မက်ဆီရဲ့ဘာစီလိုနာစာချုပ်မှာ ယူရို ၅၅၅ သန်းအထိ တန်ဖိုးရှိ

လီယွန်နယ်မက်ဆီရဲ့လက်ရှိဘာစီလိုနာနှင့်ချုပ်ဆိုထားတဲ့စာချုပ်မှာစုစုပေါင်း ယူရို၅၅၅သန်း(ပေါင်၄၉၁.၅သန်း/ ဒေါ်လာ၆၇၄သန်း)တန်ကြေးရှိကြောင်း El Mundo သတင်းစာရဲ့ဖော်ပြချက်အရသိရပါတယ်။

မက်ဆီဟာယင်းစာချုပ်ကို၂၀၁၇ခုနှစ်တုန်းကချုပ်ဆိုခဲ့တာဖြစ်ပြီးစာချုပ်လက်မှတ်ရေးထိုးခအဖြစ်ယူရို၁၅.၂သန်း(ပေါင်၁၄သန်း/ဒေါ်လာ၁၈.၅သန်း)ရရှိခဲ့ပြီးသစ္စာရှိကြေးယူရို၇၈သန်း(ပေါင်၆၉သန်း/ဒေါ်လာ၉၅သန်း)ရရှိခဲ့ပါတယ်။

မက်ဆီဟာချန်ပီယံလိဂ်အောင်မြင်မှုမရရှိခဲ့သော်လည်းတစ်ရာသီလျှင်ယူရို၁၃၈သန်း(ပေါင်၁၂၂သန်း/ဒေါ်လာ၁၆၈သန်း)ရရှိခဲ့ပါတယ်။

မက်ဆီဟာသစ္စာရှိကြေးကိုပြီးခဲ့တဲ့နွေရာသီတုန်းကရရှိခဲ့တာဖြစ်ပါတယ်။သူဟာစာချုပ်သက်တမ်းနောက်ဆုံးနှစ် ရောက်တဲ့အထိဆက်ရှိမှုကြောင့်ရရှိခဲ့တာပါ။

မက်ဆီဟာပြီးခဲ့တဲ့နွေရာသီတုန်းကဘာစီလိုနာမှထွက်ခွာရန်ကြိုးပမ်းခဲ့သော်လည်းမအောင်မြင်မှုကြောင့်ဆက်က စားခဲ့ရပါတယ်။သူ့ရဲ့ယင်းစာချုပ်ကယခုရာသီအကုန်တွင်ကုန်ဆုံးမှာဖြစ်ပြီးအနာဂတ်ကိုရာသီအကုန်တွင်မှဆုံးဖြတ်မယ်လို့ဆိုထားပါတယ်။

မက်ဆီကိုခေါ်ယူရေးအတွက်မန်စီးတီးနှင့်ပီအက်စ်ဂျီတို့ကကြိုးပမ်းလျက်ရှိကြပါတယ်။

ZawGyi

မက္ဆီရဲ႕ဘာစီလိုနာစာခ်ဳပ္မွာ ယူ႐ို ၅၅၅ သန္းအထိ တန္ဖိုးရွိ

လီယြန္နယ္မက္ဆီရဲ႕လက္ရွိဘာစီလိုနာႏွင့္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္မွာစုစုေပါင္း ယူ႐ို၅၅၅သန္း (ေပါင္၄၉၁.၅သန္း/ ေဒၚလာ၆၇၄သန္း)တန္ေၾကးရွိေၾကာင္း El Mundo သတင္းစာရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။

မက္ဆီဟာယင္းစာခ်ဳပ္ကို၂၀၁၇ခုႏွစ္တုန္းကခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီးစာခ်ဳပ္လက္မွတ္ေရးထိုးခအျဖစ္ယူ႐ို၁၅.၂သန္း(ေပါင္၁၄သန္း/ေဒၚလာ၁၈.၅သန္း)ရရွိခဲ့ၿပီးသစၥာရွိေၾကးယူ႐ို၇၈သန္း(ေပါင္၆၉သန္း/ေဒၚလာ၉၅သန္း)ရရွိခဲ့ပါတယ္။

မက္ဆီဟာခ်န္ပီယံလိဂ္ေအာင္ျမင္မႈမရရွိခဲ့ေသာ္လည္းတစ္ရာသီလွ်င္ယူ႐ို၁၃၈သန္း(ေပါင္၁၂၂ သန္း/ေဒၚလာ၁၆၈သန္း)ရရွိခဲ့ပါတယ္။

မက္ဆီဟာသစၥာရွိေၾကးကိုၿပီးခဲ့တဲ့ေႏြရာသီတုန္းကရရွိခဲ့တာျဖစ္ပါတယ္။သူဟာစာခ်ဳပ္သက္တမ္းေနာက္ဆုံးႏွစ္ ေရာက္တဲ့အထိဆက္ရွိမႈေၾကာင့္ရရွိခဲ့တာပါ။

မက္ဆီဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကဘာစီလိုနာမွထြက္ခြာရန္ႀကိဳးပမ္းခဲ့ေသာ္လည္းမေအာင္ျမင္မႈေၾကာင့္ဆက္က စားခဲ့ရပါတယ္။သူ႔ရဲ႕ယင္းစာခ်ဳပ္ကယခုရာသီအကုန္တြင္ကုန္ဆုံးမွာျဖစ္ၿပီးအနာဂတ္ကိုရာသီအကုန္တြင္မွဆုံးျဖတ္မယ္လို႔ဆိုထားပါတယ္။

မက္ဆီကိုေခၚယူေရးအတြက္မန္စီးတီးႏွင့္ပီအက္စ္ဂ်ီတို႔ကႀကိဳးပမ္းလ်က္ရွိၾကပါတယ္။