မက်ဆီ၊ ဘက်ပေးနှင့်နေမာတို့ကို ဘယ်လိုတားရမလဲ မသိကြောင်း ဂွါဒီယိုလာဝန်ခံ

ပက်ဂွါဒီယိုလာကပီအက်စ်ဂျီနှင့်ရင်ဆိုင်ရမယ့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင်ပီအက်စ်ဂျီရဲ့စူပါတိုက်စစ်သမားများဖြစ်ကြတဲ့မက်ဆီ၊ဘက်ပေးနှင့်နေမာတို့အားမည်သို့တားဆီးရမည်ကိုမသိကြောင်းဖွင့်ဟပြောကြားလိုက်ပါတယ်။

အသက်၃၄နှစ်ရှိလီယွန်နယ်မက်ဆီဟာဒူးပွန်းပဲ့ဒဏ်ရာကြောင့်နှစ်ပွဲနားခဲ့ရသော်လည်း ယနေ့ညတွင် Parc des Princes တွင်ကစားမယ့် ဆရာဟောင်းဂွါဒီယိုလာရဲ့မန်စီးတီးနှင့်ပွဲတွင်ပါဝင်လာပါမယ်။

ဂွါဒီယိုလာက “ကျွန်တော်တို့ဘာလုပ်နိုင်မလဲ။မသိပါဘူး။ဒီလိုများပြားတဲ့အရည်အသွေးမြင့်တိုက်စစ်သမားတွေကိုဘယ်လိုတားရမလဲမသိပါဘူး။သူတို့ကအရမ်းကိုကောင်းတဲ့သူတွေပါ။ဒီလိုပါရမီရှင်တွေစုစည်းထားတဲ့အသင်းကိုထိန်းချုပ်ဖို့ခက်ခဲပါတယ်။ဘောလုံးပိုင်ဆိုင်ထားချိန်မှာဘဲခံစစ်ကောင်းနေပါလိမ့်မယ်။သူတို့ကိုပြေးခွင့်ပေးလို့မရပါဘူး။ဒါပေမယ့်အရမ်းခက်ခဲနေပါတယ်။သူတို့ကကမ္ဘာ့အကောင်းဆုံးလားဆိုတာမသိပါဘူး။ဒါပေမယ့်သူတို့ကတစ်ဦးချင်းစီအရမ်းကောင်းကြတယ်၊တစ်ဦးနဲ့တစ်ဦးနဲ့ချိတ်ဆက်ပေါင်းစပ်ကစားနိုင်ကြတယ်။သူတို့အားလုံးကပါရမီရှင်တွေပါ။ကစားသမားတစ်ဦးချင်းစီဖိအားပေးဖို့အတွက်အသင်းလိုက်ပဲကစားပါမယ်”လို့ပြောကြားသွားပါတယ်။

ပက်ဂွါဒီယိုလာနှင့်မက်ဆီတို့ဟာဘာစီလိုနာအသင်းတွင်လေးနှစ်ကြာလက်တွဲခဲ့ကြသူများဖြစ်ပြီးချန်ပီယံလိဂ်ဖလားနှစ်ကြိမ်ရယူနိုင်ခဲ့ကြပါတယ်။

ဂွါဒီယိုလာကဘာစီလိုနာမှမက်ဆီထွက်ခွာလာမှုအတွက်စိတ်မကောင်းဖြစ်ရသော်လည်းပီအက်စ်ဂျီမှာကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ကြောင်းပြောကြားသွားပါတယ်။

ZawGyi

မက္ဆီ၊ ဘက္ေပးႏွင့္ေနမာတို႔ကို ဘယ္လိုတားရမလဲ မသိေၾကာင္း ဂြါဒီယိုလာဝန္ခံ

ပက္ဂြါဒီယိုလာကပီအက္စ္ဂ်ီႏွင့္ရင္ဆိုင္ရမယ့္ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္တြင္ပီအက္စ္ဂ်ီရဲ႕စူပါတိုက္စစ္သမားမ်ားျဖစ္ၾကတဲ့မက္ဆီ၊ဘက္ေပးႏွင့္ေနမာတို႔အားမည္သို႔တားဆီးရမည္ကိုမသိေၾကာင္းဖြင့္ဟေျပာၾကားလိုက္ပါတယ္။

အသက္၃၄ႏွစ္ရွိလီယြန္နယ္မက္ဆီဟာဒူးပြန္းပဲ့ဒဏ္ရာေၾကာင့္ႏွစ္ပြဲနားခဲ့ရေသာ္လည္း ယေန႔ညတြင္ Parc des Princes တြင္ကစားမယ့္ ဆရာေဟာင္းဂြါဒီယိုလာရဲ႕မန္စီးတီးႏွင့္ပြဲတြင္ပါဝင္လာပါမယ္။

ဂြါဒီယိုလာက “ကြၽန္ေတာ္တို႔ဘာလုပ္ႏိုင္မလဲ။မသိပါဘူး။ဒီလိုမ်ားျပားတဲ့အရည္အေသြးျမင့္တိုက္စစ္သမားေတြကိုဘယ္လိုတားရမလဲမသိပါဘူး။သူတို႔ကအရမ္းကိုေကာင္းတဲ့သူေတြပါ။ဒီလိုပါရမီရွင္ေတြစုစည္းထားတဲ့အသင္းကိုထိန္းခ်ဳပ္ဖို႔ခက္ခဲပါတယ္။ေဘာလုံးပိုင္ဆိုင္ထားခ်ိန္မွာဘဲခံစစ္ေကာင္းေနပါလိမ့္မယ္။သူတို႔ကိုေျပးခြင့္ေပးလို႔မရပါဘူး။ဒါေပမယ့္အရမ္းခက္ခဲေနပါတယ္။သူတို႔ကကမာၻ႔အေကာင္းဆုံးလားဆိုတာမသိပါဘူး။ဒါေပမယ့္သူတို႔ကတစ္ဦးခ်င္းစီအရမ္းေကာင္းၾကတယ္၊တစ္ဦးနဲ႔တစ္ဦးနဲ႔ခ်ိတ္ဆက္ေပါင္းစပ္ကစားႏိုင္ၾကတယ္။သူတို႔အားလုံးကပါရမီရွင္ေတြပါ။ကစားသမားတစ္ဦးခ်င္းစီဖိအားေပးဖို႔အတြက္အသင္းလိုက္ပဲကစားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ပက္ဂြါဒီယိုလာႏွင့္မက္ဆီတို႔ဟာဘာစီလိုနာအသင္းတြင္ေလးႏွစ္ၾကာလက္တြဲခဲ့ၾကသူမ်ားျဖစ္ၿပီးခ်န္ပီယံလိဂ္ဖလားႏွစ္ႀကိမ္ရယူႏိုင္ခဲ့ၾကပါတယ္။

ဂြါဒီယိုလာကဘာစီလိုနာမွမက္ဆီထြက္ခြာလာမႈအတြက္စိတ္မေကာင္းျဖစ္ရေသာ္လည္းပီအက္စ္ဂ်ီမွာေကာင္းမြန္တဲ့ေ႐ြးခ်ယ္မႈတစ္ခုျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။