
မန်စီးတီးနည်းပြဂွါဒီယိုလာဟာယခုရာသီတွင်အာလင်းဟာလန်းမှာကြောက်လန့်ဖွယ်ထိပ်တန်းခြေစွမ်းမျိုးဖြင့်ကစားနေပေမဲ့လည်းလီယွန်နယ်မက်ဆီရဲ့အဆင့်မျိုးသို့ မရောက်သေးကြောင်းနှင့် ဘာကြောင့်မရောက်သေးသလဲဆိုတာရှင်းလင်းပြောကြားလာပါတယ်။
အာလင်းဟာလန်းဟာမနေ့ညတုန်းကမန်ချက်စတာဒါဘီပွဲတွင်ဟက်ထရစ်သွင်းယူနိုင်ပြီးနောက် ပရီးမီးယားလိဂ်၈ပွဲတွင်တတိယမြောက်ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။
အသက်၂၂နှစ်ရှိအာလင်းဟာလန်းဟာမန်စီးတီးအတွက်၁၁ပွဲကစားထားရာတွင်၁၇ဂိုးအထိသွင်းထားနိုင်ပါတယ်။
သူဟာပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုဂိုးစံချိန်သစ်သွင်းယူပြီး ဆွတ်ခူးနိုင်မယ့်အခြေအနေမျိုးမှာရှိနေပါတယ်။
အာလင်းဟာလန်းမှာ မက်ဆီ ဘာစီလိုနာမှာကစားတုန်းကကဲ့သို့ကစားတဲ့ပွဲတိုင်းနီးပါးဂိုးသွင်းနိုင်မယ်လို့ယူဆသလားလို့မေးမြန်းလာမှုကိုဂွါဒီယိုလာက “ကွဲပြားတယ်။အာလင်းမှာကဒါလုပ်နိုင်ဖို့အတွက်ကစားဖော်တွေရဲ့အကူအညီအားလုံးလိုအပ်တယ်။သူ့ဂိုးသွင်းစွမ်းရည်ကလည်းမယုံကြည်နိုင်စရာကောင်းတယ်။ဒါပေမဲ့မက်ဆီကျတော့သူတစ်ယောက်တည်းနဲ့လုပ်သွားနိုင်တဲ့အရည်အချင်းရှိတယ်”လို့ပြောကြားသွားပါတယ်။
ZawGyi
မက္ဆီရဲ႕အဆင့္မ်ိဳးသို႔ အာလင္းဟာလန္း ဘာေၾကာင့္ မေရာက္ေသးလဲ ဂြါဒီယိုလာရွင္းလင္းလာ
မန္စီးတီးနည္းျပဂြါဒီယိုလာဟာယခုရာသီတြင္အာလင္းဟာလန္းမွာေၾကာက္လန႔္ဖြယ္ထိပ္တန္းေျခစြမ္းမ်ိဳးျဖင့္ကစားေနေပမဲ့လည္းလီယြန္နယ္မက္ဆီရဲ႕အဆင့္မ်ိဳးသို႔ မေရာက္ေသးေၾကာင္းႏွင့္ ဘာေၾကာင့္မေရာက္ေသးသလဲဆိုတာရွင္းလင္းေျပာၾကားလာပါတယ္။
အာလင္းဟာလန္းဟာမေန႔ညတုန္းကမန္ခ်က္စတာဒါဘီပြဲတြင္ဟက္ထရစ္သြင္းယူႏိုင္ၿပီးေနာက္ ပရီးမီးယားလိဂ္၈ပြဲတြင္တတိယေျမာက္ဟက္ထရစ္သြင္းယူႏိုင္ခဲ့ပါတယ္။
အသက္၂၂ႏွစ္ရွိအာလင္းဟာလန္းဟာမန္စီးတီးအတြက္၁၁ပြဲကစားထားရာတြင္၁၇ဂိုးအထိသြင္းထားႏိုင္ပါတယ္။
သူဟာပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုကိုဂိုးစံခ်ိန္သစ္သြင္းယူၿပီး ဆြတ္ခူးႏိုင္မယ့္အေျခအေနမ်ိဳးမွာရွိေနပါတယ္။
အာလင္းဟာလန္းမွာ မက္ဆီ ဘာစီလိုနာမွာကစားတုန္းကကဲ့သို႔ကစားတဲ့ပြဲတိုင္းနီးပါးဂိုးသြင္းႏိုင္မယ္လို႔ယူဆသလားလို႔ေမးျမန္းလာမႈကိုဂြါဒီယိုလာက “ကြဲျပားတယ္။အာလင္းမွာကဒါလုပ္ႏိုင္ဖို႔အတြက္ကစားေဖာ္ေတြရဲ႕အကူအညီအားလုံးလိုအပ္တယ္။သူ႔ဂိုးသြင္းစြမ္းရည္ကလည္းမယုံၾကည္ႏိုင္စရာေကာင္းတယ္။ဒါေပမဲ့မက္ဆီက်ေတာ့သူတစ္ေယာက္တည္းနဲ႔လုပ္သြားႏိုင္တဲ့အရည္အခ်င္းရွိတယ္”လို႔ေျပာၾကားသြားပါတယ္။