မက်ဆီဦးဆောင်တဲ့ တောင်အမေရိကစတားအုပ်စုကြောင့် ပီအက်စ်ဂျီတွင် မပျော်တော့တဲ့ ယူရိုသူရဲကောင်း

ဂျီယန်လူဂီဒွန်နာရမ်မာဟာလီယွန်နယ်မက်ဆီဦးဆောင်တဲ့အုပ်စုကြောင့်ပီအက်စ်ဂျီတွင်နေရာပျောက်ဆုံးကာမပျော်မရွှင်ဖြစ်နေကြောင်း အီတလီမီဒီယာများရဲ့ဖော်ပြချက်အရသိရပါတယ်။

ဒွန်နာရမ်မာဟာနွေရာသီတုန်းကအီတလီကိုယူရို၂၀၂၀ပြိုင်ပွဲမှာဗိုလ်စွဲအောင်အဓိကကစားသမားအဖြစ်လက်စွမ်းပြပြီးနောက်ပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းလာခဲ့သူဖြစ်ပါတယ်။

သူဟာပီအက်စ်ဂျီသို့ရောက်လာပြီးနောက်နှစ်ပွဲတည်းသာပွဲထွက်ကစားခွင့်ရရှိထားပြီးကေလာနာဗက်စ်ရဲ့အရန်အဖြစ်သာကစားခွင့်ရရှိနေပါတယ်။

ll Corriere della Sera ရဲ့ဖော်ပြချက်အရမက်ဆီရဲ့ဦးဆောင်တဲ့တောင်အမေရိကကစားသမားများအုပ်စုကြောင့်ပီအက်စ်ဂျီတွင်ဒွန်နာရမ်မာနေရာပျောက်နေခြင်းဖြစ်ကြောင်းသိရပါတယ်။

မက်ဆီ၊ဒီမာရီယာ၊မာကွင်ဟို့စ်၊နေမာတို့ပါဝင်တဲ့တောင်အမေရိကကစားသမားများအုပ်စုဟာဂိုးသမားနေရာအတွက်အတွေ့အကြုံရင့်ကျက်တဲ့ကေလာနာဗက်စ်ကိုသာ ထောက်ခံချက်ပေးနေကြောင်းသိရပါတယ်။

ပီအက်စ်ဂျီနည်းပြပိုချက်တီနိုကတော့ဦးစားပေးဂိုးသမားရွေးချယ်ရာတွင်ပွဲအပေါ်မူတည်ကာတူညီတဲ့အခွင့်အရေးပေးပြီးရွေးချယ်ခြင်းဖြစ်ပြီးနံပါတ်တစ်ဂိုးသမားအဖြစ် အတည်တကျရွေးချယ်ရခြင်းမရှိသေးကြောင်းဆိုထားပါတယ်။

ZawGyi

မက္ဆီဦးေဆာင္တဲ့ ေတာင္အေမရိကစတားအုပ္စုေၾကာင့္ ပီအက္စ္ဂ်ီတြင္ မေပ်ာ္ေတာ့တဲ့ ယူ႐ိုသူရဲေကာင္း

ဂ်ီယန္လူဂီဒြန္နာရမ္မာဟာလီယြန္နယ္မက္ဆီဦးေဆာင္တဲ့အုပ္စုေၾကာင့္ပီအက္စ္ဂ်ီတြင္ေနရာေပ်ာက္ဆုံးကာမေပ်ာ္မ႐ႊင္ျဖစ္ေနေၾကာင္း အီတလီမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။

ဒြန္နာရမ္မာဟာေႏြရာသီတုန္းကအီတလီကိုယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာဗိုလ္စြဲေအာင္အဓိကကစားသမားအျဖစ္လက္စြမ္းျပၿပီးေနာက္ပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းလာခဲ့သူျဖစ္ပါတယ္။

သူဟာပီအက္စ္ဂ်ီသို႔ေရာက္လာၿပီးေနာက္ႏွစ္ပြဲတည္းသာပြဲထြက္ကစားခြင့္ရရွိထားၿပီးေကလာနာဗက္စ္ရဲ႕အရန္အျဖစ္သာကစားခြင့္ရရွိေနပါတယ္။

ll Corriere della Sera ရဲ႕ေဖာ္ျပခ်က္အရမက္ဆီရဲ႕ဦးေဆာင္တဲ့ေတာင္အေမရိကကစားသမားမ်ားအုပ္စုေၾကာင့္ပီအက္စ္ဂ်ီတြင္ဒြန္နာရမ္မာေနရာေပ်ာက္ေနျခင္းျဖစ္ေၾကာင္းသိရပါတယ္။

မက္ဆီ၊ဒီမာရီယာ၊မာကြင္ဟို႔စ္၊ေနမာတို႔ပါဝင္တဲ့ေတာင္အေမရိကကစားသမားမ်ားအုပ္စုဟာဂိုးသမားေနရာအတြက္အေတြ႕အႀကဳံရင့္က်က္တဲ့ေကလာနာဗက္စ္ကိုသာ ေထာက္ခံခ်က္ေပးေနေၾကာင္းသိရပါတယ္။

ပီအက္စ္ဂ်ီနည္းျပပိုခ်က္တီႏိုကေတာ့ဦးစားေပးဂိုးသမားေ႐ြးခ်ယ္ရာတြင္ပြဲအေပၚမူတည္ကာတူညီတဲ့အခြင့္အေရးေပးၿပီးေ႐ြးခ်ယ္ျခင္းျဖစ္ၿပီးနံပါတ္တစ္ဂိုးသမားအျဖစ္ အတည္တက်ေ႐ြးခ်ယ္ရျခင္းမရွိေသးေၾကာင္းဆိုထားပါတယ္။