မက်ဆီရဲ့လိမ်ခေါက်ဆွဲပြေးမှုတွင် လိုက်ပါမျောကာ ကွင်းစည်းအတွင်းတွင် ပြေးနေခဲ့မိတဲ့ စည်းကြပ်ဒိုင်

ပီအက်စ်ဂျီနှင့်မန်စီးတီးတို့ရင်ဆိုင်ကစားတဲ့ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင်တာဝန်ထမ်းဆောင်ရတဲ့စည်းကြပ်ဒိုင်ဟာလီယွန်နယ်မက်ဆီရဲ့ပဥ္စလက်ဆန်ဆန်ဘောလုံးလိမ်ခေါက်ဆွဲပြေးမှုကိုလိုက်ပါစီးမျောရာမှကွင်းအတွင်းတွင်ပြေးနေမိရက်သားဖြစ်သွားခဲ့ပါတယ်။

လီယွန်နယ်မက်ဆီဟာအင်္ဂါနေ့ညတုန်းကမန်စီးတီးအား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာ ဘယ်ခြေဖြင့်လှပတဲ့ဂိုးသွင်းယူကာပီအက်စ်ဂျီအတွက်ပထမဆုံးဂိုးအားသွင်းယူနိုင်ခဲ့ပါတယ်။

မက်ဆီဟာပွဲချိန်၇၄တွင်ဘယ်ခြမ်းတွင်ဘောလုံးရရှိပြီးနောက်ဧရိယာထိပ်သို့ဆွဲဝင်ပြေးခဲ့ပြီးကိုင်လီယန်ဘက်ပေးနှင့်ဝမ်းတူးရိုက်ကာဘယ်ခြေဖြင့်ပဥ္စလက်ဆန်ဆန်လှလှပပဂိုးသွင်းယူခဲ့ပါတယ်။

စည်းကြပ်ဒိုင်ဟာမက်ဆီဘောလုံးဆွဲပြေးစဉ်အာဂျင်တီးနားစတားအပေါ်အာရုံစိုက်ကြည့်နေမှုကြောင့်ကွင်းအတွင်းသို့အထိဝင်မိတဲ့အထိလိုက်ပါမျောနေခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi


ပီအက်စ်ဂျီနှင့်မန်စီးတီးတို့ရင်ဆိုင်ကစားတဲ့ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင်တာဝန်ထမ်းဆောင်ရတဲ့စည်းကြပ်ဒိုင်ဟာလီယွန်နယ်မက်ဆီရဲ့ပဉ္စလက်ဆန်ဆန်ဘောလုံးလိမ်ခေါက်ဆွဲပြေးမှုကိုလိုက်ပါစီးမျောရာမှကွင်းအတွင်းတွင်ပြေးနေမိရက်သားဖြစ်သွားခဲ့ပါတယ်။


မက်ဆီဟာပွဲချိန်၇၄တွင်ဘယ်ခြမ်းတွင်ဘောလုံးရရှိပြီးနောက်ဧရိယာထိပ်သို့ဆွဲဝင်ပြေးခဲ့ပြီးကိုင်လီယန်ဘက်ပေးနှင့်ဝမ်းတူးရိုက်ကာဘယ်ခြေဖြင့်ပဉ္စလက်ဆန်ဆန်လှလှပပဂိုးသွင်းယူခဲ့ပါတယ်။
