မက်ဆီရဲ့စာချုပ်အချက်အလက်ပေါက်ကြားမှုမှာ မိမိလက်ချက်ကြောင့်မဟုတ်ဟု ဘာတိုမြူငြင်းဆို

ဂျိုးဆက်ပ်မာရီယာဘာတိုမြူက လီယွန်နယ်မက်ဆီရဲ့ဘာစီလိုနာစာချုပ်အချက်အလက်အပြည့်အစုံ မီဒီယာထံသို့ ပေါက်ကြားမှုမှာမိမိရဲ့လက်ချက်ကြောင့်မဟုတ်ကြောင်းငြင်းဆိုလိုက်ပါတယ်။

တနင်္ဂနွေနေ့တုန်းက El Mundo သတင်းစာဟာမက်ဆီကိုကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ်ဘာစီလိုနာက လုပ်ခများစွာပေးနေရမှုကိုဖွင့်ချခဲ့ပါတယ်။

စာချုပ်ပါအချက်များအရမက်ဆီဟာ၂၀၁၇ခုနှစ်တုန်းကချုပ်ဆိုခဲ့တဲ့စာချုပ်ကြောင့်ယခုရာသီအကုန်အထိယူရို၅၅၅သန်းရရှိမှာဖြစ်ကြောင်းသိရပါတယ်။မက်ဆီဟာတစ်နှစ်လျှင်လုပ်ခယူရို၁၃၈သန်းအထိရရှိနေတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာကချက်ချင်းပင်မက်ဆီရဲ့စာချုပ်အချက်အလက်သတင်းကိုငြင်းဆိုလိုက်ပြီး El Mundo သတင်းစာကို တရားစွဲဆိုသွားမှာဖြစ်ကြောင်းကြေညာသွားပါတယ်။

ဘာစီလိုနာတာဝန်ရှိသူအချို့တို့ကပြီးခဲ့တဲ့နှစ်တုန်းကဘာစီလိုနာဥက္ကဌဘာတိုမြူကြောင့်မက်ဆီရဲ့စာချုပ်ပေါက် ကြားသွားခြင်းလို့လက်ညှိုးထိုးကြပါတယ်။

ဒါပေမယ့်ဘာတိုမြူက “ဒါကအင်မတန်ကြီးမားတဲ့ပြဿနာပါ။ပရော်ဖက်ရှင်နယ်စာချုပ်ပေါက်ကြားသွားတယ်ဆို တာလုံးဝမသာမှုဖြစ်ပါတယ်။ရုပ်သံတွေမှာပြောပြီးအလွယ်တကူစွပ်စွဲလို့ရပါတယ်။ဒါပေမယ့်ဒါကဟာသမဟုတ်ပါ ဘူး။တရားရုံးမှာဘဲအဆုံးသတ်သွားရပါလိမ့်မယ်။မီဒီယာတချို့မှာကျွန်တော်ကြောင့်ဘဲပေါက်ကြားသလိုလို၊ဘုတ်အဖွဲ့ဝင်အချို့ကြောင့်ဘဲပေါက်ကြားသလိုလိုရေးနေပါတယ်။ဒါလုံးဝမဟုတ်ပါဘူး။ဘယ်သူလုပ်လဲကျွန်တော် မသိ ပါဘူး။စာချုပ်ကိုသိနိုင်တဲ့သူကကလပ်မှာလေးငါးဦးလောက်ဘဲရှိတာပါ။ပြီးတော့ကစားသမားစာချုပ်ကိုညှိနိုင်တဲ့ ရှေ့နေတွေရှိတယ်။LFPမှာစာချုပ်ကော်ပီရှိတယ်”လို့ပြောကြားသွားပါတယ်။

မက်ဆီမှာတစ်နှစ်လုပ်ခယူရိုသန်း၁၃၈သန်းရရှိနေမှုမှာအားလုံးအတွက်အံ့ဩစရာဖြစ်နေပါတယ်။ဒါပေမယ့်ဘာတို မြူကတော့မက်ဆီမှာယင်းငွေကြေးပမာဏနှင့်ထိုက်တန်သူဖြစ်ကြောင်းဆိုသွားပါတယ်။

ZawGyi

မက္ဆီရဲ႕စာခ်ဳပ္အခ်က္အလက္ေပါက္ၾကားမႈမွာ မိမိလက္ခ်က္ေၾကာင့္မဟုတ္ဟု ဘာတိုျမဴျငင္းဆို

ဂ်ိဳးဆက္ပ္မာရီယာဘာတိုျမဴက လီယြန္နယ္မက္ဆီရဲ႕ဘာစီလိုနာစာခ်ဳပ္အခ်က္အလက္အျပည့္အစုံ မီဒီယာထံသို႔ ေပါက္ၾကားမႈမွာမိမိရဲ႕လက္ခ်က္ေၾကာင့္မဟုတ္ေၾကာင္းျငင္းဆိုလိုက္ပါတယ္။

တနဂၤေႏြေန႔တုန္းက El Mundo သတင္းစာဟာမက္ဆီကိုကမာၻ႔အေကာင္းဆုံးကစားသမားအျဖစ္ဘာစီလိုနာက လုပ္ခမ်ားစြာေပးေနရမႈကိုဖြင့္ခ်ခဲ့ပါတယ္။

စာခ်ဳပ္ပါအခ်က္မ်ားအရမက္ဆီဟာ၂၀၁၇ခုႏွစ္တုန္းကခ်ဳပ္ဆိုခဲ့တဲ့စာခ်ဳပ္ေၾကာင့္ယခုရာသီအကုန္အထိယူ႐ို၅၅၅သန္းရရွိမွာျဖစ္ေၾကာင္းသိရပါတယ္။မက္ဆီဟာတစ္ႏွစ္လွ်င္လုပ္ခယူ႐ို၁၃၈သန္းအထိရရွိေနတာလည္းျဖစ္ပါတယ္။

ဘာစီလိုနာကခ်က္ခ်င္းပင္မက္ဆီရဲ႕စာခ်ဳပ္အခ်က္အလက္သတင္းကိုျငင္းဆိုလိုက္ၿပီး El Mundo သတင္းစာကို တရားစြဲဆိုသြားမွာျဖစ္ေၾကာင္းေၾကညာသြားပါတယ္။

ဘာစီလိုနာတာဝန္ရွိသူအခ်ိဳ႕တို႔ကၿပီးခဲ့တဲ့ႏွစ္တုန္းကဘာစီလိုနာဥကၠဌဘာတိုျမဴေၾကာင့္မက္ဆီရဲ႕စာခ်ဳပ္ေပါက္ ၾကားသြားျခင္းလို႔လက္ညႇိဳးထိုးၾကပါတယ္။

ဒါေပမယ့္ဘာတိုျမဴက “ဒါကအင္မတန္ႀကီးမားတဲ့ျပႆနာပါ။ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ေပါက္ၾကားသြားတယ္ဆို တာလုံးဝမသာမႈျဖစ္ပါတယ္။႐ုပ္သံေတြမွာေျပာၿပီးအလြယ္တကူစြပ္စြဲလို႔ရပါတယ္။ဒါေပမယ့္ဒါကဟာသမဟုတ္ပါ ဘူး။တရား႐ုံးမွာဘဲအဆုံးသတ္သြားရပါလိမ့္မယ္။မီဒီယာတခ်ိဳ႕မွာကြၽန္ေတာ္ေၾကာင့္ဘဲေပါက္ၾကားသလိုလို၊ဘုတ္အဖြဲ႕ဝင္အခ်ိဳ႕ေၾကာင့္ဘဲေပါက္ၾကားသလိုလိုေရးေနပါတယ္။ဒါလုံးဝမဟုတ္ပါဘူး။ဘယ္သူလုပ္လဲကြၽန္ေတာ္ မသိ ပါဘူး။စာခ်ဳပ္ကိုသိႏိုင္တဲ့သူကကလပ္မွာေလးငါးဦးေလာက္ဘဲရွိတာပါ။ၿပီးေတာ့ကစားသမားစာခ်ဳပ္ကိုညႇိႏိုင္တဲ့ ေရွ႕ေနေတြရွိတယ္။LFPမွာစာခ်ဳပ္ေကာ္ပီရွိတယ္”လို႔ေျပာၾကားသြားပါတယ္။

မက္ဆီမွာတစ္ႏွစ္လုပ္ခယူ႐ိုသန္း၁၃၈သန္းရရွိေနမႈမွာအားလုံးအတြက္အံ့ဩစရာျဖစ္ေနပါတယ္။ဒါေပမယ့္ဘာတို ျမဴကေတာ့မက္ဆီမွာယင္းေငြေၾကးပမာဏႏွင့္ထိုက္တန္သူျဖစ္ေၾကာင္းဆိုသြားပါတယ္။