မက်ဆီရဲ့ကျောနံပါတ် ၁၀ ကို ဘာစီလိုနာလူငယ်ပါရမီရှင်အန်ဆူးဖာတီ ဆက်ခံ

ဘာစီလိုနာကလီယွန်နယ်မက်ဆီရဲ့ကျောနံပါတ်၁၀ကို အသက်၁၈နှစ်အရွယ်ရှိလူငယ်ပါရမီရှင်အန်ဆူးဖာတီကဆက်ခံသွားမည်ဖြစ်ကြောင်းကြေညာလာပါတယ်။

မက်ဆီဟာ၂၀၀၈ခုနှစ်တွင်ရော်နယ်ဒင်ဟိုထံမှကျောနံပါတ်၁၀ကိုဆက်ခံခဲ့သူဖြစ်ပြီးပြီးခဲ့တဲ့ရာသီအထိဝတ်ဆင်ခဲ့ပါတယ်။

သူဟာယခုနွေရာသီမှာပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာသွားခဲ့ပါတယ်။ဘာစီလိုနာပရိသတ်များဟာမက်ဆီဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၁၀ကိုအနားပေးရန်တောင်းဆိုမှုများရှိခဲ့ပေမယ့်လာလီဂါစည်းမျဉ်းအရအနားပေးလို့မရခဲ့ပါဘူး။

ယခုအခါမှာတော့ဘာစီလိုနာဟာကလပ်အကယ်ဒမီထွက်လူငယ်ပါရမီရှင်အန်ဆူးဖာတီအားမက်ဆီရဲ့ကျောနံပါတ်၁၀ဆက်ခံသူအဖြစ်ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။

ဖာတီဟာဘာစီလိုနာအသင်းကြီးသို့စတင်ရောက်တုန်းကကျောနံပါတ်၃၁ကိုဝတ်ဆင်ခဲ့ပြီးအသင်းကြီးရဲ့အမြဲတမ်းကစားသမားဖြစ်လာပြီးနောက်ကျောနံပါတ်၂၁ကိုဝတ်ဆင်ခဲ့ပါတယ်။

ဒါကြောင့်ကိုးလကြာအနားယူခဲ့ရတဲ့အန်ဆူးဖာတီဟာဒဏ်ရာမှပြန်လည်ကောင်းမွန်လာမှုနဲ့အတူကျောနံပါတ်၁၀ပါဆက်ခံခွင့်ရရှိမှုကြောင့်ယုံကြည်မှုများစွာတိုးမြှင့်လာတော့မှာဖြစ်ပါတယ်။

အစောပိုင်းတုန်းကဘာစီလိုနာရဲ့ကျောနံပါတ်၁၀ကိုဝတ်ဆင်မယ်လို့သတင်းထွက်ခဲ့တဲ့ကော်တင်ဟိုကတော့ကျောနံပါတ်၁၄ကိုပဲဆက်လက်ဝတ်ဆင်သွားပါမယ်။

ZawGyi

မက္ဆီရဲ႕ေက်ာနံပါတ္ ၁၀ ကို ဘာစီလိုနာလူငယ္ပါရမီရွင္အန္ဆူးဖာတီ ဆက္ခံ

ဘာစီလိုနာကလီယြန္နယ္မက္ဆီရဲ႕ေက်ာနံပါတ္၁၀ကို အသက္၁၈ႏွစ္အ႐ြယ္ရွိလူငယ္ပါရမီရွင္အန္ဆူးဖာတီကဆက္ခံသြားမည္ျဖစ္ေၾကာင္းေၾကညာလာပါတယ္။

မက္ဆီဟာ၂၀၀၈ခုႏွစ္တြင္ေရာ္နယ္ဒင္ဟိုထံမွေက်ာနံပါတ္၁၀ကိုဆက္ခံခဲ့သူျဖစ္ၿပီးၿပီးခဲ့တဲ့ရာသီအထိဝတ္ဆင္ခဲ့ပါတယ္။

သူဟာယခုေႏြရာသီမွာပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာသြားခဲ့ပါတယ္။ဘာစီလိုနာပရိသတ္မ်ားဟာမက္ဆီဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၁၀ကိုအနားေပးရန္ေတာင္းဆိုမႈမ်ားရွိခဲ့ေပမယ့္လာလီဂါစည္းမ်ဥ္းအရအနားေပးလို႔မရခဲ့ပါဘူး။

ယခုအခါမွာေတာ့ဘာစီလိုနာဟာကလပ္အကယ္ဒမီထြက္လူငယ္ပါရမီရွင္အန္ဆူးဖာတီအားမက္ဆီရဲ႕ေက်ာနံပါတ္၁၀ဆက္ခံသူအျဖစ္ေ႐ြးခ်ယ္လိုက္ၿပီျဖစ္ပါတယ္။

ဖာတီဟာဘာစီလိုနာအသင္းႀကီးသို႔စတင္ေရာက္တုန္းကေက်ာနံပါတ္၃၁ကိုဝတ္ဆင္ခဲ့ၿပီးအသင္းႀကီးရဲ႕အၿမဲတမ္းကစားသမားျဖစ္လာၿပီးေနာက္ေက်ာနံပါတ္၂၁ကိုဝတ္ဆင္ခဲ့ပါတယ္။

ဒါေၾကာင့္ကိုးလၾကာအနားယူခဲ့ရတဲ့အန္ဆူးဖာတီဟာဒဏ္ရာမွျပန္လည္ေကာင္းမြန္လာမႈနဲ႔အတူေက်ာနံပါတ္၁၀ပါဆက္ခံခြင့္ရရွိမႈေၾကာင့္ယုံၾကည္မႈမ်ားစြာတိုးျမႇင့္လာေတာ့မွာျဖစ္ပါတယ္။

အေစာပိုင္းတုန္းကဘာစီလိုနာရဲ႕ေက်ာနံပါတ္၁၀ကိုဝတ္ဆင္မယ္လို႔သတင္းထြက္ခဲ့တဲ့ေကာ္တင္ဟိုကေတာ့ေက်ာနံပါတ္၁၄ကိုပဲဆက္လက္ဝတ္ဆင္သြားပါမယ္။pmnews