစတားဟာလီဂူး၁ဖလားဆြတ္ခူးႏိုင္ခဲ့ေပမဲ့လည္းခ်န္ပီယံလိဂ္မွာေတာ့၁၆သင္းရႈံးထြက္အဆင့္ကိုေက်ာ္ျဖတ္ႏိုင္ေအာင္ကူညီႏိုင္ခဲ့ျခင္းမရွိပါဘူး။မက္ဆီဟာလည္းၿပိဳင္ပြဲအရပ္ရပ္တြင္၁၁ဂိုးတည္းသာသြင္းႏိုင္ခဲ့ပါတယ္။

မက္ဆီဟာျပင္သစ္တြင္အထိုင္က်ရန္႐ုန္းကန္ရမႈႏွင့္အတူကြင္းတြင္းေျခစြမ္းေၾကာင့္ေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။ဒါေပမဲ့လည္းပီအက္စ္ဂ်ီကေတာ့မက္ဆီေရာက္လာမႈႏွင့္အတူစပြန္ဆာဝင္ေငြႏွင့္အက်ႌေရာင္းခ်ရမႈဝင္ေငြမ်ားစြာျမင့္တက္လာခဲ့ပါတယ္။

Marca ရဲ႕ေဖာ္ျပခ်က္အရပီအက္စ္ဂ်ီဟာမက္ဆီေရာက္လာမႈေၾကာင့္ဝင္ေငြေပါင္သန္း၆၁၀အထိရရွိလာခဲ့ေၾကာင္းသိရပါတယ္။

မက္ဆီအေျပာင္းအေ႐ႊ႕ေၾကာင့္ပီအက္စ္ဂ်ီဟာစပြန္ဆာသစ္၁၀ခုအထိရရွိလာခဲ့ပါတယ္။ပီအက္စ္ဂ်ီရဲ႕စပြန္ဆာေၾကးတန္ဖိုးမွာလည္းေပါင္၃.၆သန္းမွေပါင္၆.၉သန္းသို႔အထိျမင့္တက္လာပါတယ္။

ပီအက္စ္ဂ်ီစပြန္ဆာသစ္မ်ားတြင္လူသိမ်ားတဲ့အမွတ္တံဆိပ္မ်ားျဖစ္ၾကတဲ့ Dior၊Gorillas၊Crypto၊PlayBetR၊GOAT၊Snart Good Thin၊Volt၊Big Cola၊ Sports Water ႏွင့္Autohero တို႔ပါဝင္ပါတယ္။

ဒါ့အျပင္မက္ဆီအမည္ပါအက်ႌေရာင္းခ်ရမႈကလည္းေဘာလုံးေလာကရဲ႕ေတာင္းဆိုမႈအျမင့္မားဆုံးအက်ႌျဖစ္လာပါတယ္။မက္ဆီရဲ႕အမည္ပါအက်ႌကပီအက္စ္ဂ်ီရဲ႕အက်ႌေရာင္းခ်ရမႈအားလုံးရဲ႕၆၀ရာခိုင္ႏႈန္းအထိရွိခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာအက်ႌအထည္ေရ၁ သန္းေက်ာ္အထိေရာင္းခ်ခဲ့ရၿပီး ေပါင္၇၉မွေပါင္၁၄၀အတြင္းရွိအက်ႌမ်ားေရာင္းခ်ခဲ့ရတာပါ။

ပီအက္စ္ဂ်ီရဲ႕စီးပြားေရးဒါ႐ိုက္တာမာ့ခ္အမ္စထေရာင္းကေတာ့မက္ဆီရဲ႕အက်ႌခ်ည္း အဓိကေရာင္းခ်မႈအေပၚမွာေက်နပ္ေနျခင္းမရွိေၾကာင္းဆိုသြားပါတယ္။

၎က “အက်ႌေတာင္းဆိုမႈက ၃၀ရာခိုင္ႏႈန္းကေန ၄၀ရာခိုင္ႏႈန္းအထိျမင့္တက္ခဲ့တယ္။Supply လည္းလိုသေလာက္မရဘူး။ဒီလိုမ်ိဳးအေျပာင္းအေ႐ႊ႕ျပဳလုပ္လာတဲ့အခ်ိန္မွာလူေတြကအက်ႌေရာင္းခ်ၿပီးေငြရွာတယ္လို႔ယူဆၾကတယ္။အဲဒီလိုလည္းမဟုတ္ပါဘူး။အက်ႌလည္းထပ္ထုတ္လို႔ရေနတာမဟုတ္ပါဘူး။အနည္းငယ္ေလာက္ကိုပဲအကာအရံလုပ္ေပးႏိုင္တာပါ။ဒါကလည္းေတာ္ေတာ္အေရးႀကီးပါတယ္။ဒါေပမဲ့မက္ဆီအက်ႌခ်ည္းပဲမွာၾကားခံရမႈကလည္းေက်နပ္စရာမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

မက္ဆီေရာက္လာမႈကပီအက္စ္ဂ်ီရဲ႕ဝင္ေငြကိုသာမကဆိုရွယ္မီဒီယာတြင္လည္း Follower ျမင့္မားလာေစခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာမက္ဆီေရာက္လာၿပီးေနာက္ဆိုရွယ္မီဒီယာပလက္ေဖာင္းမ်ားတြင္ Followers ၁၅ သန္းအထိျမင့္တက္ရရွိလာၿပီး စုစုေပါင္းသန္း၁၅၀ အထိပိုင္ဆိုင္ထားႏိုင္ပါတယ္။

မက္ဆီဟာယခုရာသီမွာေတာ့ကြင္းတြင္းမွာလည္းအေကာင္းဆုံးပုံစံျပသေနၿပီျဖစ္ပါတယ္။သူဟာယခုရာသီမွာၿပိဳင္ပြဲအရပ္ရပ္တြင္၆ဂိုးသြင္းယူၿပီး၈ႀကိမ္ဖန္တီးထားႏိုင္ပါတယ္။