မက်ဆီရဲ့ပီအက်စ်ဂျီအပြောင်းအရွှေ့မှ ပေါင် ၅ သန်းရရှိလိုက်တဲ့ မိုက်ကယ်ဂျော်ဒန်

ဘတ်စကက်ဘောဂန္ထဝင်မိုက်ကယ်ဂျော်ဒန်ဟာလီယွန်နယ်မက်ဆီရဲ့ပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့မှုမှတစ်ပတ်အတွင်းတွင်ပင်ပေါင်၅သန်းအကျိုးအမြတ်ရရှိသွားခဲ့ပါတယ်။

အသက်၃၄နှစ်ရှိအာဂျင်တီးနားဂန္ထဝင်မက်ဆီဟာဘာစီလိုနာမှထွက်ခွာပြီးနောက်ရက်အနည်းငယ်အကြာတွင်ပင်ပီအက်စ်ဂျီသို့ပြောင်းရွှေ့ခဲ့ပါတယ်။

ပီအက်စ်ဂျီဟာမက်ဆီကိုခေါ်ယူကြောင်းကြေညာပြီးနောက်၇မိနစ်အတွင်းတွင်ပင် Messi 30 ဂျာစီအလုံးရေ တစ်သိန်းခွဲကျော်ရောင်းချခဲ့ရတဲ့အပြင်အွန်လိုင်းစတိုး၊မြေပြင်စတိုးတို့တွင်လည်းအကြီးအကျယ်ရောင်းချခဲ့ရပါတယ်။

ပီအက်စ်ဂျီဟာမက်ဆီရောက်လာပြီးတစ်ပတ်အတွင်းတွင်မက်ဆီဂျာစီပေါင်သန်း၁၀၀ဖိုးအထိရောင်းချထားရပြီးဖြစ်တယ်လို့ယူဆရပါတယ်။

NBA ဂန္ထဝင်ဟာမိုက်ကယ်ဂျော်ဒန်ဟာလည်းမက်ဆီရဲ့ပီအက်စ်ဂျီအင်္ကျီအလွန်ရောင်းကောင်းမှုနဲ့အတူပေါင်၅သန်းအကျိုးအမြတ်ထွက်ခဲ့ပါတယ်။

မိုက်ကယ်ဂျော်ဒန်ရဲ့ Jordan Brand ဟာ၂၀၂၁-၂၂ဘောလုံးရာသီမှာပီအက်စ်ဂျီအသင်းအတွက်အင်္ကျီများထုတ်လုပ်ပေးနေပါတယ်။

Jordan Brand ဟာအင်္ကျီရောင်းချမှုအားလုံးရဲ့၅ရာခိုင်နှုန်းကိုရရှိနေမှုနဲ့အတူမက်ဆီအပြောင်းအရွှေ့မှတစ်ပတ်အတွင်းပေါင်၅သန်းအထိရရှိလာခဲ့တာလည်းဖြစ်ပါတယ်။

ဂျော်ဒန်ဟာနောင်တွင်လည်းမက်ဆီရဲ့အင်္ကျီရောင်းချမှုကနေငွေတွေများစွာရရှိလာဖို့ရှိနေပါသေးတယ်။

ZawGyi

မက္ဆီရဲ႕ပီအက္စ္ဂ်ီအေျပာင္းအေ႐ႊ႕မွ ေပါင္ ၅ သန္းရရွိလိုက္တဲ့ မိုက္ကယ္ေဂ်ာ္ဒန္

ဘတ္စကက္ေဘာဂႏၴဝင္မိုက္ကယ္ေဂ်ာ္ဒန္ဟာလီယြန္နယ္မက္ဆီရဲ႕ပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕မႈမွတစ္ပတ္အတြင္းတြင္ပင္ေပါင္၅သန္းအက်ိဳးအျမတ္ရရွိသြားခဲ့ပါတယ္။

အသက္၃၄ႏွစ္ရွိအာဂ်င္တီးနားဂႏၴဝင္မက္ဆီဟာဘာစီလိုနာမွထြက္ခြာၿပီးေနာက္ရက္အနည္းငယ္အၾကာတြင္ပင္ပီအက္စ္ဂ်ီသို႔ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာမက္ဆီကိုေခၚယူေၾကာင္းေၾကညာၿပီးေနာက္၇မိနစ္အတြင္းတြင္ပင္ Messi 30 ဂ်ာစီအလုံးေရ တစ္သိန္းခြဲေက်ာ္ေရာင္းခ်ခဲ့ရတဲ့အျပင္အြန္လိုင္းစတိုး၊ေျမျပင္စတိုးတို႔တြင္လည္းအႀကီးအက်ယ္ေရာင္းခ်ခဲ့ရပါတယ္။

ပီအက္စ္ဂ်ီဟာမက္ဆီေရာက္လာၿပီးတစ္ပတ္အတြင္းတြင္မက္ဆီဂ်ာစီေပါင္သန္း၁၀၀ဖိုးအထိေရာင္းခ်ထားရၿပီးျဖစ္တယ္လို႔ယူဆရပါတယ္။

NBA ဂႏၴဝင္ဟာမိုက္ကယ္ေဂ်ာ္ဒန္ဟာလည္းမက္ဆီရဲ႕ပီအက္စ္ဂ်ီအက်ႌအလြန္ေရာင္းေကာင္းမႈနဲ႔အတူေပါင္၅သန္းအက်ိဳးအျမတ္ထြက္ခဲ့ပါတယ္။

မိုက္ကယ္ေဂ်ာ္ဒန္ရဲ႕ Jordan Brand ဟာ၂၀၂၁-၂၂ေဘာလုံးရာသီမွာပီအက္စ္ဂ်ီအသင္းအတြက္အက်ႌမ်ားထုတ္လုပ္ေပးေနပါတယ္။

Jordan Brand ဟာအက်ႌေရာင္းခ်မႈအားလုံးရဲ႕၅ရာခိုင္ႏႈန္းကိုရရွိေနမႈနဲ႔အတူမက္ဆီအေျပာင္းအေ႐ႊ႕မွတစ္ပတ္အတြင္းေပါင္၅သန္းအထိရရွိလာခဲ့တာလည္းျဖစ္ပါတယ္။

ေဂ်ာ္ဒန္ဟာေနာင္တြင္လည္းမက္ဆီရဲ႕အက်ႌေရာင္းခ်မႈကေနေငြေတြမ်ားစြာရရွိလာဖို႔ရွိေနပါေသးတယ္။