မက်ဆီရောက်လာမှုနဲ့အတူ ကမ္ဘာ့လုပ်ခအများဆုံးအသင်းဖြစ်လာတဲ့ ပီအက်စ်ဂျီ

လီယွန်နယ်မက်ဆီဟာပီအက်စ်ဂျီဟာကမ္ဘာ့အကောင်းဆုံးကလပ်တစ်ခုဖြစ်လာအောင်ကူညီနိုင်ဖို့မျှော်လင့်နေပါတယ်။ဒါပေမယ့်မက်ဆီရောက်လာမှုနဲ့အတူပီအက်စ်ဂျီဟာကမ္ဘာ့လုပ်ခအသုံးစရိတ်အများဆုံးအားကစားကလပ်ဖြစ်လာပါတယ်။

မက်ဆီရောက်လာမှုနဲ့အတူပီအက်စ်ဂျီအသင်းရဲ့လုပ်ခအသုံးစရိတ်ကကမ္ဘာမှာရှိတဲ့ဘယ်ဘော့စ်ဘောအသင်း၊ဘယ်ဘတ်စကက်ဘောအသင်း၊ဘယ်ဘောလုံးကလပ်မှလိုက်မမီနိုင်အောင်မြင့်မားလာခဲ့ပါတယ်။

မက်ဆီဟာပီအက်စ်ဂျီနှင့်တစ်ပတ်လုပ်ခပေါင်၁သန်းနီးပါးတန်ဖိုးရှိ၂နှစ်စာချုပ်ဆိုလာခဲ့ပါတယ်။

ပီအက်စ်ဂျီဟာလည်းမက်ဆီရောက်လာမှုနဲ့တစ်နှစ်လုပ်ခအသုံးစရိတ်ပေါင်၂၅၆သန်းအထိရှိလာပြီးကမ္ဘာ့လုပ်ခအသုံးစရိတ်အမြင့်မားဆုံးအားကစားအသင်းအဖြစ်ရပ်တည်လာပါတယ်။

ဒုတိယနေရာမှာရီးရဲလ်မက်ဒရစ်အသင်းကလုပ်ခအသုံးစရိတ်ပေါင်၂၁၂သန်းဖြင့်ရပ်တည်နေပါတယ်။ဘာစီလိုနာဟာမက်ဆီထွက်ခွာသွားမှုကြောင့်လုပ်ခအသုံးစရိတ်လျှော့ကျလာပေမယ့်ပေါင်၁၉၅သန်းဖြင့်လုပ်ခအသုံးအများဆုံးတတိယအသင်းအဖြစ်ရပ်တည်နေတုန်းဖြစ်ပါတယ်။

မန်ယူဟာ MLB အသင်း LD Dodger နှင့်အတူ လုပ်ခအသုံးစရိတ်ပေါင်၁၉၃သန်းဖြင့်အဆင့်၄/၅နေရာမှာရပ်တည်နေပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဂျူဗင်တပ်ကလုပ်ခအသုံးစရိတ်ပေါင်၁၈၄သန်းဖြင့်အဆင့်၆နေရာမှာရပ်တည်နေပြီးဘိုင်ယန်မြူးနစ်ကပေါင်၁၆၆သန်းဖြင့်အဆင့်၇နေရာတွင်လည်းကောင်း၊ဒဲလ်လက်စ်ကောင်းဘွိုင်း(NFL)နှင့်ချဲလ်ဆီးကအသုံးစရိတ်ပေါင်၁၅၉သန်းဖြင့်အဆင့်၈/၉တွင်ရပ်တည်နေပါတယ်။အဆင့်၁၀နေရာမှာ NFL အသင်း ကလီဗီလန်းဘရောင်းကပေါင်၁၅၈သန်းဖြင့်ရပ်တည်နေပါတယ်။

ZawGyi

မက္ဆီေရာက္လာမႈနဲ႔အတူ ကမာၻ႔လုပ္ခအမ်ားဆုံးအသင္းျဖစ္လာတဲ့ ပီအက္စ္ဂ်ီ

လီယြန္နယ္မက္ဆီဟာပီအက္စ္ဂ်ီဟာကမာၻ႔အေကာင္းဆုံးကလပ္တစ္ခုျဖစ္လာေအာင္ကူညီႏိုင္ဖို႔ေမွ်ာ္လင့္ေနပါတယ္။ဒါေပမယ့္မက္ဆီေရာက္လာမႈနဲ႔အတူပီအက္စ္ဂ်ီဟာကမာၻ႔လုပ္ခအသုံးစရိတ္အမ်ားဆုံးအားကစားကလပ္ျဖစ္လာပါတယ္။

မက္ဆီေရာက္လာမႈနဲ႔အတူပီအက္စ္ဂ်ီအသင္းရဲ႕လုပ္ခအသုံးစရိတ္ကကမာၻမွာရွိတဲ့ဘယ္ေဘာ့စ္ေဘာအသင္း၊ဘယ္ဘတ္စကက္ေဘာအသင္း၊ဘယ္ေဘာလုံးကလပ္မွလိုက္မမီႏိုင္ေအာင္ျမင့္မားလာခဲ့ပါတယ္။

မက္ဆီဟာပီအက္စ္ဂ်ီႏွင့္တစ္ပတ္လုပ္ခေပါင္၁သန္းနီးပါးတန္ဖိုးရွိ၂ႏွစ္စာခ်ဳပ္ဆိုလာခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာလည္းမက္ဆီေရာက္လာမႈနဲ႔တစ္ႏွစ္လုပ္ခအသုံးစရိတ္ေပါင္၂၅၆သန္းအထိရွိလာၿပီးကမာၻ႔လုပ္ခအသုံးစရိတ္အျမင့္မားဆုံးအားကစားအသင္းအျဖစ္ရပ္တည္လာပါတယ္။

ဒုတိယေနရာမွာရီးရဲလ္မက္ဒရစ္အသင္းကလုပ္ခအသုံးစရိတ္ေပါင္၂၁၂သန္းျဖင့္ရပ္တည္ေနပါတယ္။ဘာစီလိုနာဟာမက္ဆီထြက္ခြာသြားမႈေၾကာင့္လုပ္ခအသုံးစရိတ္ေလွ်ာ့က်လာေပမယ့္ေပါင္၁၉၅သန္းျဖင့္လုပ္ခအသုံးအမ်ားဆုံးတတိယအသင္းအျဖစ္ရပ္တည္ေနတုန္းျဖစ္ပါတယ္။

မန္ယူဟာ MLB အသင္း LD Dodger ႏွင့္အတူ လုပ္ခအသုံးစရိတ္ေပါင္၁၉၃သန္းျဖင့္အဆင့္၄/၅ေနရာမွာရပ္တည္ေနပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ဂ်ဴဗင္တပ္ကလုပ္ခအသုံးစရိတ္ေပါင္၁၈၄သန္းျဖင့္အဆင့္၆ေနရာမွာရပ္တည္ေနၿပီးဘိုင္ယန္ျမဴးနစ္ကေပါင္၁၆၆သန္းျဖင့္အဆင့္၇ေနရာတြင္လည္းေကာင္း၊ဒဲလ္လက္စ္ေကာင္းဘြိဳင္း(NFL)ႏွင့္ခ်ဲလ္ဆီးကအသုံးစရိတ္ေပါင္၁၅၉သန္းျဖင့္အဆင့္၈/၉တြင္ရပ္တည္ေနပါတယ္။အဆင့္၁၀ေနရာမွာ NFL အသင္း ကလီဗီလန္းဘေရာင္းကေပါင္၁၅၈သန္းျဖင့္ရပ္တည္ေနပါတယ္။