မက်ဆီရဲ့ကမ္ဘာ့ဖလားအောင်ပွဲခံမှုတွင် ပါဝင်ရန် မက်ဆီရဲ့နေအိမ်သို့ ဆွာရက်ဇ်နှင့်မိသားစု ရောက်ရှိနေ

လူးဝစ်ဆွာရက်ဇ်နှင့်မိသားစုဝင်များဟာအာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက်ခရစ္စမတ်ကာလအား အချစ်ဆုံးသူငယ်ချင်းလီယွန်နယ်မက်ဆီရဲ့နေအိမ်တွင်ကုန်ဆုံးလာတော့မှာဖြစ်ပါတယ်။

လီယွန်နယ်မက်ဆီဟာအာဂျင်တီးနားအသင်းကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက် မွေးရပ်မြေအာဂျင်တီးနားရှိ ရိုဆာရီယိုသို့ရောက်ရှိနေပါတယ်။

လီယွန်နယ်မက်ဆီဟာကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက်ခရစ္စမတ်ကာလကိုရိုဆာရီယိုရှိနေအိမ်တွင်ကုန်ဆုံးသွားမှာလည်းဖြစ်ပါတယ်။

ယခုဆွာရက်ဇ်နှင့်မိသားစုဝင်များမှာလည်းမက်ဆီရဲ့မိသားစုနှင့်အတူ ခရစ္စမတ်ကာလကိုကုန်ဆုံးလာတော့မှာဖြစ်ကြောင်း ESPN ကဖော်ပြလာပါတယ်။

အသက်၃၅နှစ်ရှိလူးဝစ်ဆွာရက်ဇ်ဟာမိသားစုဝင်များနှင့်အတူ အာဂျင်တီးနားသို့ရောက်နေပြီး မက်ဆီရဲ့နေအိမ်မှာကမ္ဘာ့ဖလားအောင်ပွဲခံမှုပြုလုပ်လာမှာလည်းဖြစ်ပါတယ်။

ဆွာရက်ဇ်ဟာစင်းလုံးငှားလေယာဉ်ဖြင့် ဥရုဂွေးမြို့တော် မွန်တီဗီဒီယိုမှ ရိုဆာရီယိုသို့ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။သူနဲ့အတူဇနီးသည်ဆိုဖီယာဘယ်ဘီနှင့်သားနှစ်ဦးတို့လည်းပါဝင်ကြပါတယ်။

၎င်းတို့မိသားစုနှစ်ခုတို့ဟာဘာစီလိုနာတွင်မက်ဆီနှင့်ဆွာရက်ဇ်တို့အတူကစားစဉ်ကတည်းကနီးနီးကပ်ကပ်နေထိုင်လာခဲ့ကြတာဖြစ်ပါတယ်။၎င်းတို့ဟာနွေရာသီအားလပ်ရက်တိုင်းလည်းအတူအပန်းဖြေလေ့ရှိကြပါတယ်။

ZawGyi

မက္ဆီရဲ႕ကမာၻ႔ဖလားေအာင္ပြဲခံမႈတြင္ ပါဝင္ရန္ မက္ဆီရဲ႕ေနအိမ္သို႔ ဆြာရက္ဇ္ႏွင့္မိသားစု ေရာက္ရွိေန

လူးဝစ္ဆြာရက္ဇ္ႏွင့္မိသားစုဝင္မ်ားဟာအာဂ်င္တီးနားအသင္း ကမာၻ႔ဖလားခ်န္ပီယံျဖစ္ၿပီးေနာက္ခရစၥမတ္ကာလအား အခ်စ္ဆုံးသူငယ္ခ်င္းလီယြန္နယ္မက္ဆီရဲ႕ေနအိမ္တြင္ကုန္ဆုံးလာေတာ့မွာျဖစ္ပါတယ္။

လီယြန္နယ္မက္ဆီဟာအာဂ်င္တီးနားအသင္းကမာၻ႔ဖလားခ်န္ပီယံျဖစ္ၿပီးေနာက္ ေမြးရပ္ေျမအာဂ်င္တီးနားရွိ ႐ိုဆာရီယိုသို႔ေရာက္ရွိေနပါတယ္။

လီယြန္နယ္မက္ဆီဟာကမာၻ႔ဖလားခ်န္ပီယံျဖစ္ၿပီးေနာက္ခရစၥမတ္ကာလကို႐ိုဆာရီယိုရွိေနအိမ္တြင္ကုန္ဆုံးသြားမွာလည္းျဖစ္ပါတယ္။

ယခုဆြာရက္ဇ္ႏွင့္မိသားစုဝင္မ်ားမွာလည္းမက္ဆီရဲ႕မိသားစုႏွင့္အတူ ခရစၥမတ္ကာလကိုကုန္ဆုံးလာေတာ့မွာျဖစ္ေၾကာင္း ESPN ကေဖာ္ျပလာပါတယ္။

အသက္၃၅ႏွစ္ရွိလူးဝစ္ဆြာရက္ဇ္ဟာမိသားစုဝင္မ်ားႏွင့္အတူ အာဂ်င္တီးနားသို႔ေရာက္ေနၿပီး မက္ဆီရဲ႕ေနအိမ္မွာကမာၻ႔ဖလားေအာင္ပြဲခံမႈျပဳလုပ္လာမွာလည္းျဖစ္ပါတယ္။

ဆြာရက္ဇ္ဟာစင္းလုံးငွားေလယာဥ္ျဖင့္ ဥ႐ုေဂြးၿမိဳ႕ေတာ္ မြန္တီဗီဒီယိုမွ ႐ိုဆာရီယိုသို႔ေရာက္လာခဲ့တာလည္းျဖစ္ပါတယ္။သူနဲ႔အတူဇနီးသည္ဆိုဖီယာဘယ္ဘီႏွင့္သားႏွစ္ဦးတို႔လည္းပါဝင္ၾကပါတယ္။

၎တို႔မိသားစုႏွစ္ခုတို႔ဟာဘာစီလိုနာတြင္မက္ဆီႏွင့္ဆြာရက္ဇ္တို႔အတူကစားစဥ္ကတည္းကနီးနီးကပ္ကပ္ေနထိုင္လာခဲ့ၾကတာျဖစ္ပါတယ္။၎တို႔ဟာေႏြရာသီအားလပ္ရက္တိုင္းလည္းအတူအပန္းေျဖေလ့ရွိၾကပါတယ္။