မက်ဆီရဲ့နေရာကို ဘယ်သူနဲ့အစားထိုးလာမလဲဆိုတာ ဘာကာနည်းပြကိုးမန်းဖွင့်ဟလာ

ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းဟာလာမယ့်လာလီဂါရာသီသစ်တွင်အသင်းမှထွက်ခွာသွားတဲ့လီယွန်နယ်မက်ဆီရဲ့နေရာတွင်အန်တိုနီဂရက်ဇ်မန်းကအစားဝင်ဖြည့်ဆည်းပေးလိမ့်မယ်လို့ယုံကြည်ကြောင်းပြောကြားလိုက်ပါတယ်။

လီယွန်နယ်မက်ဆီဟာဘာစီလိုနာဘက်ကသူ့ကိုစာချုပ်သစ်မချုပ်ဆိုနိုင်မှုနဲ့အတူ၂၁နှစ်ကြာကစားလာခဲ့တဲ့နျူးကမ့်မှထွက်ခွာခဲ့ပါတယ်။မက်ဆီဟာဘာစီလိုနာမှထွက်ခွာပြီးရက်အနည်းငယ်အကြာမှာပီအက်စ်ဂျီသို့၂နှစ်စာချုပ်ဖြင့်ပြောင်းခဲ့ပါတယ်။

အသက်၅၈နှစ်ရှိဒတ်ချ်လူမျိုးနည်းပြကမက်ဆီထွက်ခွာသွားမှုကြောင့်လစ်လပ်သွားတဲ့နေရာကိုပြင်သစ်စတားဂရက်ဇ်မန်းကဖြည်းဆည်းပေးလာမယ်လိမ့်မယ်လို့ထောက်ခံပြောကြားသွားပါတယ်။

ကိုးမန်းက “လီယိုမက်ဆီကိုနှုတ်ဆက်ခဲ့ရတယ်ဆိုပေမယ့်ရာသီသစ်အတွက်ကျွန်တော်တို့စိတ်လှုပ်ရှားနေပါတယ်။ခေါ်ယူထားတဲ့ကစားသမားတွေ၊အသင်းကြီးသို့တက်လှမ်းလာတဲ့လူငယ်တွေကြောင့်ဒီကြီးကျယ်တဲ့ကလပ်မှာလှပတဲ့အနာဂတ်ပိုင်ဆိုင်ထားပါတယ်။ဒီရာသီမှာပျော်ရွှင်မှုတွေအများကြီးရလာမှာပါ။အကူအညီတွေအများကြီး၊ပေးဆပ်မှုတွေအများကြီး၊အကောင်းဆုံးလုပ်နိုင်ခဲ့မှုတွေနဲ့အတူအမြင့်မားဆုံးအောင်မြင်မှုရလာမှာပါ။အကောင်းဆုံးဖြစ်နေဖို့ကအရေးအကြီးဆုံးပါ။ကျွန်တော်တို့ရဲ့ကစားဟန်(သို့မဟုတ်)စိတ်ကူးကိုပြောင်းလဲသွားမှာမဟုတ်ပါဘူး။ဂရက်ဇ်မန်းဟာသူ့နေရာမှာကစားခဲ့တယ်။အကောင်းဆုံးလည်းလုပ်ပြခဲ့တယ်”လို့ပြောကြားသွားပါတယ်။

ဂရက်ဇ်မန်းဟာ၂၀၁၉ခုနှစ်တွင်အက်သလက်တီကိုမှပြောင်းရွှေ့ကြေးပေါင်၁၀၇သန်းဖြင့်ပြောင်းလာခဲ့ပြီးနောက်ဝေဖန်မှုများနှင့်ရင်ဆိုင်လာခဲ့ရပါတယ်။

သူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဘာစီလိုနာအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၅၁ပွဲကစားခဲ့ရာမှာဂိုး၂၀သွင်းယူပြီး၁၃ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။

သူဟာမက်ဆီရှိစဉ်တုန်းကတောင်ပံသို့ထွက်ကစားခဲ့ရပေမယ့်မက်ဆီထွက်ခွာသွားမှုနဲ့အတူ တိုက်စစ်တွင်လွတ်လပ်စွာကစားခွင့်ရရှိလာဖို့ရှိနေပါတယ်။

ZawGyi

မက္ဆီရဲ႕ေနရာကို ဘယ္သူနဲ႔အစားထိုးလာမလဲဆိုတာ ဘာကာနည္းျပကိုးမန္းဖြင့္ဟလာ

ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းဟာလာမယ့္လာလီဂါရာသီသစ္တြင္အသင္းမွထြက္ခြာသြားတဲ့လီယြန္နယ္မက္ဆီရဲ႕ေနရာတြင္အန္တိုနီဂရက္ဇ္မန္းကအစားဝင္ျဖည့္ဆည္းေပးလိမ့္မယ္လို႔ယုံၾကည္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

လီယြန္နယ္မက္ဆီဟာဘာစီလိုနာဘက္ကသူ႔ကိုစာခ်ဳပ္သစ္မခ်ဳပ္ဆိုႏိုင္မႈနဲ႔အတူ၂၁ႏွစ္ၾကာကစားလာခဲ့တဲ့န်ဴးကမ့္မွထြက္ခြာခဲ့ပါတယ္။မက္ဆီဟာဘာစီလိုနာမွထြက္ခြာၿပီးရက္အနည္းငယ္အၾကာမွာပီအက္စ္ဂ်ီသို႔၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းခဲ့ပါတယ္။

အသက္၅၈ႏွစ္ရွိဒတ္ခ်္လူမ်ိဳးနည္းျပကမက္ဆီထြက္ခြာသြားမႈေၾကာင့္လစ္လပ္သြားတဲ့ေနရာကိုျပင္သစ္စတားဂရက္ဇ္မန္းကျဖည္းဆည္းေပးလာမယ္လိမ့္မယ္လို႔ေထာက္ခံေျပာၾကားသြားပါတယ္။

ကိုးမန္းက “လီယိုမက္ဆီကိုႏႈတ္ဆက္ခဲ့ရတယ္ဆိုေပမယ့္ရာသီသစ္အတြက္ကြၽန္ေတာ္တို႔စိတ္လႈပ္ရွားေနပါတယ္။ေခၚယူထားတဲ့ကစားသမားေတြ၊အသင္းႀကီးသို႔တက္လွမ္းလာတဲ့လူငယ္ေတြေၾကာင့္ဒီႀကီးက်ယ္တဲ့ကလပ္မွာလွပတဲ့အနာဂတ္ပိုင္ဆိုင္ထားပါတယ္။ဒီရာသီမွာေပ်ာ္႐ႊင္မႈေတြအမ်ားႀကီးရလာမွာပါ။အကူအညီေတြအမ်ားႀကီး၊ေပးဆပ္မႈေတြအမ်ားႀကီး၊အေကာင္းဆုံးလုပ္ႏိုင္ခဲ့မႈေတြနဲ႔အတူအျမင့္မားဆုံးေအာင္ျမင္မႈရလာမွာပါ။အေကာင္းဆုံးျဖစ္ေနဖို႔ကအေရးအႀကီးဆုံးပါ။ကြၽန္ေတာ္တို႔ရဲ႕ကစားဟန္(သို႔မဟုတ္)စိတ္ကူးကိုေျပာင္းလဲသြားမွာမဟုတ္ပါဘူး။ဂရက္ဇ္မန္းဟာသူ႔ေနရာမွာကစားခဲ့တယ္။အေကာင္းဆုံးလည္းလုပ္ျပခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

ဂရက္ဇ္မန္းဟာ၂၀၁၉ခုႏွစ္တြင္အက္သလက္တီကိုမွေျပာင္းေ႐ႊ႕ေၾကးေပါင္၁၀၇သန္းျဖင့္ေျပာင္းလာခဲ့ၿပီးေနာက္ေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္လာခဲ့ရပါတယ္။

သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဘာစီလိုနာအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၅၁ပြဲကစားခဲ့ရာမွာဂိုး၂၀သြင္းယူၿပီး၁၃ႀကိမ္ဖန္တီးႏိုင္ခဲ့ပါတယ္။

သူဟာမက္ဆီရွိစဥ္တုန္းကေတာင္ပံသို႔ထြက္ကစားခဲ့ရေပမယ့္မက္ဆီထြက္ခြာသြားမႈနဲ႔အတူ တိုက္စစ္တြင္လြတ္လပ္စြာကစားခြင့္ရရွိလာဖို႔ရွိေနပါတယ္။