မက်ဆီရဲ့အဆင့်မျိုးသို့ ရောက်အောင် ယူနိုက်တက်သို့ ပြောင်းကစားရန် ဘက်ပေးကို ရွန်းနီ တိုက်တွန်းလာ

ယူနိုက်တက်ဂန္ထဝင်ကစားသမားဝိန်းရွန်းနီကကိုင်လီယန်ဘက်ပေးအနေဖြင့်လီယွန်နယ်မက်ဆီ၊ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အဆင့်မျိုးသို့ရောက်ရှိလာစေရန်အတွက်ပီအက်စ်ဂျီမှမန်ချက်စတာယူနိုက်တက်သို့ပြောင်းရွှေ့ကစားရန်လိုအပ်နေကြောင်းပြောကြားလာပါတယ်။

အသက်၂၃နှစ်ရှိကိုင်လီယန်ဘက်ပေးဟာကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်၁၉၆၆ နောက်ပိုင်းပထမဆုံးဟက်ထရစ်သွင်းယူနိုင်တဲ့သူအဖြစ်သမိုင်းမှတ်တမ်းရေးထိုးခဲ့တဲ့အပြင်ရွှေဖိနပ်ဆုရယူနိုင်ခဲ့ပေမဲ့လည်းကမ္ဘာ့ဖလားရွှေတံဆိပ်ဆုမရယူနိုင်ခဲ့ဘဲဒုတိယဖြင့်သာကျေနပ်ခဲ့ရပါတယ်။

ဘက်ပေးဟာပီအက်စ်ဂျီအတွက်ပွဲ၁၉၀ကစားထားရာတွင်ဂိုး၁၉၀သွင်းယူပြီး၉၃ကြိမ်ဖန်တီးထားနိုင်မှုနဲ့အတူမက်ဆီနှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့ကဲ့သို့ GOAT စာရင်းဝင်တစ်ဦးဖြစ်လာမယ်လို့ခန့်မှန်းခြင်းခံထားရပါတယ်။

ဒါပေမဲ့ယူနိုက်တက်ဂန္ထဝင်ဝိန်းရွန်းနီကပြင်သစ်စတားအနေဖြင့်မက်ဆီနှင့်ရော်နယ်ဒိုတို့ရဲ့အဆင့်မျိုးရောက်လာဖို့အတွက်ယူနိုက်တက်(သို့မဟုတ်)ရီးရဲလ်မက်ဒရစ်သို့ပြောင်းကစားရန်လိုအပ်နေကြောင်းဆိုသွားပါတယ်။

ဝိန်းရွန်းနီက “ဘက်ပေးအနေနဲ့ပီအက်စ်ဂျီကိုစွန့်ခွာပြီးပရီးမီးယားလိဂ်သို့လာကစားသင့်လို့ထင်တယ်။ပီအက်စ်ဂျီကကလပ်ကြီးတစ်ခုပါ။ဒါပေမဲ့လီဂူး၁ဖလားရတာကလွဲရင်သူ့အနေနဲ့ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။မန်ချက်စတာယူနိုက်တက်သို့မဟုတ်ရီးရဲလ်မက်ဒရစ်သို့ပြောင်းသင့်တယ်။တကယ်လို့သူ့အနေနဲ့လီယွန်နယ်မက်ဆီနဲ့ခရစ္စတီယာနိုရော်နယ်ဒိုတို့ရဲ့အဆင့်သို့ရောက်ချင်တယ်ဆိုရင်တော့မန်ချက်စတာယူနိုက်တက်သို့မဟုတ်ရီးရဲလ်မက်ဒရစ်သို့ပြောင်းကစားသင့်တယ်”လို့ပြောကြားသွားပါတယ်။

ကိုင်လီယန်ဘက်ပေးဟာမေလတုန်းကမှပီအက်စ်ဂျီနှင့်၃နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့သူဟာပီအက်စ်ဂျီမှထွက်ခွာလာမယ်ဆိုပါကယူနိုက်တက်သို့တော့ပြောင်းကစားဖို့မရှိပါဘူး။ဘက်ပေးကိုခေါ်ယူလိုပါကစံချိန်တင်ပြောင်းရွှေ့ကြေးနှင့်လုပ်ခပေးလာရပါမယ်။

သူဟာပီအက်စ်ဂျီနှင့်စာချုပ်သစ်မချုပ်ဆိုမီ ရီးရဲလ်မက်ဒရစ်သို့ပြောင်းမယ်လို့ကျယ်ပြန့်စွာသတင်းထွက်ပေါ်ခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

မက္ဆီရဲ႕အဆင့္မ်ိဳးသို႔ ေရာက္ေအာင္ ယူႏိုက္တက္သို႔ ေျပာင္းကစားရန္ ဘက္ေပးကို ႐ြန္းနီ တိုက္တြန္းလာ

ယူႏိုက္တက္ဂႏၴဝင္ကစားသမားဝိန္း႐ြန္းနီကကိုင္လီယန္ဘက္ေပးအေနျဖင့္လီယြန္နယ္မက္ဆီ၊ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အဆင့္မ်ိဳးသို႔ေရာက္ရွိလာေစရန္အတြက္ပီအက္စ္ဂ်ီမွမန္ခ်က္စတာယူႏိုက္တက္သို႔ေျပာင္းေ႐ႊ႕ကစားရန္လိုအပ္ေနေၾကာင္းေျပာၾကားလာပါတယ္။

အသက္၂၃ႏွစ္ရွိကိုင္လီယန္ဘက္ေပးဟာကမာၻ႔ဖလားဗိုလ္လုပြဲတြင္၁၉၆၆ ေနာက္ပိုင္းပထမဆုံးဟက္ထရစ္သြင္းယူႏိုင္တဲ့သူအျဖစ္သမိုင္းမွတ္တမ္းေရးထိုးခဲ့တဲ့အျပင္ေ႐ႊဖိနပ္ဆုရယူႏိုင္ခဲ့ေပမဲ့လည္းကမာၻ႔ဖလားေ႐ႊတံဆိပ္ဆုမရယူႏိုင္ခဲ့ဘဲဒုတိယျဖင့္သာေက်နပ္ခဲ့ရပါတယ္။

ဘက္ေပးဟာပီအက္စ္ဂ်ီအတြက္ပြဲ၁၉၀ကစားထားရာတြင္ဂိုး၁၉၀သြင္းယူၿပီး၉၃ႀကိမ္ဖန္တီးထားႏိုင္မႈနဲ႔အတူမက္ဆီႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ကဲ့သို႔ GOAT စာရင္းဝင္တစ္ဦးျဖစ္လာမယ္လို႔ခန႔္မွန္းျခင္းခံထားရပါတယ္။

ဒါေပမဲ့ယူႏိုက္တက္ဂႏၴဝင္ဝိန္း႐ြန္းနီကျပင္သစ္စတားအေနျဖင့္မက္ဆီႏွင့္ေရာ္နယ္ဒိုတို႔ရဲ႕အဆင့္မ်ိဳးေရာက္လာဖို႔အတြက္ယူႏိုက္တက္(သို႔မဟုတ္)ရီးရဲလ္မက္ဒရစ္သို႔ေျပာင္းကစားရန္လိုအပ္ေနေၾကာင္းဆိုသြားပါတယ္။

ဝိန္း႐ြန္းနီက “ဘက္ေပးအေနနဲ႔ပီအက္စ္ဂ်ီကိုစြန႔္ခြာၿပီးပရီးမီးယားလိဂ္သို႔လာကစားသင့္လို႔ထင္တယ္။ပီအက္စ္ဂ်ီကကလပ္ႀကီးတစ္ခုပါ။ဒါေပမဲ့လီဂူး၁ဖလားရတာကလြဲရင္သူ႔အေနနဲ႔ဘာမွလုပ္ႏိုင္မွာမဟုတ္ဘူး။မန္ခ်က္စတာယူႏိုက္တက္သို႔မဟုတ္ရီးရဲလ္မက္ဒရစ္သို႔ေျပာင္းသင့္တယ္။တကယ္လို႔သူ႔အေနနဲ႔လီယြန္နယ္မက္ဆီနဲ႔ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ရဲ႕အဆင့္သို႔ေရာက္ခ်င္တယ္ဆိုရင္ေတာ့မန္ခ်က္စတာယူႏိုက္တက္သို႔မဟုတ္ရီးရဲလ္မက္ဒရစ္သို႔ေျပာင္းကစားသင့္တယ္”လို႔ေျပာၾကားသြားပါတယ္။

ကိုင္လီယန္ဘက္ေပးဟာေမလတုန္းကမွပီအက္စ္ဂ်ီႏွင့္၃ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့သူျဖစ္ပါတယ္။ဒါေပမဲ့သူဟာပီအက္စ္ဂ်ီမွထြက္ခြာလာမယ္ဆိုပါကယူႏိုက္တက္သို႔ေတာ့ေျပာင္းကစားဖို႔မရွိပါဘူး။ဘက္ေပးကိုေခၚယူလိုပါကစံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးႏွင့္လုပ္ခေပးလာရပါမယ္။

သူဟာပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သစ္မခ်ဳပ္ဆိုမီ ရီးရဲလ္မက္ဒရစ္သို႔ေျပာင္းမယ္လို႔က်ယ္ျပန႔္စြာသတင္းထြက္ေပၚခဲ့သူလည္းျဖစ္ပါတယ္။