မက်ဆီ အငြင်းပွားဖွယ် ၇ ကြိမ်မြောက်အဖြစ် ဆွတ်ခူးသွားပြီးနောက် Ballon d’Or ဆုပေး စည်းကမ်းကို အပြောင်းအလဲလုပ်လာ

France Football ဟာမက်ဆီက Ballon d’Or ဆုကိုခုနှစ်ကြိမ်မြောက်အဖြစ်အငြင်းပွားဖွယ်ဆွတ်ခူးသွားခဲ့ပြီးနောက် အနာဂတ် Ballon d’Or ဆုပေးပွဲများတွင်ဆုပေးမှုနဲ့ပတ်သက်ပြီးစည်းမျဉ်းစည်းကမ်းအချို့ကိုအပြောင်းအလဲပြုလုပ်လာတော့မှာဖြစ်ပါတယ်။

လီယွန်နယ်မက်ဆီဟာပြီးခဲ့တဲ့နှစ်နိုဝင်ဘာလတုန်းက Ballon d’Or ဆုကိုခုနှစ်ကြိမ်မြောက်အဖြစ်ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားနှင့်ပီအက်စ်ဂျီစတားဟာဘိုင်ယန်မြူးနစ်တိုက်စစ်မှူးရောဘတ်လီဝန်ဒေါ့စကီးနှင့်ချဲလ်ဆီးကွင်းလယ်ကစားသမားဂျော်ဂျင်ဟိုတို့ကိုကျော်ဖြတ်ကာ ခုနှစ်ကြိမ်မြောက် Ballon d’Or ကိုဆွတ်ခူးသွားတာလည်း ဖြစ်ပါတယ်။

သူဟာ ဘာစီလိုနာနှင့်အတူ ကိုပါဒယ်ရေးဖလား၊အာဂျင်တီးနားနှင့်အတူကိုပါအမေရိကဖလားတို့ဆွတ်ခူးပြီးနောက် Ballon d’Orကိုဆွတ်ခူးခဲ့တာပါ။

France Football ဟာ ၂၀၁၈ ခုနှစ်မှစတင်ပြီး Ballon d’Or Feminin ကိုလည်းချီးမြှင့်ခဲ့ကာ၂၀၂၁ခုနှစ်ဆုကိုဘာစီလိုနာစတားအလက်ဇီယပူတဲလ်လက်စ်ကဆွတ်ခူးသွားပါတယ်။

ဒါ့အပြင်ယခုနှစ်မှာ အသက်၂၁နှစ်အောက်အကောင်းဆုံးကစားသမားဆု၊အကောင်းဆုံးဂိုးသမားဆုတို့ကိုလည်းချီးမြှင့်လာခဲ့ပါတယ်။

Ballon d’Or ဆုကို၁၉၅၆ခုနှစ်ကတည်းကချီးမြှင့်လာခဲ့ခြင်းဖြစ်ပေမဲ့လည်း ဆုချီးမြှင့်တဲ့ Frace Football ဟာယခုနှစ်၂၀၂၂မှစတင်ကာစည်းမျဉ်းစည်းကမ်းအချို့ပြောင်းလဲပြီး ချီးမြှင့်လာတော့မှာဖြစ်ပါတယ်။

ပထမဆုံးအပြောင်းအလဲလုပ်လာမှုမှ ဆုကိုအောက်တိုဘာလတွင်ချီးမြှင့်လာမှာဖြစ်ပြီးယမန်တစ်နှစ်ဥရောပဘောလုံးရာသီကာလကိုသာထည့်သွင်းစဉ်းစားပါမယ်။

ဒါကြောင့်လည်းယခုနှစ်ကမ္ဘာ့ဖလားကြောင့် ဆုချီးမြှင့်မှုကိုရွှေ့ဆိုင်းမှာမဟုတ်ဘဲပြိုင်ပွဲမှစွမ်းဆောင်မှုမှာ၂၀၂၃ခုနှစ် ဆုချီးမြှင့်မှုတွင်ထည့်သွင်းစဉ်းစားပေးပါမယ်။

ဒါ့အပြင်နောက်ထပ်ပြောင်းလဲမှုကယခင်တုန်းကဖီဖာအဖွဲ့ဝင်နိုင်ငံအားလုံးမှကစားသမားများကိုထည့်သွင်းစဉ်းစားပေမဲ့ယခုအခါမှာတော့ဖီဖာအဆင့်၁၀၀အတွင်းနိုင်ငံမှကစားသမားများကိုသာစဉ်းစားပါမယ်။အမျိုးသမီးဆုအတွက်ကိုမူ ဖီဖာအဆင့်၅၀အတွင်းသာထည့်သွင်းစဉ်းစားပါမယ်။

Ballon d’Or ဆုအတွက်အရေးအကြီးဆုံးအချက်မှာကစားသမားနဲ့အသင်းရဲ့စွမ်းဆောင်ရည်ကဆက်လက်အရေးပါနေဆဲဖြစ်သလို ကစားသမားရဲ့စည်းကမ်းလိုက်နာမှုအဆင့်အတန်းမြင့်မှုကလည်းအရေးပါနေပါတယ်။

ယခုကဲ့သို့ Ballon d’Or ဆုချီးမြှင့်မှုနဲ့ပတ်သက်ပြီးအပြောင်းအလဲပြုလုပ်လာမှုနဲ့အတူ လာမယ့်ဆုများတွင်စစ်မှန်ထိုက်တန်သူရလာဖို့ ပရိသတ်များမျှော်လင့်နေကြပါတယ်။

ZawGyi

မက္ဆီ အျငင္းပြားဖြယ္ ၇ ႀကိမ္ေျမာက္အျဖစ္ ဆြတ္ခူးသြားၿပီးေနာက္ Ballon d’Or ဆုေပး စည္းကမ္းကို အေျပာင္းအလဲလုပ္လာ

France Football ဟာမက္ဆီက Ballon d’Or ဆုကိုခုႏွစ္ႀကိမ္ေျမာက္အျဖစ္အျငင္းပြားဖြယ္ဆြတ္ခူးသြားခဲ့ၿပီးေနာက္ အနာဂတ္ Ballon d’Or ဆုေပးပြဲမ်ားတြင္ဆုေပးမႈနဲ႔ပတ္သက္ၿပီးစည္းမ်ဥ္းစည္းကမ္းအခ်ိဳ႕ကိုအေျပာင္းအလဲျပဳလုပ္လာေတာ့မွာျဖစ္ပါတယ္။

လီယြန္နယ္မက္ဆီဟာၿပီးခဲ့တဲ့ႏွစ္ႏိုဝင္ဘာလတုန္းက Ballon d’Or ဆုကိုခုႏွစ္ႀကိမ္ေျမာက္အျဖစ္ဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။

အာဂ်င္တီးနားႏွင့္ပီအက္စ္ဂ်ီစတားဟာဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးေရာဘတ္လီဝန္ေဒါ့စကီးႏွင့္ခ်ဲလ္ဆီးကြင္းလယ္ကစားသမားေဂ်ာ္ဂ်င္ဟိုတို႔ကိုေက်ာ္ျဖတ္ကာ ခုႏွစ္ႀကိမ္ေျမာက္ Ballon d’Or ကိုဆြတ္ခူးသြားတာလည္း ျဖစ္ပါတယ္။

သူဟာ ဘာစီလိုနာႏွင့္အတူ ကိုပါဒယ္ေရးဖလား၊အာဂ်င္တီးနားႏွင့္အတူကိုပါအေမရိကဖလားတို႔ဆြတ္ခူးၿပီးေနာက္ Ballon d’Orကိုဆြတ္ခူးခဲ့တာပါ။

France Football ဟာ ၂၀၁၈ ခုႏွစ္မွစတင္ၿပီး Ballon d’Or Feminin ကိုလည္းခ်ီးျမႇင့္ခဲ့ကာ၂၀၂၁ခုႏွစ္ဆုကိုဘာစီလိုနာစတားအလက္ဇီယပူတဲလ္လက္စ္ကဆြတ္ခူးသြားပါတယ္။

ဒါ့အျပင္ယခုႏွစ္မွာ အသက္၂၁ႏွစ္ေအာက္အေကာင္းဆုံးကစားသမားဆု၊အေကာင္းဆုံးဂိုးသမားဆုတို႔ကိုလည္းခ်ီးျမႇင့္လာခဲ့ပါတယ္။

Ballon d’Or ဆုကို၁၉၅၆ခုႏွစ္ကတည္းကခ်ီးျမႇင့္လာခဲ့ျခင္းျဖစ္ေပမဲ့လည္း ဆုခ်ီးျမႇင့္တဲ့ Frace Football ဟာယခုႏွစ္၂၀၂၂မွစတင္ကာစည္းမ်ဥ္းစည္းကမ္းအခ်ိဳ႕ေျပာင္းလဲၿပီး ခ်ီးျမႇင့္လာေတာ့မွာျဖစ္ပါတယ္။

ပထမဆုံးအေျပာင္းအလဲလုပ္လာမႈမွ ဆုကိုေအာက္တိုဘာလတြင္ခ်ီးျမႇင့္လာမွာျဖစ္ၿပီးယမန္တစ္ႏွစ္ဥေရာပေဘာလုံးရာသီကာလကိုသာထည့္သြင္းစဥ္းစားပါမယ္။

ဒါေၾကာင့္လည္းယခုႏွစ္ကမာၻ႔ဖလားေၾကာင့္ ဆုခ်ီးျမႇင့္မႈကိုေ႐ႊ႕ဆိုင္းမွာမဟုတ္ဘဲၿပိဳင္ပြဲမွစြမ္းေဆာင္မႈမွာ၂၀၂၃ခုႏွစ္ ဆုခ်ီးျမႇင့္မႈတြင္ထည့္သြင္းစဥ္းစားေပးပါမယ္။

ဒါ့အျပင္ေနာက္ထပ္ေျပာင္းလဲမႈကယခင္တုန္းကဖီဖာအဖြဲ႕ဝင္ႏိုင္ငံအားလုံးမွကစားသမားမ်ားကိုထည့္သြင္းစဥ္းစားေပမဲ့ယခုအခါမွာေတာ့ဖီဖာအဆင့္၁၀၀အတြင္းႏိုင္ငံမွကစားသမားမ်ားကိုသာစဥ္းစားပါမယ္။အမ်ိဳးသမီးဆုအတြက္ကိုမူ ဖီဖာအဆင့္၅၀အတြင္းသာထည့္သြင္းစဥ္းစားပါမယ္။

Ballon d’Or ဆုအတြက္အေရးအႀကီးဆုံးအခ်က္မွာကစားသမားနဲ႔အသင္းရဲ႕စြမ္းေဆာင္ရည္ကဆက္လက္အေရးပါေနဆဲျဖစ္သလို ကစားသမားရဲ႕စည္းကမ္းလိုက္နာမႈအဆင့္အတန္းျမင့္မႈကလည္းအေရးပါေနပါတယ္။

ယခုကဲ့သို႔ Ballon d’Or ဆုခ်ီးျမႇင့္မႈနဲ႔ပတ္သက္ၿပီးအေျပာင္းအလဲျပဳလုပ္လာမႈနဲ႔အတူ လာမယ့္ဆုမ်ားတြင္စစ္မွန္ထိုက္တန္သူရလာဖို႔ ပရိသတ္မ်ားေမွ်ာ္လင့္ေနၾကပါတယ္။