မက်ဆီရှိရာ ပြင်သစ်သို့ လာကစားရန် ပေါ်တူဂီကစားဖော်ရဲ့တောင်းဆိုမှုကို ရော်နယ်ဒို ဘယ်လိုတုံ့ပြန်လိုက်သလဲ?

ဂျို့စ်ဖွန်တီဟာပီအက်စ်ဂျီသို့လီယွန်နယ်မက်ဆီပြောင်းရွှေ့လာပြီးနောက်ခရစ္စတီယာနိုရော်နယ်ဒိုကိုလည်းသူကစားနေတဲ့လိုင်လီအသင်းမှာလာရောက်ကစားဖို့ဖိတ်ခေါ်မှုပြုလုပ်ခဲ့ပါတယ်။

လီယွန်နယ်မက်ဆီဟာယနေ့အစောပိုင်းတုန်းကပီအက်စ်ဂျီအသင်းသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။

Ballon d’Or ဆုကိုခြောက်ကြိမ်ရအာဂျင်တီးနားအသင်းခေါင်းဆောင်ဟာပရော်ဖက်ရှင်နယ်ကစားသမားဘဝနှစ်ပေါင်းများစွာလာလီဂါကိုလွှမ်းမိုးလာပြီးနောက်လီဂူး၁မှာစိန်ခေါ်မှုသစ်ရင်ဆိုင်သွားပါမယ်။

ပြင်သစ်လီဂူး၁သိုမက်ဆီရောက်လာမှုအပေါ်လိုင်လီနှင့်ပေါ်တူဂီနောက်ခံလူဖွန်တီဟာစိတ်လှုပ်ရှားလျက်ရှိနေပါတယ်။

သူဟာပေါ်တူဂီကစားဖော်ရော်နယ်ဒိုကိုလိုင်လီသို့ပြောင်းရွှေ့ပြီးမက်ဆီနှင့်အပေါင်းတို့နှင့်ယှဉ်ပြိုင်ရန်ဟာသနှောတိုက်တွန်းခဲ့ပါတယ်။ဒါပေမယ့်ယင်းကိုခရစ္စတီယာနိုရော်နယ်ဒိုကအံ့ဩစရာကောင်းလောက်အောင်တုံ့ပြန်မှုပြုလုပ်ခဲ့ပါတယ်။

ဖွန်တီက “လီယွန်နယ်မက်ဆီလိုကစားသမားတစ်ဦးကပြင်သစ်ဘောလုံးလောကကကျွန်တော်တို့လိဂ်မှာကစားလာမှာဆိုတော့အရမ်းစိတ်လှုပ်ရှားရတယ်။သေချာတာကတော့ကျွန်တော်တို့အတွက်ယှဉ်ပြိုင်ရတာပိုပြီးတော့ခက်ခဲလာပါမယ်။ဒါပေမယ့်ကျွန်တော်တို့စိန်ခေါ်သစ်သွားပါမယ်။ပြီးတော့ကျွန်တော်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုလိုင်လီသို့လာကစားဖို့နေ့တိုင်းစာပို့နေပါတယ်။သူက “Ha Ha Ha”ဆိုပြီးတော့ဘဲတုံ့ပြန်တယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ဖွန်တီက “သူတို့(မက်ဆီ၊နေမာ၊ဘက်ပေး)တို့နဲ့ရင်ဆိုင်ရမှာဂိုးမပေးရဘူးဆိုရင်တော့အရင်ကထက်ပိုပြီးတော့အဖိုးတန်လာပါမယ်။အရမ်းကောင်းတဲ့တိုက်စစ်သမားသုံးဦးပါ။သူတို့ကိုခံစစ်ပဲဦးစားပေးကစားမလား။အခုလောလောဆယ်မသိသေးပါဘူး။ဒီနှစ်ကတော့ပြိုင်ဆိုင်မှုအရမ်းပြင်းထန်လာပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

မက္ဆီရွိရာ ျပင္သစ္သို႔ လာကစားရန္ ေပၚတူဂီကစားေဖာ္ရဲ႕ေတာင္းဆိုမႈကို ေရာ္နယ္ဒို ဘယ္လိုတုံ႔ျပန္လိုက္သလဲ?

ဂ်ိဳ႕စ္ဖြန္တီဟာပီအက္စ္ဂ်ီသို႔လီယြန္နယ္မက္ဆီေျပာင္းေ႐ႊ႕လာၿပီးေနာက္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုလည္းသူကစားေနတဲ့လိုင္လီအသင္းမွာလာေရာက္ကစားဖို႔ဖိတ္ေခၚမႈျပဳလုပ္ခဲ့ပါတယ္။

လီယြန္နယ္မက္ဆီဟာယေန႔အေစာပိုင္းတုန္းကပီအက္စ္ဂ်ီအသင္းသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

Ballon d’Or ဆုကိုေျခာက္ႀကိမ္ရအာဂ်င္တီးနားအသင္းေခါင္းေဆာင္ဟာပေရာ္ဖက္ရွင္နယ္ကစားသမားဘဝႏွစ္ေပါင္းမ်ားစြာလာလီဂါကိုလႊမ္းမိုးလာၿပီးေနာက္လီဂူး၁မွာစိန္ေခၚမႈသစ္ရင္ဆိုင္သြားပါမယ္။

ျပင္သစ္လီဂူး၁သိုမက္ဆီေရာက္လာမႈအေပၚလိုင္လီႏွင့္ေပၚတူဂီေနာက္ခံလူဖြန္တီဟာစိတ္လႈပ္ရွားလ်က္ရွိေနပါတယ္။

သူဟာေပၚတူဂီကစားေဖာ္ေရာ္နယ္ဒိုကိုလိုင္လီသို႔ေျပာင္းေ႐ႊ႕ၿပီးမက္ဆီႏွင့္အေပါင္းတို႔ႏွင့္ယွဥ္ၿပိဳင္ရန္ဟာသေႏွာတိုက္တြန္းခဲ့ပါတယ္။ဒါေပမယ့္ယင္းကိုခရစၥတီယာႏိုေရာ္နယ္ဒိုကအံ့ဩစရာေကာင္းေလာက္ေအာင္တုံ႔ျပန္မႈျပဳလုပ္ခဲ့ပါတယ္။

ဖြန္တီက “လီယြန္နယ္မက္ဆီလိုကစားသမားတစ္ဦးကျပင္သစ္ေဘာလုံးေလာကကကြၽန္ေတာ္တို႔လိဂ္မွာကစားလာမွာဆိုေတာ့အရမ္းစိတ္လႈပ္ရွားရတယ္။ေသခ်ာတာကေတာ့ကြၽန္ေတာ္တို႔အတြက္ယွဥ္ၿပိဳင္ရတာပိုၿပီးေတာ့ခက္ခဲလာပါမယ္။ဒါေပမယ့္ကြၽန္ေတာ္တို႔စိန္ေခၚသစ္သြားပါမယ္။ၿပီးေတာ့ကြၽန္ေတာ္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုလိုင္လီသို႔လာကစားဖို႔ေန႔တိုင္းစာပို႔ေနပါတယ္။သူက “Ha Ha Ha”ဆိုၿပီးေတာ့ဘဲတုံ႔ျပန္တယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ဖြန္တီက “သူတို႔(မက္ဆီ၊ေနမာ၊ဘက္ေပး)တို႔နဲ႔ရင္ဆိုင္ရမွာဂိုးမေပးရဘူးဆိုရင္ေတာ့အရင္ကထက္ပိုၿပီးေတာ့အဖိုးတန္လာပါမယ္။အရမ္းေကာင္းတဲ့တိုက္စစ္သမားသုံးဦးပါ။သူတို႔ကိုခံစစ္ပဲဦးစားေပးကစားမလား။အခုေလာေလာဆယ္မသိေသးပါဘူး။ဒီႏွစ္ကေတာ့ၿပိဳင္ဆိုင္မႈအရမ္းျပင္းထန္လာပါမယ္”လို႔ေျပာၾကားသြားပါတယ္။