မက်ဆီရဲ့ပီအက်စ်ဂျီစာချုပ်အတွင်းတွင် အထူးစပါယ်ရှယ် “အာဂျင်တီးနား “အချက်ကို ထည့်သွင်းထား

လီယွန်နယ်မက်ဆီဟာပီအက်စ်ဂျီအသင်းသို့ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။လီယွန်နယ်မက်ဆီဟာပီအက်စ်ဂျီနှင့်တစ်ပတ်လုပ်ခယူရို၇၂၉၀၀၀တန် ၂နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မက်ဆီဟာပီအက်စ်ဂျီမှာတစ်လလုပ်ခယူရို၂.၉၁သန်းရရှိလာမှာဖြစ်ပြီးတစ်နှစ်လုပ်ခယူရို၃၅သန်းရရှိလာပါမယ်။

မက်ဆီနှင့်ပီအက်စ်ဂျီတို့ဟာ၂နှစ်စာချုပ်ချုပ်ဆိုခဲ့တယ်ဆိုပေမယ့်နောက်ထပ်တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

ဒါပေမယ့်လီယွန်နယ်မက်ဆီနှင့်ပီအက်စ်ဂျီတို့ရဲ့စာချုပ်အတွင်းမှာအာဂျင်တီးနားအသင်းနှင့်ပတ်သက်ပြီးအထူးစပါယ်ရှယ်အချက်တစ်ခုကိုထည့်သွင်းချုပ်ဆိုထားပါတယ်။

လီယွန်နယ်မက်ဆီဟာနွေရာသီတုန်းကအာဂျင်တီးနားနှင့်အတူကိုပါအမေရိကဖလားကိုဆွတ်ခူးပြီးတဲ့နောက်လက်ရွေးစင်အသင်းအတွက်ပိုမိုအာရုံစိုက်လာပြီးနိုင်ငံအသင်းရဲ့ပြိုင်ပွဲနှင့်ခြေစမ်းပွဲများမှာပိုမိုအားစိုက်ဖို့ဆုံးဖြတ်ထားပါတယ်။အထူးသဖြင့်မက်ဆီဟာလာမယ့်နှစ်ဆောင်းရာသီမှာကျင်းပမယ့်ကာတာ၂၀၂၂ကမ္ဘာ့ဖလားမှာအာဂျင်တီးနားနှင့်အတူပါဝင်ဖို့ဆုံးဖြတ်ထားပါတယ်။

ဒါကြောင့်လည်းလီယွန်နယ်မက်ဆီဟာပီအက်စ်ဂျီနှင့်ချုပ်ဆိုလိုက်တဲ့စာချုပ်အတွင်းမှာ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်အာဂျင်တီးနားအသင်းမှာရွေးချယ်ခြင်းခံရပါကကလပ်ဘက်ကတစ်စုံတစ်ရာတားဆီးမှာမဟုတ်ဘူးဆိုတဲ့အချက်ကိုလည်းအထူးအချက်တစ်ခုအနေဖြင့်ထည့်သွင်းထားပါတယ်။

ဒါတင်မကသေးပါဘူး။အာဂျင်တီးနားအသင်းမှနည်းပြအဖွဲ့နှင့်ဆေးအဖွဲ့တို့ကပီအက်စ်ဂျီအသင်းရဲ့အသုံးအဆောင်ပစ္စည်းများကိုအသုံးပြုနိုင်မယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားကြောင်းသိရပါတယ်။

မက်ဆီဟာပီအက်စ်ဂျီအသင်းမှာလေးဦးမှာမြောက်အာဂျင်တီးနားလက်ရွေးစင်ကစားသမားလည်းဖြစ်ပါတယ်။မက်ဆီအပြင်ပီအက်စ်ဂျီမှာအာဂျင်တီးနားကစားသမားအဖြစ်ဒီမာရီယာ၊အိုင်ကာဒီနှင့်ပါရီဒက်စ်တို့ရှိပါသေးတယ်။

မက်ဆီဟာသူနှစ်ပေါင်းများစွာဝတ်ဆင်လာတဲ့ကျောနံပါတ်၁၀ကိုပီအက်စ်ဂျီမှာလည်းဝတ်ဆင်နိုင်ဖို့နေမာရဲ့ကမ်းလှမ်းမှုရရှိပေမယ့်ပယ်ချကာဘာစီလိုနာကစားသမားဘဝအစတုန်းကဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၃၀ကိုဝတ်ဆင်သွားပါမယ်။

မက်ဆီဟာလာမယ့်စနေနေ့မှာစထရာဘော့နှင့်ပွဲစဉ်မှာပီအက်စ်ဂျီအတွက်ပထမဆုံးပွဲစဉ်ကိုကစားသွားဖို့ရှိပါတယ်။

ZawGyi

မက္ဆီရဲ႕ပီအက္စ္ဂ်ီစာခ်ဳပ္အတြင္းတြင္ အထူးစပါယ္ရွယ္ “အာဂ်င္တီးနား “အခ်က္ကို ထည့္သြင္းထား

လီယြန္နယ္မက္ဆီဟာပီအက္စ္ဂ်ီအသင္းသို႔ေျပာင္းေ႐ႊ႕သြားခဲ့ၿပီျဖစ္ပါတယ္။လီယြန္နယ္မက္ဆီဟာပီအက္စ္ဂ်ီႏွင့္တစ္ပတ္လုပ္ခယူ႐ို၇၂၉၀၀၀တန္ ၂ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။ဒါေၾကာင့္မက္ဆီဟာပီအက္စ္ဂ်ီမွာတစ္လလုပ္ခယူ႐ို၂.၉၁သန္းရရွိလာမွာျဖစ္ၿပီးတစ္ႏွစ္လုပ္ခယူ႐ို၃၅သန္းရရွိလာပါမယ္။

မက္ဆီႏွင့္ပီအက္စ္ဂ်ီတို႔ဟာ၂ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တယ္ဆိုေပမယ့္ေနာက္ထပ္တစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

ဒါေပမယ့္လီယြန္နယ္မက္ဆီႏွင့္ပီအက္စ္ဂ်ီတို႔ရဲ႕စာခ်ဳပ္အတြင္းမွာအာဂ်င္တီးနားအသင္းႏွင့္ပတ္သက္ၿပီးအထူးစပါယ္ရွယ္အခ်က္တစ္ခုကိုထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

လီယြန္နယ္မက္ဆီဟာေႏြရာသီတုန္းကအာဂ်င္တီးနားႏွင့္အတူကိုပါအေမရိကဖလားကိုဆြတ္ခူးၿပီးတဲ့ေနာက္လက္ေ႐ြးစင္အသင္းအတြက္ပိုမိုအာ႐ုံစိုက္လာၿပီးႏိုင္ငံအသင္းရဲ႕ၿပိဳင္ပြဲႏွင့္ေျခစမ္းပြဲမ်ားမွာပိုမိုအားစိုက္ဖို႔ဆုံးျဖတ္ထားပါတယ္။အထူးသျဖင့္မက္ဆီဟာလာမယ့္ႏွစ္ေဆာင္းရာသီမွာက်င္းပမယ့္ကာတာ၂၀၂၂ကမာၻ႔ဖလားမွာအာဂ်င္တီးနားႏွင့္အတူပါဝင္ဖို႔ဆုံးျဖတ္ထားပါတယ္။

ဒါေၾကာင့္လည္းလီယြန္နယ္မက္ဆီဟာပီအက္စ္ဂ်ီႏွင့္ခ်ဳပ္ဆိုလိုက္တဲ့စာခ်ဳပ္အတြင္းမွာ၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္အာဂ်င္တီးနားအသင္းမွာေ႐ြးခ်ယ္ျခင္းခံရပါကကလပ္ဘက္ကတစ္စုံတစ္ရာတားဆီးမွာမဟုတ္ဘူးဆိုတဲ့အခ်က္ကိုလည္းအထူးအခ်က္တစ္ခုအေနျဖင့္ထည့္သြင္းထားပါတယ္။

ဒါတင္မကေသးပါဘူး။အာဂ်င္တီးနားအသင္းမွနည္းျပအဖြဲ႕ႏွင့္ေဆးအဖြဲ႕တို႔ကပီအက္စ္ဂ်ီအသင္းရဲ႕အသုံးအေဆာင္ပစၥည္းမ်ားကိုအသုံးျပဳႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားေၾကာင္းသိရပါတယ္။

မက္ဆီဟာပီအက္စ္ဂ်ီအသင္းမွာေလးဦးမွာေျမာက္အာဂ်င္တီးနားလက္ေ႐ြးစင္ကစားသမားလည္းျဖစ္ပါတယ္။မက္ဆီအျပင္ပီအက္စ္ဂ်ီမွာအာဂ်င္တီးနားကစားသမားအျဖစ္ဒီမာရီယာ၊အိုင္ကာဒီႏွင့္ပါရီဒက္စ္တို႔ရွိပါေသးတယ္။

မက္ဆီဟာသူႏွစ္ေပါင္းမ်ားစြာဝတ္ဆင္လာတဲ့ေက်ာနံပါတ္၁၀ကိုပီအက္စ္ဂ်ီမွာလည္းဝတ္ဆင္ႏိုင္ဖို႔ေနမာရဲ႕ကမ္းလွမ္းမႈရရွိေပမယ့္ပယ္ခ်ကာဘာစီလိုနာကစားသမားဘဝအစတုန္းကဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၃၀ကိုဝတ္ဆင္သြားပါမယ္။

မက္ဆီဟာလာမယ့္စေနေန႔မွာစထရာေဘာ့ႏွင့္ပြဲစဥ္မွာပီအက္စ္ဂ်ီအတြက္ပထမဆုံးပြဲစဥ္ကိုကစားသြားဖို႔ရွိပါတယ္။