
လူးဝစ်ဆွာရက်ဇ်ဟာခရစ္စမတ်ကာလကိုသူငယ်ချင်းဖြစ်သူလီယွန်နယ်မက်ဆီရဲ့နေအိမ်တွင်ကုန်ဆုံးရင်းဘရာဇီးကလပ်ဂရီမီယိုသို့ပြောင်းရွှေ့ကစားရန်သဘောတူညီမှုရရှိခဲ့ကြောင်းသိရပါတယ်။
ဥရုဂွေးတိုက်စစ်မှူးဟာကစားသမားဘဝစတင်ရာနေစီယွန်နယ်တွင်ကာလတိုကစားပြီးနောက်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီထွက်ခွာလာခဲ့သူလည်းဖြစ်ပါတယ်။
သူဟာဘာစီလိုနာကစားဖော်ဟောင်းလီယွန်နယ်မက်ဆီရဲ့အကြံပြုချက်ကြောင့်ဂရီမီယိုသို့ပြောင်းရွှေ့ကစားရန်ဆုံးဖြတ်ခဲ့တာလို့ယူဆရပါတယ်။
လူးဝစ်ဆွာရက်ဇ်ဟာခရစ္စမတ်ကာလကိုမက်ဆီနှင့်အတူဖြတ်သန်းရန် မက်ဆီရှိရာရိုဆာရီယိုနေအိမ်သို့ရောက်ရှိနေသူလည်းဖြစ်ပါတယ်။၎င်းတို့ဟာယင်းတွင်ကမ္ဘာ့ဖလားချန်ပီယံအောင်ပွဲခံမှုပြုလုပ်ခဲ့တယ်လို့လည်းယူဆရပါတယ်။
ယင်းအားလပ်ရက်ကာလအတွင်းတွင်လူးဝစ်ဆွာရက်ဇ်ဟာသူ့အပြောင်းအရွှေ့နှင့်ပတ်သက်ပြီးဆွေးနွေးခဲ့ပြီးမက်ဆီကဂရီမီယိုသို့ပြောင်းရန်အကြံပေးခဲ့တာဖြစ်ပါတယ်။
လူးဝစ်ဆွာရက်ဇ်ဟာဂရီမီယိုအသင်းတွင်လီဗာပူးတွင်အတူကစားခဲ့တဲ့လူးကပ်စ်နှင့်ပြန်တွဲကစားရပါမယ်။
လူးဝစ်ဆွာရက်ဇ်ဟာဂရီမီယိုသို့၂နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့ကစားရန်သဘောတူညီမှုရရှိထားကြောင်းသိရပါတယ်။
ZawGyi
မက်ဆီရဲ့အကြံပေးမှုကြောင့် ဘရာဇီးကလပ်သို့ ပြောင်းကစားတော့မဲ့ လူးဝစ်ဆွာရက်ဇ်