မက်ဆီအား ခေါ်ယူလိုက်ပြီးနောက် စပွန်ဆာစာချုပ်ကြေး ပိုမိုမြင့်မားစွာ ရရှိလာခဲ့တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာလီယွန်နယ်မက်ဆီဟာစာချုပ်ချုပ်ဆိုခေါ်ယူလိုက်မှုနဲ့အတူ Crypto.com နှင့်အလွန်မြင့်မားတဲ့စပွန်ဆာစာချုပ်သစ်ချုပ်ဆိုလာနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီဟာဒီဂျစ်တယ်ငွေကြေးဝက်ဘ်ဆိုက်တို့ဟာမက်ဆီမရောက်လာမီကတည်းက စပွန်ဆာစာချုပ်ချုပ်ဆိုရန်ဆွေးနွေးလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် Ballon d’Or ဆုခြောက်ကြိမ်ရမက်ဆီအားခေါ်ယူလိုက်နိုင်မှုနဲ့အတူပီအက်စ်ဂျီအသင်းဟာပိုမိုမြင့်မားတဲ့ငွေကြေးရရှိလာခဲ့ပါတယ်။

ပီအက်စ်ဂျီဟာတစ်နှစ်လျှင်ယူရိုသန်း၃၀အထိရရှိမယ့်သုံးနှစ်စပွန်ဆာစာချုပ်အားချုပ်ဆိုနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Crypto ဟာစီးရီးအေ၊ဖော်မြူလာဝမ်း၊ယူအက်ဖ်စီတို့နှင့်ကြီးမားတဲ့စပွန်ဆာစာချုပ်ချုပ်ဆိုထားတဲ့ကုမ္ပဏီဖြစ်ပါတယ်။ဖော်မြူလာဝမ်းနှင့်ယူအက်ဖ်စီတို့ကယူရိုသန်း၁၀၀နှင့်ယူရိုသန်း၁၇၅သန်းတန်ဖိုးရှိစာချုပ်များကိုချုပ်ဆိုထားပါတယ်။

ZawGyi

မက္ဆီအား ေခၚယူလိုက္ၿပီးေနာက္ စပြန္ဆာစာခ်ဳပ္ေၾကး ပိုမိုျမင့္မားစြာ ရရွိလာခဲ့တဲ့ ပီအက္စ္ဂ်ီ

ပီအက္စ္ဂ်ီဟာလီယြန္နယ္မက္ဆီဟာစာခ်ဳပ္ခ်ဳပ္ဆိုေခၚယူလိုက္မႈနဲ႔အတူ Crypto.com ႏွင့္အလြန္ျမင့္မားတဲ့စပြန္ဆာစာခ်ဳပ္သစ္ခ်ဳပ္ဆိုလာႏိုင္ခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာဒီဂ်စ္တယ္ေငြေၾကးဝက္ဘ္ဆိုက္တို႔ဟာမက္ဆီမေရာက္လာမီကတည္းက စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုရန္ေဆြးေႏြးလာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ Ballon d’Or ဆုေျခာက္ႀကိမ္ရမက္ဆီအားေခၚယူလိုက္ႏိုင္မႈနဲ႔အတူပီအက္စ္ဂ်ီအသင္းဟာပိုမိုျမင့္မားတဲ့ေငြေၾကးရရွိလာခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာတစ္ႏွစ္လွ်င္ယူ႐ိုသန္း၃၀အထိရရွိမယ့္သုံးႏွစ္စပြန္ဆာစာခ်ဳပ္အားခ်ဳပ္ဆိုႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

Crypto ဟာစီးရီးေအ၊ေဖာ္ျမဴလာဝမ္း၊ယူအက္ဖ္စီတို႔ႏွင့္ႀကီးမားတဲ့စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ကုမၸဏီျဖစ္ပါတယ္။ေဖာ္ျမဴလာဝမ္းႏွင့္ယူအက္ဖ္စီတို႔ကယူ႐ိုသန္း၁၀၀ႏွင့္ယူ႐ိုသန္း၁၇၅သန္းတန္ဖိုးရွိစာခ်ဳပ္မ်ားကိုခ်ဳပ္ဆိုထားပါတယ္။