မက်ဆီရဲ့စာချုပ်ကိစ္စအပြီးမသတ်သေးကြောင်း ဘာကာဥက္ကဌလာပေါ်တာအတည်ပြု

ဘာစီလိုနာဥက္ကဌဂျိုဟန်လာပေါ်တာကလီယွန်နယ်မက်ဆီအားစာချုပ်သက်တမ်းတိုးရေးမှာအပြီးမသတ်နိုင်သေးကြောင်းပြောကြားလာပါတယ်။

ဒါ့အပြင်လာပေါ်တာကအာဂျင်တီးနားတိုက်စစ်မှူးဆာဂျီယိုအဂူရိုအားအလွန်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရေးဆွေးနွေးမှုကိုလည်းရွှေ့ဆိုင်းထားကြောင်းဆိုသွားပါတယ်။

မက်ဆီဟာလာမယ့်ဇွန်လအကုန်တွင်ဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးဘာစီလိုနာနှင့်၂နှစ်စာချုပ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုမယ်လို့သတင်းထွက်နေပါတယ်။

ဒါပေမယ့်လာပေါ်တာက “မက်ဆီနဲ့ပတ်သက်ပြီးအားလုံးအဆင်ပြေကောင်းမွန်နေပါတယ်။ဒါပေမယ့်အပြီးတော့မသတ်ရသေးပါဘူး။ကျွန်တော်တို့အကြားဆက်ဆံရေးကအရမ်းကောင်းတယ်။မက်ဆီကဘာကာကိုချစ်သလိုကျွန်တော်တို့ကလည်းသူနဲ့ဆက်ပြီးလက်တွဲချင်တယ်။သူကအများကြီးထိုက်တန်သူပါ။ဘယ်နေရာမှာမဆိုပိုကောင်းတဲ့စာချုပ်ရနိုင်တဲ့သူပါ။ဒါပေမယ့်ကျွန်တော်တို့လုပ်ထားနဲ့ပတ်သက်ပြီးသူကျေနပ်မယ်လို့ထင်ပါတယ်”လို့ပြောကြားသွားပါတယ်။

မန်စီးတီးမှအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာလာခဲ့တဲ့ဆာဂျီယိုအဂူရိုဟာလည်းမက်ဆီရဲ့ဘာစီလိုနာနှင့်စာချုပ်ချုပ်ဆိုပြီးမှသာနူးကမ့်သို့ပြောင်းမှာဖြစ်လို့မက်ဆီနှင့်ဘာကာအကြားစာချုပ်အခြေအနေကိုစောင့်ဆိုင်းနေကြောင်းသိရပါတယ်။

မကြာသေးမီတုန်းကမန်စီးတီးနည်းပြပက်ဂွါဒီယိုလာကဆာဂျီယိုအဂူရိုမှာကမ္ဘာ့အကောင်းဆုံးကစားသမားလီယွန်နယ်မက်ဆီနှင့်တွဲကစားတော့မှာဖြစ်ကြောင်းဖွင့်ဟပြောကြားခဲ့ဖူးပါတယ်။

ZawGyi

မက္ဆီရဲ႕စာခ်ဳပ္ကိစၥအၿပီးမသတ္ေသးေၾကာင္း ဘာကာဥကၠဌလာေပၚတာအတည္ျပဳ

ဘာစီလိုနာဥကၠဌဂ်ိဳဟန္လာေပၚတာကလီယြန္နယ္မက္ဆီအားစာခ်ဳပ္သက္တမ္းတိုးေရးမွာအၿပီးမသတ္ႏိုင္ေသးေၾကာင္းေျပာၾကားလာပါတယ္။

ဒါ့အျပင္လာေပၚတာကအာဂ်င္တီးနားတိုက္စစ္မႉးဆာဂ်ီယိုအဂူ႐ိုအားအလြန္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူေရးေဆြးေႏြးမႈကိုလည္းေ႐ႊ႕ဆိုင္းထားေၾကာင္းဆိုသြားပါတယ္။

မက္ဆီဟာလာမယ့္ဇြန္လအကုန္တြင္ဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးဘာစီလိုနာႏွင့္၂ႏွစ္စာခ်ဳပ္သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုမယ္လို႔သတင္းထြက္ေနပါတယ္။

ဒါေပမယ့္လာေပၚတာက “မက္ဆီနဲ႔ပတ္သက္ၿပီးအားလုံးအဆင္ေျပေကာင္းမြန္ေနပါတယ္။ဒါေပမယ့္အၿပီးေတာ့မသတ္ရေသးပါဘူး။ကြၽန္ေတာ္တို႔အၾကားဆက္ဆံေရးကအရမ္းေကာင္းတယ္။မက္ဆီကဘာကာကိုခ်စ္သလိုကြၽန္ေတာ္တို႔ကလည္းသူနဲ႔ဆက္ၿပီးလက္တြဲခ်င္တယ္။သူကအမ်ားႀကီးထိုက္တန္သူပါ။ဘယ္ေနရာမွာမဆိုပိုေကာင္းတဲ့စာခ်ဳပ္ရႏိုင္တဲ့သူပါ။ဒါေပမယ့္ကြၽန္ေတာ္တို႔လုပ္ထားနဲ႔ပတ္သက္ၿပီးသူေက်နပ္မယ္လို႔ထင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

မန္စီးတီးမွအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာလာခဲ့တဲ့ဆာဂ်ီယိုအဂူ႐ိုဟာလည္းမက္ဆီရဲ႕ဘာစီလိုနာႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးမွသာႏူးကမ့္သို႔ေျပာင္းမွာျဖစ္လို႔မက္ဆီႏွင့္ဘာကာအၾကားစာခ်ဳပ္အေျခအေနကိုေစာင့္ဆိုင္းေနေၾကာင္းသိရပါတယ္။

မၾကာေသးမီတုန္းကမန္စီးတီးနည္းျပပက္ဂြါဒီယိုလာကဆာဂ်ီယိုအဂူ႐ိုမွာကမာၻ႔အေကာင္းဆုံးကစားသမားလီယြန္နယ္မက္ဆီႏွင့္တြဲကစားေတာ့မွာျဖစ္ေၾကာင္းဖြင့္ဟေျပာၾကားခဲ့ဖူးပါတယ္။