မက်ဆီသုံးခဲ့တဲ့ လက်ကိုင်ပဝါကို ဒေါ်လာ ၆ သိန်းနှင့် ကမ်းလှမ်းခဲ့တဲ့ ပလေးဘွိုင်မော်ဒယ်

ပလေးဘွိုင်မော်ဒယ်တစ်ဦးဟာဘာစီလိုနာနှုတ်ဆက်သတင်းစာရှင်းလင်းပွဲမှာလီယွန်နယ်မက်ဆီအသုံးပြုခဲ့တဲ့လက်ကိုင်ပဝါကိုဝယ်ယူပြီးယင်းလက်ကိုင်ပဝါဖြင့်အဝတ်မဲ့ဓာတ်ပုံရိုက်ကူးရန်စီစဉ်ခဲ့ပါတယ်။

မက်ဆီဟာယခုလအစောပိုင်းတုန်းကဘာစီလိုနာဘက်ကစာချုပ်သစ်မချုပ်ဆိုနိုင်မှုနဲ့အတူ မထင်မှတ်ဘဲထွက်ခွာခဲ့ရပါတယ်။

အသက်၃၄နှစ်ရှိမက်ဆီဟာဘာစီလိုနာဘက်ကဘဏ္ဍာရေးပြဿနာကြုံနေရမှုကြောင့်လုပ်ခတစ်ဝက်အထိလျှော့ချပြီးစာချုပ်သစ်ချုပ်ဆိုဖို့အသင့်ဖြစ်နေခဲ့ပေမယ့်လည်းဘာစီလိုနာမှာလာလီဂါရဲ့အသုံးစရိတ်ကန့်သန့်ခြင်းခံခဲ့ရမှုကြောင့်စာချုပ်သစ်မချုပ်ဆိုနိုင်ခဲ့ပါဘူး။

မက်ဆီဟာဘာစီလိုနာနှုတ်ဆက်သတင်းစာရှင်းလင်းပွဲမှာမျက်ရည်ကျခဲ့ပြီးဇနီးသည်ပေးတဲ့လက်ကိုင်ပဝါဖြင့်မျက်ရည်သုတ်ခဲ့ကာလွှင့်ပစ်ခဲ့ပါတယ်။

ယင်းကိုသတင်းစာရှင်းလင်းပွဲသို့တက်ရောက်ခဲ့တဲ့အမည်မသိလူတစ်ဦးကကောက်ယူပြီးအွန်လိုင်းမှာဒေါ်လာ၁သန်းဖြင့်လေလံတင်ခဲ့ပါတယ်။

ဘာစီလိုနာကိုချစ်တဲ့ပလေးဘွိုင်မော်ဒယ်လွာနာဆန်ဒီယန်ဟာမက်ဆီသုံးခဲ့တဲ့လက်ကိုင်ပဝါကို ဒေါ်လာ၆သိန်းဖြင့်ဝယ်ယူရန်ကမ်းလှမ်းမှုပြုလုပ်ခဲ့ပါတယ်။ဆန်ဒီယန်ဟာမက်ဆီသုံးခဲ့တဲ့လက်ကိုင်ပဝါနှင့်အတူအဝတ်မဲ့ဓာတ်ပုံရိုက်ကူးဖို့စီစဉ်ကာယင်းသို့ကမ်းလှမ်းခဲ့တာပါ။ဒါပေမယ့်ကံဆိုးတာကတော့သူမကကမ်းလှမ်းမှုလုပ်လိုက်ပြီးတဲ့နောက်ပိုင်ရှင်ဘက်ကတစ်ရှူးလေလံတင်တဲ့ပို့စ်ကိုဖြုတ်ချသွားပါတယ်။

ဆန်ဒီယန်က “မက်ဆီသုံးခဲ့တဲ့လက်ကိုင်ပဝါကိုရဖို့ဒေါ်လာ၆သိန်းနဲ့ကမ်းလှမ်းခဲ့တယ်။ဒါပေမယ့်နောက်တော့အဲဒီကြော်ငြာပျောက်သွားတယ်။ကြော်ငြာတဲ့ဈေးရဲ့တစ်ဝက်ကျော်အထိကျွန်မပေးခဲ့တာပါ။ဝယ်လို့ရခဲ့မယ်လို့လည်းယုံကြည်ခဲ့တယ်။ဒါပေမယ့်ကျွန်မကမ်းလှမ်းလို့လည်းပြီးရောကြော်ငြာပျောက်သွားတယ်။ဘယ်သတင်းအချက်အလက်မှမထုတ်ပြန်ဘဲပျောက်သွားတယ်။တစ်ယောက်ယောက်ဘဲဝယ်သွားသလဲ၊ဒါမှမဟုတ်ကြော်ငြာရှင်ကဘဲမရောင်းရလို့လက်လျှော့လိုက်တာလားမသိဘူး။ကျွန်မပိုင်ဆိုင်နိုင်ဖို့မျှော်လင့်ခဲ့ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဘရာဇီးမော်ဒယ်ဟာပလေးဘွိုင်အာဖရိကမဂ္ဂဇင်းအတွက်ဘာစီလိုနာဝတ်စုံဝတ်ဆင်ပြီးဓာတ်ပုံရိုက်ကူးခဲ့ဖူးပါတယ်။ထိုစဉ်ကသူမရဲ့ဘာစီလိုနာဝတ်စုံနှင့်ဓာတ်ပုံကြောင့်ဘာစီလိုနာအင်္ကျီရောင်းအား၅၀ရာခိုင်နှုန်းအထိမြင့်တက်သွားခဲ့ဖူးပါတယ်။

ဆန်ဒီယန်က “ကျွန်မကစပိန်မှာနေခဲ့ဖူးတော့ဘာစီလိုနာကိုပဲအမြဲအားပေးလာခဲ့တာပါ။သူတို့ရဲ့လွှမ်းမိုးမှုကအရမ်းများတယ်။ပြီးတော့ဘာစီလိုနာက ကစားသမားတွေကအခြားအသင်းကကစားသမားတွေထက်ပိုပြီးတော့လန်းတယ်”လို့ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီသို့ပြောင်းသွားခဲ့တဲ့ဘာစီလိုနာဂန္ထဝင်မက်ဆီဟာလာမယ့်တနင်္ဂနွေနေ့မှာရိမ်းစ်နှင့်ကစားရမယ့်ပွဲစဉ်မှာပီအက်စ်ဂျီအတွက်ပထမဆုံးပွဲကိုကစားလာဖို့ရှိပါတယ်။

ZawGyi

မက္ဆီသုံးခဲ့တဲ့ လက္ကိုင္ပဝါကို ေဒၚလာ ၆ သိန္းႏွင့္ ကမ္းလွမ္းခဲ့တဲ့ ပေလးဘြိဳင္ေမာ္ဒယ္

ပေလးဘြိဳင္ေမာ္ဒယ္တစ္ဦးဟာဘာစီလိုနာႏႈတ္ဆက္သတင္းစာရွင္းလင္းပြဲမွာလီယြန္နယ္မက္ဆီအသုံးျပဳခဲ့တဲ့လက္ကိုင္ပဝါကိုဝယ္ယူၿပီးယင္းလက္ကိုင္ပဝါျဖင့္အဝတ္မဲ့ဓာတ္ပုံ႐ိုက္ကူးရန္စီစဥ္ခဲ့ပါတယ္။

မက္ဆီဟာယခုလအေစာပိုင္းတုန္းကဘာစီလိုနာဘက္ကစာခ်ဳပ္သစ္မခ်ဳပ္ဆိုႏိုင္မႈနဲ႔အတူ မထင္မွတ္ဘဲထြက္ခြာခဲ့ရပါတယ္။

အသက္၃၄ႏွစ္ရွိမက္ဆီဟာဘာစီလိုနာဘက္ကဘ႑ာေရးျပႆနာႀကဳံေနရမႈေၾကာင့္လုပ္ခတစ္ဝက္အထိေလွ်ာ့ခ်ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔အသင့္ျဖစ္ေနခဲ့ေပမယ့္လည္းဘာစီလိုနာမွာလာလီဂါရဲ႕အသုံးစရိတ္ကန႔္သန႔္ျခင္းခံခဲ့ရမႈေၾကာင့္စာခ်ဳပ္သစ္မခ်ဳပ္ဆိုႏိုင္ခဲ့ပါဘူး။

မက္ဆီဟာဘာစီလိုနာႏႈတ္ဆက္သတင္းစာရွင္းလင္းပြဲမွာမ်က္ရည္က်ခဲ့ၿပီးဇနီးသည္ေပးတဲ့လက္ကိုင္ပဝါျဖင့္မ်က္ရည္သုတ္ခဲ့ကာလႊင့္ပစ္ခဲ့ပါတယ္။

ယင္းကိုသတင္းစာရွင္းလင္းပြဲသို႔တက္ေရာက္ခဲ့တဲ့အမည္မသိလူတစ္ဦးကေကာက္ယူၿပီးအြန္လိုင္းမွာေဒၚလာ၁သန္းျဖင့္ေလလံတင္ခဲ့ပါတယ္။

ဘာစီလိုနာကိုခ်စ္တဲ့ပေလးဘြိဳင္ေမာ္ဒယ္လြာနာဆန္ဒီယန္ဟာမက္ဆီသုံးခဲ့တဲ့လက္ကိုင္ပဝါကို ေဒၚလာ၆သိန္းျဖင့္ဝယ္ယူရန္ကမ္းလွမ္းမႈျပဳလုပ္ခဲ့ပါတယ္။ဆန္ဒီယန္ဟာမက္ဆီသုံးခဲ့တဲ့လက္ကိုင္ပဝါႏွင့္အတူအဝတ္မဲ့ဓာတ္ပုံ႐ိုက္ကူးဖို႔စီစဥ္ကာယင္းသို႔ကမ္းလွမ္းခဲ့တာပါ။ဒါေပမယ့္ကံဆိုးတာကေတာ့သူမကကမ္းလွမ္းမႈလုပ္လိုက္ၿပီးတဲ့ေနာက္ပိုင္ရွင္ဘက္ကတစ္ရႉးေလလံတင္တဲ့ပို႔စ္ကိုျဖဳတ္ခ်သြားပါတယ္။

ဆန္ဒီယန္က “မက္ဆီသုံးခဲ့တဲ့လက္ကိုင္ပဝါကိုရဖို႔ေဒၚလာ၆သိန္းနဲ႔ကမ္းလွမ္းခဲ့တယ္။ဒါေပမယ့္ေနာက္ေတာ့အဲဒီေၾကာ္ျငာေပ်ာက္သြားတယ္။ေၾကာ္ျငာတဲ့ေဈးရဲ႕တစ္ဝက္ေက်ာ္အထိကြၽန္မေပးခဲ့တာပါ။ဝယ္လို႔ရခဲ့မယ္လို႔လည္းယုံၾကည္ခဲ့တယ္။ဒါေပမယ့္ကြၽန္မကမ္းလွမ္းလို႔လည္းၿပီးေရာေၾကာ္ျငာေပ်ာက္သြားတယ္။ဘယ္သတင္းအခ်က္အလက္မွမထုတ္ျပန္ဘဲေပ်ာက္သြားတယ္။တစ္ေယာက္ေယာက္ဘဲဝယ္သြားသလဲ၊ဒါမွမဟုတ္ေၾကာ္ျငာရွင္ကဘဲမေရာင္းရလို႔လက္ေလွ်ာ့လိုက္တာလားမသိဘူး။ကြၽန္မပိုင္ဆိုင္ႏိုင္ဖို႔ေမွ်ာ္လင့္ခဲ့ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဘရာဇီးေမာ္ဒယ္ဟာပေလးဘြိဳင္အာဖရိကမဂၢဇင္းအတြက္ဘာစီလိုနာဝတ္စုံဝတ္ဆင္ၿပီးဓာတ္ပုံ႐ိုက္ကူးခဲ့ဖူးပါတယ္။ထိုစဥ္ကသူမရဲ႕ဘာစီလိုနာဝတ္စုံႏွင့္ဓာတ္ပုံေၾကာင့္ဘာစီလိုနာအက်ႌေရာင္းအား၅၀ရာခိုင္ႏႈန္းအထိျမင့္တက္သြားခဲ့ဖူးပါတယ္။

ဆန္ဒီယန္က “ကြၽန္မကစပိန္မွာေနခဲ့ဖူးေတာ့ဘာစီလိုနာကိုပဲအၿမဲအားေပးလာခဲ့တာပါ။သူတို႔ရဲ႕လႊမ္းမိုးမႈကအရမ္းမ်ားတယ္။ၿပီးေတာ့ဘာစီလိုနာက ကစားသမားေတြကအျခားအသင္းကကစားသမားေတြထက္ပိုၿပီးေတာ့လန္းတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ပီအက္စ္ဂ်ီသို႔ေျပာင္းသြားခဲ့တဲ့ဘာစီလိုနာဂႏၴဝင္မက္ဆီဟာလာမယ့္တနဂၤေႏြေန႔မွာရိမ္းစ္ႏွင့္ကစားရမယ့္ပြဲစဥ္မွာပီအက္စ္ဂ်ီအတြက္ပထမဆုံးပြဲကိုကစားလာဖို႔ရွိပါတယ္။