မက်ဆီရဲ့လုပ်ခအတွက် ဘာစီလိုနာကို လာလီဂါကလပ်ဥက္ကဌများ အကူအညီပေးသွားမည်

လာလီဂါကလပ်အသင်းများမှဥက္ကဌများဟာလာမယ့်ဘောလုံးရာသီတွင်မက်ဆီအားဘာစီလိုနာအတွက်ဆက်လက်ထိန်းထားနိုင်ရေးအတွက်သူ့ရဲ့လုပ်ခအချို့ကိုမျှဝေကာအကူအညီပေးသွားရန်စီစဉ်နေကြောင်းသိရပါတယ်။

မက်ဆီဟာပြီးခဲ့တဲ့လအကုန်မှာဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့သူဖြစ်ပြီးကလပ်လက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။သူဟာဘာစီလိုနာနှင့်စာချုပ်သစ်ချုပ်ဆိုရေးအကြမ်းဖျင်းသဘောတူညီမှုရထားပြီဖြစ်ပေမယ့်မချုပ်ဆိုရသေးပါဘူး။

ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာများကြုံတွေ့ရမှုနဲ့အတူအသုံးစရိတ်ကန့်သတ်ခြင်းခံထားရတဲ့အပြင်လုပ်ခအသုံးစရိတ်လျှော့ချမှုယူရိုသန်း၂၀၀အထိပြုလုပ်ရန်လာလီဂါရဲ့ညွှန်ကြားခြင်းခံထားရပါတယ်။

ဒါကြောင့်လည်းဘာစီလိုနာဟာအသစ်ခေါ်ယူထားတဲ့အဂွဲရိုး၊ဒီပေး၊ဂါစီယာနှင့်အီမာဆင်တို့အားမှတ်ပုံတင်နိုင်ခြင်းမရှိသေးပါဘူး။

ယင်းသို့အခြေအနေများကြောင့်ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာကိုဖြေရှင်းနိုင်ရန်အတွက်အန်တိုနီဂရက်ဇ်မန်းအားရောင်းချဖို့အဆင်သင့်နီးပါးရှိနေပါတယ်။

တစ်ဖက်တွင်လာလီဂါမှဥက္ကဌများဟာလည်းမက်ဆီသာလာလီဂါမှာမရှိတော့လျှင်ပြိုင်ပွဲအားလူစိတ်ဝင်စားမှုလျှော့ချလာနိုင်မှုကြောင့်မက်ဆီကိုဘာစီလိုနာဆက်ထိန်းထားရေးအတွက်အလိုရှိနေပါတယ်။ဒါကြောင့်လည်းလာလီဂါကလပ်များမှဥက္ကဌတို့ဟာမက်ဆီရဲ့လုပ်ခတစ်ချို့ကိုအကုန်အကျခံပြီးဘာစီလိုနာကိုအကူအညီပေးရန်စီစဉ်နေကြောင်းလည်းသိရပါတယ်။

ZawGyi

မက္ဆီရဲ႕လုပ္ခအတြက္ ဘာစီလိုနာကို လာလီဂါကလပ္ဥကၠဌမ်ား အကူအညီေပးသြားမည္

လာလီဂါကလပ္အသင္းမ်ားမွဥကၠဌမ်ားဟာလာမယ့္ေဘာလုံးရာသီတြင္မက္ဆီအားဘာစီလိုနာအတြက္ဆက္လက္ထိန္းထားႏိုင္ေရးအတြက္သူ႔ရဲ႕လုပ္ခအခ်ိဳ႕ကိုမွ်ေဝကာအကူအညီေပးသြားရန္စီစဥ္ေနေၾကာင္းသိရပါတယ္။

မက္ဆီဟာၿပီးခဲ့တဲ့လအကုန္မွာဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့သူျဖစ္ၿပီးကလပ္လက္မဲ့ျဖစ္ေနသူျဖစ္ပါတယ္။သူဟာဘာစီလိုနာႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအၾကမ္းဖ်င္းသေဘာတူညီမႈရထားၿပီျဖစ္ေပမယ့္မခ်ဳပ္ဆိုရေသးပါဘူး။

ဘာစီလိုနာဟာဘ႑ာေရးျပႆနာမ်ားႀကဳံေတြ႕ရမႈနဲ႔အတူအသုံးစရိတ္ကန႔္သတ္ျခင္းခံထားရတဲ့အျပင္လုပ္ခအသုံးစရိတ္ေလွ်ာ့ခ်မႈယူ႐ိုသန္း၂၀၀အထိျပဳလုပ္ရန္လာလီဂါရဲ႕ၫႊန္ၾကားျခင္းခံထားရပါတယ္။

ဒါေၾကာင့္လည္းဘာစီလိုနာဟာအသစ္ေခၚယူထားတဲ့အဂြဲ႐ိုး၊ဒီေပး၊ဂါစီယာႏွင့္အီမာဆင္တို႔အားမွတ္ပုံတင္ႏိုင္ျခင္းမရွိေသးပါဘူး။

ယင္းသို႔အေျခအေနမ်ားေၾကာင့္ဘာစီလိုနာဟာဘ႑ာေရးျပႆနာကိုေျဖရွင္းႏိုင္ရန္အတြက္အန္တိုနီဂရက္ဇ္မန္းအားေရာင္းခ်ဖို႔အဆင္သင့္နီးပါးရွိေနပါတယ္။

တစ္ဖက္တြင္လာလီဂါမွဥကၠဌမ်ားဟာလည္းမက္ဆီသာလာလီဂါမွာမရွိေတာ့လွ်င္ၿပိဳင္ပြဲအားလူစိတ္ဝင္စားမႈေလွ်ာ့ခ်လာႏိုင္မႈေၾကာင့္မက္ဆီကိုဘာစီလိုနာဆက္ထိန္းထားေရးအတြက္အလိုရွိေနပါတယ္။ဒါေၾကာင့္လည္းလာလီဂါကလပ္မ်ားမွဥကၠဌတို႔ဟာမက္ဆီရဲ႕လုပ္ခတစ္ခ်ိဳ႕ကိုအကုန္အက်ခံၿပီးဘာစီလိုနာကိုအကူအညီေပးရန္စီစဥ္ေနေၾကာင္းလည္းသိရပါတယ္။