မက်ဆီရဲ့ကျောနံပါတ် ၁၀ ကို ဆက်ခံရမှုအတွက် ဖိအားမခံစားရကြောင်း ဖာတီဖွင့်ဟ

ဘာစီလိုနာစတားအန်ဆူးဖာတီကလီယွန်နယ်မက်ဆီရဲ့ကျောနံပါတ်၁၀ကိုဆက်ခံဝတ်ဆင်ရမှုအတွက်ဖိအားတစ်စုံတစ်ရာမခံစားရကြောင်းပြောကြားလိုက်ပါတယ်။

အသက်၁၈နှစ်အရွယ်ရှိစပိန်လက်ရွေးစင်ဟာဒူးဒဏ်ရာကိုလေးကြိမ်တိုင်တိုင်ခွဲစိတ်ကုသရမှုကြောင့်ဆယ်လကြာအနားယူခဲ့ရပြီးတနင်္ဂနွေနေ့တုန်းကလီဗန်တေးအား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ပထမဆုံးအကြိမ်အဖြစ်ပါဝင်ကစားနိုင်ခဲ့ကာလူစားဝင်ရောက်ပြီး၉မိနစ်အကြာမှာဘဲဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဘာစီလိုနာဟာနွေရာသီတုန်းကအသင်းမှထွက်ခွာကာပီအက်စ်ဂျီသို့ပြောင်းရွှေ့သွားခဲ့တဲ့လီယွန်နယ်မက်ဆီရဲ့ကျောနံပါတ်၁၀ကိုအနားပေးလိုပေမယ့်စပိန်ဘောလုံးဥပဒေအရအနားပေးခွင့်မရခဲ့ပါဘူး။

စပိန်ဘောလုံးအဖွဲ့ချုပ်ဥပဒေအရကစားသမား၂၅ဦးအတွက်ကျောနံပါတ်၁မှ၂၅အထိကရှိနေရပါမယ်။ဂိုးသမားကကျောနံပါတ်၁၊၁၃နှင့်၂၅တို့ကိုရွေးချယ်နိုင်ပြီးလူငယ်အသင်းမှပထမအသင်းသို့တက်လှမ်းလာသူများအနေဖြင့်ကျောနံပါတ်၂၆မှ၅၀အတွင်းရွေးချယ်နိုင်ပါမယ်။

ဒါကြောင့်ဘာစီလိုနာဟာကျောနံပါတ်၁၀ကိုအနားပေးပါကကစားသမားတစ်ဦးအတွက်နေရာဆုံးရှုံးရပါမယ်။နောက်ဆုံးတွင်ယခင်တုန်းကကျောနံပါတ်၁၇ကိုဝတ်ဆင်ခဲ့တဲ့ဖာတီကိုကျောနံပါတ်၁၀အားလွဲပြောင်းပေးခဲ့ပါတယ်။

ဖာတီက “ဘာဖိအားမှမရှိပါဘူး။လီယိုဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၁၀ကိုဝတ်ဆင်ခွင့်ရတာဂုဏ်ယူပါတယ်။ဒီအခွင့်အရေးပေးတဲ့ကလပ်နဲ့အသင်းခေါင်းဆောင်တွေကိုလည်းကျေးဇူးတင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

မက္ဆီရဲ႕ေက်ာနံပါတ္ ၁၀ ကို ဆက္ခံရမႈအတြက္ ဖိအားမခံစားရေၾကာင္း ဖာတီဖြင့္ဟ

ဘာစီလိုနာစတားအန္ဆူးဖာတီကလီယြန္နယ္မက္ဆီရဲ႕ေက်ာနံပါတ္၁၀ကိုဆက္ခံဝတ္ဆင္ရမႈအတြက္ဖိအားတစ္စုံတစ္ရာမခံစားရေၾကာင္းေျပာၾကားလိုက္ပါတယ္။

အသက္၁၈ႏွစ္အ႐ြယ္ရွိစပိန္လက္ေ႐ြးစင္ဟာဒူးဒဏ္ရာကိုေလးႀကိမ္တိုင္တိုင္ခြဲစိတ္ကုသရမႈေၾကာင့္ဆယ္လၾကာအနားယူခဲ့ရၿပီးတနဂၤေႏြေန႔တုန္းကလီဗန္ေတးအား၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ပထမဆုံးအႀကိမ္အျဖစ္ပါဝင္ကစားႏိုင္ခဲ့ကာလူစားဝင္ေရာက္ၿပီး၉မိနစ္အၾကာမွာဘဲဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ဘာစီလိုနာဟာေႏြရာသီတုန္းကအသင္းမွထြက္ခြာကာပီအက္စ္ဂ်ီသို႔ေျပာင္းေ႐ႊ႕သြားခဲ့တဲ့လီယြန္နယ္မက္ဆီရဲ႕ေက်ာနံပါတ္၁၀ကိုအနားေပးလိုေပမယ့္စပိန္ေဘာလုံးဥပေဒအရအနားေပးခြင့္မရခဲ့ပါဘူး။

စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥပေဒအရကစားသမား၂၅ဦးအတြက္ေက်ာနံပါတ္၁မွ၂၅အထိကရွိေနရပါမယ္။ဂိုးသမားကေက်ာနံပါတ္၁၊၁၃ႏွင့္၂၅တို႔ကိုေ႐ြးခ်ယ္ႏိုင္ၿပီးလူငယ္အသင္းမွပထမအသင္းသို႔တက္လွမ္းလာသူမ်ားအေနျဖင့္ေက်ာနံပါတ္၂၆မွ၅၀အတြင္းေ႐ြးခ်ယ္ႏိုင္ပါမယ္။

ဒါေၾကာင့္ဘာစီလိုနာဟာေက်ာနံပါတ္၁၀ကိုအနားေပးပါကကစားသမားတစ္ဦးအတြက္ေနရာဆုံးရႈံးရပါမယ္။ေနာက္ဆုံးတြင္ယခင္တုန္းကေက်ာနံပါတ္၁၇ကိုဝတ္ဆင္ခဲ့တဲ့ဖာတီကိုေက်ာနံပါတ္၁၀အားလြဲေျပာင္းေပးခဲ့ပါတယ္။

ဖာတီက “ဘာဖိအားမွမရွိပါဘူး။လီယိုဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၁၀ကိုဝတ္ဆင္ခြင့္ရတာဂုဏ္ယူပါတယ္။ဒီအခြင့္အေရးေပးတဲ့ကလပ္နဲ႔အသင္းေခါင္းေဆာင္ေတြကိုလည္းေက်းဇူးတင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။