မက်ဆီရဲ့အင်္ကျီကို မအေနဲ့ အလဲအထပ်လုပ်ဖို့ ကြိုးစားတဲ့ ပီအက်စ်ဂျီပရိသတ်
လီယွန်နယ်မက်ဆီရဲ့တကယ့်အမာခံပရိသတ်တစ်ဦးဟာမနေ့ညတုန်းကလိုက်ဇစ်ကိုပီအက်စ်ဂျီက၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာအာဂျင်တီးနားစူပါစတားရဲ့အင်္ကျီရရှိဖို့အတွက်အစွမ်းကုန်ကြိုုးစားအားထုတ်မှုပြုလုပ်လာခဲ့ပါတယ်။
မိခင်နှင့်အတူ ပွဲလာကြည့်တဲ့လူငယ်ပရိသတ်တစ်ဦးဟာယင်းပွဲမှာအားလုံးအံ့ဩသင့်စေတဲ့ဆိုင်းဘုတ်ကြီးကိုင်ကာပွဲကြည့်နေခဲ့ပါတယ်။
ယင်းလူငယ်ရဲ့ဆိုင်းဘုတ်မှာ “Leo, give me your shirt. I give you my mum ” ဆိုပြီးရေးသားထားပါတယ်။
ယင်းလူငယ်ရဲ့ဓာတ်ပုံမှာဆိုရှယ်မီဒီယာတွင်ပြန့်နှံ့နေပြီး ပရိသတ်တစ်ဦးက “တကယ့်ကို win-win ပဲဟေ့။သူ့အင်္ကျီလည်းရမယ်။သူ(မက်ဆီ)ကလည်းမင်းအဖေဖြစ်လာမယ်။အဲဒါဆိုရင်မင်းအားလုံးရပြီပဲဟဟ”ဆိုပြီး ရေးသားသွားပါတယ်။
အခြားပရိသတ်တစ်ဦးကလည်း “ဒီကလေးရဲ့အဖေ ဒီပွဲကိုတီဗွီကနေကြည့်နေရင်တော့လား”ဆိုပြီး ရေးသားသွားပါတယ်။
မက်ဆီဟာလိုက်ဇစ်အား၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာပင်နယ်တီတစ်ဂိုးအပါအဝင်၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ZawGyi
လီယွန်နယ်မက်ဆီရဲ့တကယ့်အမာခံပရိသတ်တစ်ဦးဟာမနေ့ညတုန်းကလိုက်ဇစ်ကိုပီအက်စ်ဂျီက၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာအာဂျင်တီးနားစူပါစတားရဲ့အင်္ကျီရရှိဖို့အတွက်အစွမ်းကုန်ကြိုးစားအားထုတ်မှုပြုလုပ်လာခဲ့ပါတယ်။