မက်ဆီရဲ့အာဂျင်တီးနားဆုဖလားကျိန်စာပျောက်စေချင်နေတဲ့ ဘရာဇီးပရိသတ်များကို နေမာဝေဖန်

နေမာဟာဘရာဇီးနိုင်ငံသားအချို့တို့ကလီယွန်နယ်မက်ဆီနှင့်အာဂျင်တီးနားအားကိုပါအမေရိကဖလားဆွတ်ခူးစေချင်နေမှုအပေါ်မပျော်မရွှင်ဖြစ်လျက်ရှိပါတယ်။

ဘရာဇီးနှင့်အာဂျင်တီးနားတို့ဟာမနက်ဖြန်နံနက်၆နာရီခွဲအချိန်မှာကိုပါအမေရိကဖလားဗိုလ်လုပွဲအဖြစ်ရင်ဆိုင်ကစားကြပါမယ်။

တောင်အမေရိကဘောလုံးလောကရဲ့အကြီးမားဆုံးဘောလုံးပြိုင်ဘက်နှစ်သင်းရင်ဆိုင်တဲ့ပွဲဖြစ်ရာလူစိတ်ဝင်စားမှုမြင့်မားနေပါတယ်။

ဒါပေမယ့်လည်းဘရာဇီးပရိသတ်အချို့တို့ကအာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီအားအာဂျင်တီးနားနှင့်အတူပထမဆုံးဆုဖလားဆွတ်ခူးစေလိုနေပါတယ်။မက်ဆီရဲ့အာဂျင်တီးနားနှင့်ဆုဖလားကျိန်စာပျောက်စေလိုနေပါတယ်။

ဒါကြောင့်လည်းနေမာဟာဘရာဇီးပရိသတ်များကကိုယ့်နိုင်ငံအသင်းကိုအနိုင်ယူကာအာဂျင်တီးနားအသင်း ကိုပါအမေရိကဖလားဆွတ်ခူးစေချင်နေမှုအပေါ်စိတ်ပျက်နေပါတယ်။

နေမာက “ကျွန်တော်ကအချစ်များစွာနဲ့ဂုဏ်ယူမှုများစွာနဲ့ဘရာဇီးသားတစ်ဦးပါ။ဘရာဇီးအသင်းမှာအမြဲပါဝင်ဖို့နဲ့ပရိသတ်သီချင်းဆိုသံကြားရဖို့ကကျွန်တော့်အိပ်မက်ပါ။ကျွန်တော်ဟာအားကစားမှာဘဲဖြစ်ဖြစ်၊မော်ဒယ်မှာဘဲဖြစ်ဖြစ်၊အော်စကာမှာဘဲဖြစ်ဖြစ် စသဖြင့်တစ်ခုခုအတွက်ယှဉ်ပြိုင်မှုမှာဘယ်ဘရာဇီးသားကိုမှမတိုက်ခိုက်ခဲ့ဖူးပါဘူး။ကျွန်တော်ကဘရာဇီးပါ။ဘယ်သူကဘရာဇီးဖြစ်နေတယ်။ဘရာဇီးဖြစ်တည်မှုကကွဲပြားပါသလား။ဒါနဲ့ပတ်သက်ပြီးကျွန်တော်လေးစားပါတယ်။ဒါပေမယ့်ကိုယ့်ပြိုင်ဘက်ကိုအနိုင်ရစေချင်ရင်တော့ငရဲသာသွားလိုက်ပါတော့။နေမာသူငယ်ချင်းထဲမှာဒါမျိုးမရှိဘူး”လို့ပြောကြားခဲ့ပါတယ်။

မကြာသေးမီတုန်းကဘရာဇီးအားကစားရုပ်သံသတင်းထောက်ဖာဘီယိုအင်ဒရာဒီဟာအာဂျင်တီးနားအင်္ကျီဝတ်ဆင်ပြီးဆိုရှယ်မီဒီယာတွင်တင်ကာမက်ဆီအားအာဂျင်တီးနားနှင့်အတူပထမဆုံးဆုဖလားရရှိစေလိုကြောင်းတင်ခဲ့ပါတယ်။

ZawGyi

မက္ဆီရဲ႕အာဂ်င္တီးနားဆုဖလားက်ိန္စာေပ်ာက္ေစခ်င္ေနတဲ့ ဘရာဇီးပရိသတ္မ်ားကို ေနမာေဝဖန္

ေနမာဟာဘရာဇီးႏိုင္ငံသားအခ်ိဳ႕တို႔ကလီယြန္နယ္မက္ဆီႏွင့္အာဂ်င္တီးနားအားကိုပါအေမရိကဖလားဆြတ္ခူးေစခ်င္ေနမႈအေပၚမေပ်ာ္မ႐ႊင္ျဖစ္လ်က္ရွိပါတယ္။

ဘရာဇီးႏွင့္အာဂ်င္တီးနားတို႔ဟာမနက္ျဖန္နံနက္၆နာရီခြဲအခ်ိန္မွာကိုပါအေမရိကဖလားဗိုလ္လုပြဲအျဖစ္ရင္ဆိုင္ကစားၾကပါမယ္။

ေတာင္အေမရိကေဘာလုံးေလာကရဲ႕အႀကီးမားဆုံးေဘာလုံးၿပိဳင္ဘက္ႏွစ္သင္းရင္ဆိုင္တဲ့ပြဲျဖစ္ရာလူစိတ္ဝင္စားမႈျမင့္မားေနပါတယ္။

ဒါေပမယ့္လည္းဘရာဇီးပရိသတ္အခ်ိဳ႕တို႔ကအာဂ်င္တီးနားအသင္းေခါင္းေဆာင္မက္ဆီအားအာဂ်င္တီးနားႏွင့္အတူပထမဆုံးဆုဖလားဆြတ္ခူးေစလိုေနပါတယ္။မက္ဆီရဲ႕အာဂ်င္တီးနားႏွင့္ဆုဖလားက်ိန္စာေပ်ာက္ေစလိုေနပါတယ္။

ဒါေၾကာင့္လည္းေနမာဟာဘရာဇီးပရိသတ္မ်ားကကိုယ့္ႏိုင္ငံအသင္းကိုအႏိုင္ယူကာအာဂ်င္တီးနားအသင္း ကိုပါအေမရိကဖလားဆြတ္ခူးေစခ်င္ေနမႈအေပၚစိတ္ပ်က္ေနပါတယ္။

ေနမာက “ကြၽန္ေတာ္ကအခ်စ္မ်ားစြာနဲ႔ဂုဏ္ယူမႈမ်ားစြာနဲ႔ဘရာဇီးသားတစ္ဦးပါ။ဘရာဇီးအသင္းမွာအၿမဲပါဝင္ဖို႔နဲ႔ပရိသတ္သီခ်င္းဆိုသံၾကားရဖို႔ကကြၽန္ေတာ့္အိပ္မက္ပါ။ကြၽန္ေတာ္ဟာအားကစားမွာဘဲျဖစ္ျဖစ္၊ေမာ္ဒယ္မွာဘဲျဖစ္ျဖစ္၊ေအာ္စကာမွာဘဲျဖစ္ျဖစ္ စသျဖင့္တစ္ခုခုအတြက္ယွဥ္ၿပိဳင္မႈမွာဘယ္ဘရာဇီးသားကိုမွမတိုက္ခိုက္ခဲ့ဖူးပါဘူး။ကြၽန္ေတာ္ကဘရာဇီးပါ။ဘယ္သူကဘရာဇီးျဖစ္ေနတယ္။ဘရာဇီးျဖစ္တည္မႈကကြဲျပားပါသလား။ဒါနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္ေလးစားပါတယ္။ဒါေပမယ့္ကိုယ့္ၿပိဳင္ဘက္ကိုအႏိုင္ရေစခ်င္ရင္ေတာ့ငရဲသာသြားလိုက္ပါေတာ့။ေနမာသူငယ္ခ်င္းထဲမွာဒါမ်ိဳးမရွိဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

မၾကာေသးမီတုန္းကဘရာဇီးအားကစား႐ုပ္သံသတင္းေထာက္ဖာဘီယိုအင္ဒရာဒီဟာအာဂ်င္တီးနားအက်ႌဝတ္ဆင္ၿပီးဆိုရွယ္မီဒီယာတြင္တင္ကာမက္ဆီအားအာဂ်င္တီးနားႏွင့္အတူပထမဆုံးဆုဖလားရရွိေစလိုေၾကာင္းတင္ခဲ့ပါတယ္။