မက်ဆီအား စာချုပ်ကမ်းလှမ်းလိုက်တဲ့ ကမ္ဘာ့အဆိုးရွားဆုံးကလပ်

လီယွန်နယ်မက်ဆီဟာကမ္ဘာ့အဆိုးရွားကလပ်တစ်ခုရဲ့စာချုပ်ကမ်းလှမ်းမှုခံခဲ့ရပါတယ်။ဘာစီလိုနာသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေတဲ့လီယွန်နယ်မက်ဆီဟာဇွန်လ၃၀ရက်နေ့တုန်းကဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်ပါတယ်။

မက်ဆီဟာပြီးခဲ့တဲ့နှစ်တုန်းကဘာစီလိုနာမှထွက်ခွာဖို့အတွက်အသင်းပြောင်းခွင့်တောင်းဆိုခဲ့ဖူးသူလည်းဖြစ်ပါတယ်။သူနဲ့ဘာစီလိုနာတို့ဟာစာချုပ်သစ်ချုပ်ဆိုရေးအတွက်လအတန်ကြာဆွေးနွေးလာခဲ့ခြင်းဖြစ်သော်လည်းသဘောတူညီမှုမရသေးပါဘူး။

ယခုအခါမက်ဆီဟာဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်မှုနဲ့အတူအခြားတစ်ခုသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်လွတ်လပ်စွာပြောင်းခွင့်ရှိနေပါတယ်။

ဒါကြောင့်လည်းဘရာဇီးကလပ်ငယ်တစ်ခုဖြစ်တဲ့ Ibis Sport Club က ကလပ်လက်မဲ့ဖြစ်နေတဲ့မက်ဆီကိုကမ်းလှမ်းမှုတစ်ခုပြုလုပ်လာပါတယ်။

အဆိုပါကလပ်ဟာ၁၉၈၀ခုနှစ်မှ၁၉၈၄ခုနှစ်အထိ၃နှစ်နှင့်၁၁လတိုင်တိုင်နိုင်ပွဲမရှိမှတ်တမ်းတင်ထားပြီးကမ္ဘာ့ရလဒ်အဆိုးဆုံးအသင်းအဖြစ်ဂရင်းနစ်မှတ်တမ်းဝင်ထားတဲ့ကလပ်လည်းဖြစ်ပါတယ်။

အဆိုပါကလပ်ဟာမက်ဆီကို၁၅နှစ်သက်တမ်းရှိစာချုပ်ကိုကမ်းလှမ်းခဲ့တာဖြစ်ပြီးစာချုပ်အတွင်းတွင်ရယ်စရာကောင်းတဲ့အချက်တွေလည်းပါဝင်ပါတယ်။

ယင်းကလပ်ကမက်ဆီကိုကမ်းလှမ်းတဲ့၁၅နှစ်စာချုပ်တွင်ဂိုးအများကြီးမသွင်းရ၊ချန်ပီယံမဖြစ်ရ၊ကျောနံပါတ်၁၀ဝတ်ဆင်ခွင့်မရ(မော်ရိုရှမ်ပူအားဂုဏ်ပြုတဲ့အနေဖြင့်ကျောနံပါတ်၁၀ကိုအနားပေးထား)၊တစ်နေ့လျှင်အနည်းဆုံး၃ကြိမ်မှန်ရှေ့တွင်မာရာဒိုနာထက်ပီလီပိုကောင်းတယ်လို့အော်ရမယ်စတဲ့အချက်များပါဝင်နေပါတယ်။

အသက်၃၄နှစ်ရှိမက်ဆီဟာလက်ရှိအချိန်မှာအာဂျင်တီးနားနှင့်အတူကိုပါအမေရိကဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေပြီးအနာဂတ်နှင့်ပတ်သက်ပြီးတစ်စုံတစ်ရာပြောကြားခြင်းမရှိပါဘူး။

ဒါပေမယ့်မက်ဆီဟာဘာစီလိုနာနှင့်၂နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုမယ်လို့ယူဆရပါတယ်။ဘာစီလိုနာအနေဖြင့်မက်ဆီနှင့်စာချုပ်သစ်ချုပ်ဆိုနိုင်ရန်အတွက်အသင်းရှိကစားသမားအများအပြားတို့အားအငှားချခြင်း၊ရောင်းချခြင်းတို့ပြုလုပ်ကာအသုံးစရိတ်လျှော့ချရပါမယ်။

ZawGyi

မက္ဆီအား စာခ်ဳပ္ကမ္းလွမ္းလိုက္တဲ့ ကမာၻ႔အဆိုး႐ြားဆုံးကလပ္

လီယြန္နယ္မက္ဆီဟာကမာၻ႔အဆိုး႐ြားကလပ္တစ္ခုရဲ႕စာခ်ဳပ္ကမ္းလွမ္းမႈခံခဲ့ရပါတယ္။ဘာစီလိုနာသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနတဲ့လီယြန္နယ္မက္ဆီဟာဇြန္လ၃၀ရက္ေန႔တုန္းကဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့ၿပီျဖစ္ပါတယ္။

မက္ဆီဟာၿပီးခဲ့တဲ့ႏွစ္တုန္းကဘာစီလိုနာမွထြက္ခြာဖို႔အတြက္အသင္းေျပာင္းခြင့္ေတာင္းဆိုခဲ့ဖူးသူလည္းျဖစ္ပါတယ္။သူနဲ႔ဘာစီလိုနာတို႔ဟာစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္လအတန္ၾကာေဆြးေႏြးလာခဲ့ျခင္းျဖစ္ေသာ္လည္းသေဘာတူညီမႈမရေသးပါဘူး။

ယခုအခါမက္ဆီဟာဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားၿပီျဖစ္မႈနဲ႔အတူအျခားတစ္ခုသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္လြတ္လပ္စြာေျပာင္းခြင့္ရွိေနပါတယ္။

ဒါေၾကာင့္လည္းဘရာဇီးကလပ္ငယ္တစ္ခုျဖစ္တဲ့ Ibis Sport Club က ကလပ္လက္မဲ့ျဖစ္ေနတဲ့မက္ဆီကိုကမ္းလွမ္းမႈတစ္ခုျပဳလုပ္လာပါတယ္။

အဆိုပါကလပ္ဟာ၁၉၈၀ခုႏွစ္မွ၁၉၈၄ခုႏွစ္အထိ၃ႏွစ္ႏွင့္၁၁လတိုင္တိုင္ႏိုင္ပြဲမရွိမွတ္တမ္းတင္ထားၿပီးကမာၻ႔ရလဒ္အဆိုးဆုံးအသင္းအျဖစ္ဂရင္းနစ္မွတ္တမ္းဝင္ထားတဲ့ကလပ္လည္းျဖစ္ပါတယ္။

အဆိုပါကလပ္ဟာမက္ဆီကို၁၅ႏွစ္သက္တမ္းရွိစာခ်ဳပ္ကိုကမ္းလွမ္းခဲ့တာျဖစ္ၿပီးစာခ်ဳပ္အတြင္းတြင္ရယ္စရာေကာင္းတဲ့အခ်က္ေတြလည္းပါဝင္ပါတယ္။

ယင္းကလပ္ကမက္ဆီကိုကမ္းလွမ္းတဲ့၁၅ႏွစ္စာခ်ဳပ္တြင္ဂိုးအမ်ားႀကီးမသြင္းရ၊ခ်န္ပီယံမျဖစ္ရ၊ေက်ာနံပါတ္၁၀ဝတ္ဆင္ခြင့္မရ(ေမာ္႐ိုရွမ္ပူအားဂုဏ္ျပဳတဲ့အေနျဖင့္ေက်ာနံပါတ္၁၀ကိုအနားေပးထား)၊တစ္ေန႔လွ်င္အနည္းဆုံး၃ႀကိမ္မွန္ေရွ႕တြင္မာရာဒိုနာထက္ပီလီပိုေကာင္းတယ္လို႔ေအာ္ရမယ္စတဲ့အခ်က္မ်ားပါဝင္ေနပါတယ္။

အသက္၃၄ႏွစ္ရွိမက္ဆီဟာလက္ရွိအခ်ိန္မွာအာဂ်င္တီးနားႏွင့္အတူကိုပါအေမရိကဖလားၿပိဳင္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ေနၿပီးအနာဂတ္ႏွင့္ပတ္သက္ၿပီးတစ္စုံတစ္ရာေျပာၾကားျခင္းမရွိပါဘူး။

ဒါေပမယ့္မက္ဆီဟာဘာစီလိုနာႏွင့္၂ႏွစ္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုမယ္လို႔ယူဆရပါတယ္။ဘာစီလိုနာအေနျဖင့္မက္ဆီႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ရန္အတြက္အသင္းရွိကစားသမားအမ်ားအျပားတို႔အားအငွားခ်ျခင္း၊ေရာင္းခ်ျခင္းတို႔ျပဳလုပ္ကာအသုံးစရိတ္ေလွ်ာ့ခ်ရပါမယ္။