မက်ဆီရဲ့အဝတ်အစားလဲခန်းမှအပြုအမူကြောင့် အံ့ဩသင့်ကျန်ခဲ့တဲ့ ပီအက်စ်ဂျီကစားဖော်

လီယွန်နယ်မက်ဆီရဲ့ပီအက်စ်ဂျီကစားဖော်များဟာအာဂျင်တီးနားစူပါစတားရဲ့အဝတ်အစားလဲခန်းအပြုအမူကြောင့်အကြီးအကျယ်တုန်လှုပ်ခဲ့ကြကြောင်း အာရှရပ်ဖ်ဟာကီမီကဖွင့်ဟပြောကြားလာပါတယ်။

Bollon d’Or ခြောက်ကြိမ်ရလီယွန်နယ်မက်ဆီဟာနွေရာသီတုန်းက၂၁နှစ်ကြာကစားလာခဲ့တဲ့ဘာစီလိုနာမှထွက်ခွာကာပီအက်စ်ဂျီသို့ပြောင်းရွှေ့ခဲ့ပါတယ်။

သူဟာပီအက်စ်ဂျီအတွက်လီဂူး၁ပွဲသုံးပွဲကစားထားပြီးဖြစ်ပါတယ်။ဟာကီမီဟာလည်းနွေရာသီတုန်းကအင်တာမီလန်မှပီအက်စ်ဂျီသို့ပြောင်းလာခဲ့သူဖြစ်ပါတယ်။ဟာကီမီဟာ မက်ဆီရဲ့အဝတ်အစားလဲခန်းအတွင်းအပြုအမူများကိုဖွင့်ဟလာခဲ့တာလည်းဖြစ်ပါတယ်။

ဟာကီမီက “ဘာကာကနေမက်ဆီထွက်ခွာဖို့ဆိုတာအခြားသူတွေလိုပဲကျွန်တော်လည်းမယုံနိုင်အောင်ဖြစ်ရပါတယ်။ဒီကိုရောက်လာတယ်လည်းဆိုရောဘာပြောနိုင်မလဲ။ဒါကကျွန်တော့်အတွက်အိပ်မက်တစ်ခုပါ။ကျွန်တော်ဟာကြီးကျယ်တဲ့ဘောလုံးသမားတော်တော်များများနဲ့ကစားခဲ့ဖူးပြီးပါပြီ။ဒါပေမယ့်မက်ဆီနဲ့တော့တွဲမကစားဖူးပါဘူး။သူ့လိုဘောလုံးသမားနဲ့တွဲကစားရလို့ဂုဏ်ယူပါတယ်။သူ့လေ့ကျင့်တာ၊ကစားတာကိုလေ့လာပြီးကိုယ်တိုးတက်အောင်လုပ်နိုင်ပါတယ်။သူရှိနေတဲ့အတွက်အသင်းကိုတိုးတက်စေပါတယ်။ကစားသမားတစ်ယောက်စီတိုင်းတိုးတက်လာစေပါတယ်။ကျွန်တော်တို့ကဘာသာစကားလည်းတူတယ်။အခုဆိုရင်တစ်ယောက်အကြောင်းတစ်ယောက်နည်းနည်းချင်းစီသိလာကြပါတယ်။နည်းစနစ်ပိုင်းအရသူနဲ့နားလည်မှုရှိအောင်လုပ်ရတာလွယ်ပါတယ်။သူ့ကိုဘောလုံးပေးပြီးပြေးလိုက်ရင်သူကဘယ်နေရာကိုပေးရမလဲဆိုတာသိတဲ့သူပါ။သူ့အပြုအမူကိုတော့အံ့ဩရတယ်။သူကရိုးရိုးလေးနေတတယ်။ပြီးတော့နှုတ်ဆိတ်တယ်”လို့ပြောကြားသွားပါတယ်။

ဟာကီမီဟာပြီးခဲ့တဲ့အပတ်တုန်းကလိုင်ယွန်အား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာမက်ဆီအစားလူစားဝင်ရောက်ပြီးနောက်အနိုင်ဂိုးသွင်းခဲ့ပါတယ်။မက်ဆီဟာလူစားလဲခြင်းခံရပြီးနောက်ဒေါသထွက်ကာနည်းပြပိုချက်တီနိုနှင့်လက်ဆွဲနှုတ်ဆက်ရန်ငြင်းခဲ့ပါတယ်။

နောက်ပိုင်းတွင်ပိုချက်တီနိုဟာသူ့ဒူးပွန်းပဲ့နေမှုကြောင့်ဒဏ်ရာမရအောင်ကြိုတင်ကာကွယ်တဲ့အနေဖြင့်လူစားလဲခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။သူဟာယင်းဒဏ်ရာကြောင့်မက်ဇ်အားအနိုင်ရတဲ့ကြားရက်ပွဲကိုလွဲခဲ့ပါတယ်။

ZawGyi

မက္ဆီရဲ႕အဝတ္အစားလဲခန္းမွအျပဳအမူေၾကာင့္ အံ့ဩသင့္က်န္ခဲ့တဲ့ ပီအက္စ္ဂ်ီကစားေဖာ္

လီယြန္နယ္မက္ဆီရဲ႕ပီအက္စ္ဂ်ီကစားေဖာ္မ်ားဟာအာဂ်င္တီးနားစူပါစတားရဲ႕အဝတ္အစားလဲခန္းအျပဳအမူေၾကာင့္အႀကီးအက်ယ္တုန္လႈပ္ခဲ့ၾကေၾကာင္း အာရွရပ္ဖ္ဟာကီမီကဖြင့္ဟေျပာၾကားလာပါတယ္။

Bollon d’Or ေျခာက္ႀကိမ္ရလီယြန္နယ္မက္ဆီဟာေႏြရာသီတုန္းက၂၁ႏွစ္ၾကာကစားလာခဲ့တဲ့ဘာစီလိုနာမွထြက္ခြာကာပီအက္စ္ဂ်ီသို႔ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

သူဟာပီအက္စ္ဂ်ီအတြက္လီဂူး၁ပြဲသုံးပြဲကစားထားၿပီးျဖစ္ပါတယ္။ဟာကီမီဟာလည္းေႏြရာသီတုန္းကအင္တာမီလန္မွပီအက္စ္ဂ်ီသို႔ေျပာင္းလာခဲ့သူျဖစ္ပါတယ္။ဟာကီမီဟာ မက္ဆီရဲ႕အဝတ္အစားလဲခန္းအတြင္းအျပဳအမူမ်ားကိုဖြင့္ဟလာခဲ့တာလည္းျဖစ္ပါတယ္။

ဟာကီမီက “ဘာကာကေနမက္ဆီထြက္ခြာဖို႔ဆိုတာအျခားသူေတြလိုပဲကြၽန္ေတာ္လည္းမယုံႏိုင္ေအာင္ျဖစ္ရပါတယ္။ဒီကိုေရာက္လာတယ္လည္းဆိုေရာဘာေျပာႏိုင္မလဲ။ဒါကကြၽန္ေတာ့္အတြက္အိပ္မက္တစ္ခုပါ။ကြၽန္ေတာ္ဟာႀကီးက်ယ္တဲ့ေဘာလုံးသမားေတာ္ေတာ္မ်ားမ်ားနဲ႔ကစားခဲ့ဖူးၿပီးပါၿပီ။ဒါေပမယ့္မက္ဆီနဲ႔ေတာ့တြဲမကစားဖူးပါဘူး။သူ႔လိုေဘာလုံးသမားနဲ႔တြဲကစားရလို႔ဂုဏ္ယူပါတယ္။သူ႔ေလ့က်င့္တာ၊ကစားတာကိုေလ့လာၿပီးကိုယ္တိုးတက္ေအာင္လုပ္ႏိုင္ပါတယ္။သူရွိေနတဲ့အတြက္အသင္းကိုတိုးတက္ေစပါတယ္။ကစားသမားတစ္ေယာက္စီတိုင္းတိုးတက္လာေစပါတယ္။ကြၽန္ေတာ္တို႔ကဘာသာစကားလည္းတူတယ္။အခုဆိုရင္တစ္ေယာက္အေၾကာင္းတစ္ေယာက္နည္းနည္းခ်င္းစီသိလာၾကပါတယ္။နည္းစနစ္ပိုင္းအရသူနဲ႔နားလည္မႈရွိေအာင္လုပ္ရတာလြယ္ပါတယ္။သူ႔ကိုေဘာလုံးေပးၿပီးေျပးလိုက္ရင္သူကဘယ္ေနရာကိုေပးရမလဲဆိုတာသိတဲ့သူပါ။သူ႔အျပဳအမူကိုေတာ့အံ့ဩရတယ္။သူက႐ိုး႐ိုးေလးေနတတယ္။ၿပီးေတာ့ႏႈတ္ဆိတ္တယ္”လို႔ေျပာၾကားသြားပါတယ္။

ဟာကီမီဟာၿပီးခဲ့တဲ့အပတ္တုန္းကလိုင္ယြန္အား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာမက္ဆီအစားလူစားဝင္ေရာက္ၿပီးေနာက္အႏိုင္ဂိုးသြင္းခဲ့ပါတယ္။မက္ဆီဟာလူစားလဲျခင္းခံရၿပီးေနာက္ေဒါသထြက္ကာနည္းျပပိုခ်က္တီႏိုႏွင့္လက္ဆြဲႏႈတ္ဆက္ရန္ျငင္းခဲ့ပါတယ္။

ေနာက္ပိုင္းတြင္ပိုခ်က္တီႏိုဟာသူ႔ဒူးပြန္းပဲ့ေနမႈေၾကာင့္ဒဏ္ရာမရေအာင္ႀကိဳတင္ကာကြယ္တဲ့အေနျဖင့္လူစားလဲခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။သူဟာယင္းဒဏ္ရာေၾကာင့္မက္ဇ္အားအႏိုင္ရတဲ့ၾကားရက္ပြဲကိုလြဲခဲ့ပါတယ္။