မက်ဆီ ပင်နယ်တီရရှိပြီးနောက် ရာမို့စ်ကို ပေးကန်ခဲ့။ ဘောလုံးမှာ ဘာမဆို ဖြစ်နိုင်တယ်

လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်တုန်းက လီယွန်နယ်မက်ဆီနှင့်ဆာဂျီယိုရာမို့စ်တို့ကစားဖော်တွေဖြစ်လာမယ်၊ဘာစီလိုနာသမိုင်းမှာဂိုးအများဆုံးသွင်းယူထားသူကပင်နယ်တီကိုရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကိုပေးကန်ခွင့်ပေးမယ်လို့ ပြောခဲ့ရင်အရူးလို့ပဲ လူတွေထင်ကြပါလိမ့်မယ်။

ဒါပေမဲ့အခုတော့ ဖြစ်ပျက်လာခဲ့ပြီဖြစ်ပါတယ်။နှစ်ပေါင်းများစွာမဟာရန်သူတော်အဖြစ်ရှိလာခဲ့ကြတဲ့မက်ဆီနှင့်ရာမို့စ်တို့ပီအက်စ်ဂျီမှာကစားဖော်တွေ တွဲလာတာတစ်နှစ်ပြည့်ပါတော့မယ်။

လီဂူး၁ချန်ပီယံဟာသောကြာနေ့တုန်းကလီဂူး၂ ကလပ် Quevilly-Rouenနှင့်ခြေစမ်းပွဲကစားခဲ့ပါတယ်။ပီအက်စ်ဂျီနည်းပြဂယ်တီယာဟာမက်ဆီနှင့်ရာမို့စ်တို့နှစ်ဦးလုံးကိုပွဲထွက်ကစားသမားအဖြစ်အသုံးပြုခဲ့ပါတယ်။

ပွဲအစ၃၃မိနစ်မှာမက်ဆီဟာဧရိယာအတွင်းပြစ်ဒဏ်ကျူးလွန်ခံရမှုကြောင့်ပင်နယ်တီရရှိခဲ့ပါတယ်။ဒါပေမဲ့မက်ဆီဟာသူကိုယ်တိုင်မကန်ဘဲရာမို့စ်ကိုကန်ခဲ့ပါတယ်။ရာမို့စ်ကလည်းရီးရဲလ်မက်ဒရစ်မှာတုန်းကအဓိကပင်နယ်တီကန်သူအဖြစ်တာဝန်ယူခဲ့တဲ့သူဖြစ်ပါတယ်။

ရာမို့စ်ကလည်းယင်းပင်နယ်တီကိုအမှားအယွင်းမရှိကန်သွင်းခဲ့ပါတယ်။ထူးခြားတာကတော့မက်ဆီကရာမို့စ်ကိုပင်နယ်တီပေးကန်ခဲ့တာပါ။

ရာမို့စ်နှင့်မက်ဆီတို့ဟာရီးရဲလ်မက်ဒရစ်နှင့်ဘာစီလိုနာတို့မှာကစားစဉ်တုန်းက၄၅ကြိမ်တိုင်တိုင်ထိပ်တိုက်တွေ့ခဲ့ကြဖူးပြီးတွေ့ဆုံတိုင်းလည်းပွဲကြမ်းခဲ့ပါတယ်။ရာမို့စ်ဟာမက်ဆီကိုနှစ်ကြိမ်တိုင်တိုင်တမင်သက်သက်ဒဏ်ရာရအောင်ရည်ရွယ်လုပ်ဆောင်ခဲ့ဖူးကာအနီကတ်ပြထုတ်ပယ်ခံခဲ့ရဖူးပါတယ်။

ပီအက်စ်ဂျီဟာမနေ့ညတုန်းကQuevilly-Rouenနှင့်ခြေစမ်းပွဲတွင်ရာမို့စ်၊ဂက်စ်ဆာမာတို့ရဲ့ဂိုးများဖြင့်၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi

မက္ဆီ ပင္နယ္တီရရွိၿပီးေနာက္ ရာမို႔စ္ကို ေပးကန္ခဲ့။ ေဘာလုံးမွာ ဘာမဆို ျဖစ္ႏိုင္တယ္

လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ခန႔္တုန္းက လီယြန္နယ္မက္ဆီႏွင့္ဆာဂ်ီယိုရာမို႔စ္တို႔ကစားေဖာ္ေတြျဖစ္လာမယ္၊ဘာစီလိုနာသမိုင္းမွာဂိုးအမ်ားဆုံးသြင္းယူထားသူကပင္နယ္တီကိုရီးရဲလ္မက္ဒရစ္ဂႏၴဝင္ကိုေပးကန္ခြင့္ေပးမယ္လို႔ ေျပာခဲ့ရင္အ႐ူးလို႔ပဲ လူေတြထင္ၾကပါလိမ့္မယ္။

ဒါေပမဲ့အခုေတာ့ ျဖစ္ပ်က္လာခဲ့ၿပီျဖစ္ပါတယ္။ႏွစ္ေပါင္းမ်ားစြာမဟာရန္သူေတာ္အျဖစ္ရွိလာခဲ့ၾကတဲ့မက္ဆီႏွင့္ရာမို႔စ္တို႔ပီအက္စ္ဂ်ီမွာကစားေဖာ္ေတြ တြဲလာတာတစ္ႏွစ္ျပည့္ပါေတာ့မယ္။

လီဂူး၁ခ်န္ပီယံဟာေသာၾကာေန႔တုန္းကလီဂူး၂ ကလပ္ Quevilly-Rouenႏွင့္ေျခစမ္းပြဲကစားခဲ့ပါတယ္။ပီအက္စ္ဂ်ီနည္းျပဂယ္တီယာဟာမက္ဆီႏွင့္ရာမို႔စ္တို႔ႏွစ္ဦးလုံးကိုပြဲထြက္ကစားသမားအျဖစ္အသုံးျပဳခဲ့ပါတယ္။

ပြဲအစ၃၃မိနစ္မွာမက္ဆီဟာဧရိယာအတြင္းျပစ္ဒဏ္က်ဴးလြန္ခံရမႈေၾကာင့္ပင္နယ္တီရရွိခဲ့ပါတယ္။ဒါေပမဲ့မက္ဆီဟာသူကိုယ္တိုင္မကန္ဘဲရာမို႔စ္ကိုကန္ခဲ့ပါတယ္။ရာမို႔စ္ကလည္းရီးရဲလ္မက္ဒရစ္မွာတုန္းကအဓိကပင္နယ္တီကန္သူအျဖစ္တာဝန္ယူခဲ့တဲ့သူျဖစ္ပါတယ္။

ရာမို႔စ္ကလည္းယင္းပင္နယ္တီကိုအမွားအယြင္းမရွိကန္သြင္းခဲ့ပါတယ္။ထူးျခားတာကေတာ့မက္ဆီကရာမို႔စ္ကိုပင္နယ္တီေပးကန္ခဲ့တာပါ။

ရာမို႔စ္ႏွင့္မက္ဆီတို႔ဟာရီးရဲလ္မက္ဒရစ္ႏွင့္ဘာစီလိုနာတို႔မွာကစားစဥ္တုန္းက၄၅ႀကိမ္တိုင္တိုင္ထိပ္တိုက္ေတြ႕ခဲ့ၾကဖူးၿပီးေတြ႕ဆုံတိုင္းလည္းပြဲၾကမ္းခဲ့ပါတယ္။ရာမို႔စ္ဟာမက္ဆီကိုႏွစ္ႀကိမ္တိုင္တိုင္တမင္သက္သက္ဒဏ္ရာရေအာင္ရည္႐ြယ္လုပ္ေဆာင္ခဲ့ဖူးကာအနီကတ္ျပထုတ္ပယ္ခံခဲ့ရဖူးပါတယ္။

ပီအက္စ္ဂ်ီဟာမေန႔ညတုန္းကQuevilly-Rouenႏွင့္ေျခစမ္းပြဲတြင္ရာမို႔စ္၊ဂက္စ္ဆာမာတို႔ရဲ႕ဂိုးမ်ားျဖင့္၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။