မက်ဆီရဲ့အင်္ကျီရဖို့ အကြီးအကျယ်ပြဿနာတက်ခဲ့ဖူးတဲ့ ဘိုနုချီနှင့်ချီရယ်လီနီ

အီတလီနှင့်ဂျူဗင်တပ်ဗဟိုနောက်ခံအတွဲလီယိုနာဒိုဘိုနုချီနှင့်ဂျော့ဂျီယိုချီရယ်လီနီတို့ဟာအီတလီအသင်းကိုယူရို၂၀၂၀ချန်ပီယံဖြစ်အောင်အဓိကနေရာမှအတွဲညီညီနဲ့ကြိုးပမ်းကစားပေးခဲ့ကြပါတယ်။

သူတို့နှစ်ဦးဟာအီတလီအသင်းမှာသာမကဂျူဗင်တပ်အသင်းမှာလည်းအတွဲညီညီကစားကာ အောင်မြင်မှုပေါင်းများစွာကိုအတူလက်တွဲရယူခဲ့ကြသူများလည်းဖြစ်ပါတယ်။

ဒါပေမယ့်ဘိုနုချီနှင့်ချီရယ်လီနီတို့ဟာဘယ်လောက်ပဲအတွဲညီညီကစားကာပြိုင်ဘက်ကိုရင်ဆိုင်ခဲ့ကြပါစေ တစ်ခါတုန်းကတော့လီယွန်နယ်မက်ဆီရဲ့အင်္ကျီကိုရရှိဖို့အတွက်ပြဿနာအကြီးကြီးတက်ခဲ့ကြဖူးပါတယ်။

ပြီးခဲ့တဲ့၂၀၁၇ခုနှစ်ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာဂျူဗင်တပ်ဟာဘာစီလိုနာနှင့်ရင်ဆိုင်ကစားခဲ့ရပါတယ်။ဒုတိယအကျော့မှာဘိုနုချီဟာပွဲအပြီးမှာလီယွန်နယ်မက်ဆီရဲ့အင်္ကျီကိုရရှိဖို့ကြိုးပမ်းခဲ့ပါတယ်။

ပွဲအပြီးမှာဘိုနုချီဟာမက်ဆီထံသို့ချည်းကပ်ပြီး မက်ဆီအား “ဟေ့ လီယို”လို့အော်ပြောခဲ့ပါတယ်။ဒါပေမယ့်ချက်ချင်းဆိုသလိုချီရယ်လီနီရောက်လာပြီးဘိုနုချီရဲ့လက်ကိုတွန်းပြီးတားခဲ့ပါတယ်။ဒါပေမယ့်ဘိုနုချီက “ဟေ့လီယို။မင်းအင်္ကျီကိုငါယူလို့ရမလား”လို့ထပ်ပြောခဲ့ပါတယ်။

ချီရယ်လီနီဟာသူကိုယ်တိုင်ပဲ မက်ဆီရဲ့အင်္ကျီကိုလိုချင်လို့တားတာလား၊ဒါမှမဟုတ်သူ့ကစားသမားဖော်ကိုဘဲပြိုင်ဘက်ကစားသမားဆီမှာအောက်ကျို့ပြီးအင်္ကျီတောင်းတာမျိုးမလုပ်စေချင်လို့လား အတိအကျမသိရပါဘူး။

ယင်းတုန်းကဂျူဗင်တပ်ဟာနူးကမ့်မှာဘာစီလိုနာနှင့်ဂိုးမရှိသရေကျပြီးတူရင်မှာ၃-၀ဂိုးဖြင့်အနိုင်ရရှိကာနှစ်ကျော့ပေါင်းရလဒ်၃-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ချီရယ်လီနီကဘယ်လောက်ပဲတားတားဘိုနုချီဟာပြိုင်ဘက်ကစားသမားမက်ဆီရဲ့အင်္ကျီကိုတော့ရယူနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာမက်ဆီရဲ့အင်္ကျီရယူခဲ့မှုနဲ့ပတ်သက်ပြီးဘိုနုချီက “ပွဲအပြီးမှာမက်ဆီရဲ့အင်္ကျီကိုယူခဲ့တာလား။ကမ္ဘာ့အကောင်းဆုံးကစားသမားရဲ့အင်္ကျီကိုရခဲ့လို့အရမ်းဝမ်းသာပါတယ်။ကျွန်တော့်သားတော့အရမ်းပျော်နေပါတော့မယ်”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

မက္ဆီရဲ႕အက်ႌရဖို႔ အႀကီးအက်ယ္ျပႆနာတက္ခဲ့ဖူးတဲ့ ဘိုႏုခ်ီႏွင့္ခ်ီရယ္လီနီ

အီတလီႏွင့္ဂ်ဴဗင္တပ္ဗဟိုေနာက္ခံအတြဲလီယိုနာဒိုဘိုႏုခ်ီႏွင့္ေဂ်ာ့ဂ်ီယိုခ်ီရယ္လီနီတို႔ဟာအီတလီအသင္းကိုယူ႐ို၂၀၂၀ခ်န္ပီယံျဖစ္ေအာင္အဓိကေနရာမွအတြဲညီညီနဲ႔ႀကိဳးပမ္းကစားေပးခဲ့ၾကပါတယ္။

သူတို႔ႏွစ္ဦးဟာအီတလီအသင္းမွာသာမကဂ်ဴဗင္တပ္အသင္းမွာလည္းအတြဲညီညီကစားကာ ေအာင္ျမင္မႈေပါင္းမ်ားစြာကိုအတူလက္တြဲရယူခဲ့ၾကသူမ်ားလည္းျဖစ္ပါတယ္။

ဒါေပမယ့္ဘိုႏုခ်ီႏွင့္ခ်ီရယ္လီနီတို႔ဟာဘယ္ေလာက္ပဲအတြဲညီညီကစားကာၿပိဳင္ဘက္ကိုရင္ဆိုင္ခဲ့ၾကပါေစ တစ္ခါတုန္းကေတာ့လီယြန္နယ္မက္ဆီရဲ႕အက်ႌကိုရရွိဖို႔အတြက္ျပႆနာအႀကီးႀကီးတက္ခဲ့ၾကဖူးပါတယ္။

ၿပီးခဲ့တဲ့၂၀၁၇ခုႏွစ္ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာဂ်ဴဗင္တပ္ဟာဘာစီလိုနာႏွင့္ရင္ဆိုင္ကစားခဲ့ရပါတယ္။ဒုတိယအေက်ာ့မွာဘိုႏုခ်ီဟာပြဲအၿပီးမွာလီယြန္နယ္မက္ဆီရဲ႕အက်ႌကိုရရွိဖို႔ႀကိဳးပမ္းခဲ့ပါတယ္။

ပြဲအၿပီးမွာဘိုႏုခ်ီဟာမက္ဆီထံသို႔ခ်ည္းကပ္ၿပီး မက္ဆီအား “ေဟ့ လီယို”လို႔ေအာ္ေျပာခဲ့ပါတယ္။ဒါေပမယ့္ခ်က္ခ်င္းဆိုသလိုခ်ီရယ္လီနီေရာက္လာၿပီးဘိုႏုခ်ီရဲ႕လက္ကိုတြန္းၿပီးတားခဲ့ပါတယ္။ဒါေပမယ့္ဘိုႏုခ်ီက “ေဟ့လီယို။မင္းအက်ႌကိုငါယူလို႔ရမလား”လို႔ထပ္ေျပာခဲ့ပါတယ္။

ခ်ီရယ္လီနီဟာသူကိုယ္တိုင္ပဲ မက္ဆီရဲ႕အက်ႌကိုလိုခ်င္လို႔တားတာလား၊ဒါမွမဟုတ္သူ႔ကစားသမားေဖာ္ကိုဘဲၿပိဳင္ဘက္ကစားသမားဆီမွာေအာက္က်ိဳ႕ၿပီးအက်ႌေတာင္းတာမ်ိဳးမလုပ္ေစခ်င္လို႔လား အတိအက်မသိရပါဘူး။

ယင္းတုန္းကဂ်ဴဗင္တပ္ဟာႏူးကမ့္မွာဘာစီလိုနာႏွင့္ဂိုးမရွိသေရက်ၿပီးတူရင္မွာ၃-၀ဂိုးျဖင့္အႏိုင္ရရွိကာႏွစ္ေက်ာ့ေပါင္းရလဒ္၃-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ခ်ီရယ္လီနီကဘယ္ေလာက္ပဲတားတားဘိုႏုခ်ီဟာၿပိဳင္ဘက္ကစားသမားမက္ဆီရဲ႕အက်ႌကိုေတာ့ရယူႏိုင္ခဲ့ပါတယ္။

ပြဲအၿပီးမွာမက္ဆီရဲ႕အက်ႌရယူခဲ့မႈနဲ႔ပတ္သက္ၿပီးဘိုႏုခ်ီက “ပြဲအၿပီးမွာမက္ဆီရဲ႕အက်ႌကိုယူခဲ့တာလား။ကမာၻ႔အေကာင္းဆုံးကစားသမားရဲ႕အက်ႌကိုရခဲ့လို႔အရမ္းဝမ္းသာပါတယ္။ကြၽန္ေတာ့္သားေတာ့အရမ္းေပ်ာ္ေနပါေတာ့မယ္”လို႔ေျပာၾကားခဲ့ပါတယ္။