
စပိန်ခြေလျင်သမားနှင့်ဘောလုံးရူးသွပ်သူဆန်တီယာဂိုဆန်းချက်ဇ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရာကာတာသို့ မက်ဒရစ်မှခရီးရှည်လမ်းလျှောက်ပြုလုပ်ရာမှာအီရန်တွင်ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရကြောင်းသိရပါတယ်။
ဆန်တီယာဂိုဆန်းချက်ဇ်ရဲ့မိခင်ဖြစ်သူကသားဖြစ်သူနှင့်အဆက်အသွယ်ပြတ်လာခဲ့တာရက်သတ္တပတ်အနည်းငယ်ကြာမြင့်ပြီဖြစ်ကြောင်းဆိုသွားပါတယ်။
ဆန်းချက်ဇ်နှင့်မိသားစုတို့အကြားနောက်ဆုံးအဆက်အသွယ်ရရှိခဲ့တာကအီရန်ကိုရောက်နေတုန်းဖြစ်ပါတယ်။ယင်းနောက်၎င်းတို့အကြား အောက်တိုဘာလ၂ရက်နေ့မှစတင်အဆက်အသွယ်ပြတ်သွားပါတယ်။
ဆန်တီယာဂိုဆန်းချက်ဇ်ဟာဇန်နဝါရီလကတည်းကမက်ဒရစ်အနီးရှိနေအိမ်မှထွက်ခွာကာ နိုဝင်ဘာလ၂၀ရက်နေ့တွင်စတင်ကျင်းပမဲ့ကာတာသို့ မိုင်ထောင်ပေါင်းများစွာခရီးရှည်စတင်ထွက်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့အခုဆိုရင်သူ့မိသားစုဝင်များနှင့်အဆက်အသွယ်ပြတ်နေတာတစ်လနီးပါးကြာမြင့်ပြီဖြစ်ပါတယ်။
မိခင်ဖြစ်သူစီစီလီယာကိုဂျီဒေါ်က “စပိန်နိုင်ငံခြားဝန်ကြီးဌာနကတော့သူ အီရန်မှာထိန်းသိမ်းခံထားရတယ်လို့ပြောပါတယ်။သူ့ကျန်းမာရေးအခြေအနေကောင်းတယ်လို့လည်းပြောတယ်”လို့လည်း ဆိုသွားပါတယ်။
ဖခင်ဖြစ်သူဆန်တီယာဂိုဆန်းချက်ဇ်ကလည်း “သူ့ကနိုင်ငံရေးနဲ့လည်းမပတ်သက်ဘူး။ဘယ်ပါတီကိုမှတောင်ကိုယ်စားမပြုဘူး။သူကဘယ်လိုထိလွယ်ရှလွယ်ကိစ္စမျိုးကိုမဆိုဝေးဝေးရှောင်တယ်။သူ့လုပ်တာတစ်ခုတည်းက ရီးရဲလ်မက်ဒရစ်ကိုပဲအားပေးတာ”လို့ပြောကြားသွားပါတယ်။
စပိန်သံအမတ်ကလည်းအီရန်အာဏာပိုင်များကိုဆန်းချက်ဇ်နှင့်တွေ့ဆုံခွင့်ရရှိရေးတောင်းဆိုထားပါတယ်။အီရန်အာဏာပိုင်တို့ဟာ ဘယ်လိုအကြောင်းရင်းကြောင့်ဆန်းချက်ဇ်ကိုဖမ်းဆီးထိန်းသိမ်းထားသလဲဆိုတာကိုလည်းပြောဆိုထားခြင်းမရှိပါဘူး။
ဆန်းချက်ဇ်ဟာသူ့ရဲ့ခြေလျင်ခရီးစဉ်ဓာတ်ပုံများကို အင်စတာဂရမ်တွင်တင်လာခဲ့တာဖြစ်ပြီးနောက်ဆုံးတင်တဲ့ပို့စ်က အောက်တိုဘာလ၁ရက်နေ့တုန်းကအီရန်သို့အဝင်မြောက်ပိုင်းရွာတစ်ရွာမှာရိုက်ကူးထားတဲ့ဓာတ်ပုံဖြစ်ပါတယ်။
သူဟာမိခင်ဖြစ်သူထံ အီရန်နိုင်ငံရဲ့မြို့တော် တီဟီရန်သို့သွားမည်ဖြစ်ကြောင်း၊ယင်းမှတဆင့်ဘန်ဒါအက်ဘက်စ်ဆိပ်ကမ်းမှဘုတ်တစ်စီးဖြင့် ကာတာသို့ကူးမည်ဖြစ်ကြောင်း အသံမက်ဆေ့ချ်ပို့ခဲ့ပါတယ်။
အီရန်နိုင်ငံအတွင်းတွင်အသက်၂၂နှစ်အရွယ်မာဆာအေမီနီ အချုပ်အခန်းအတွင်းရိုက်နှက်ခံရကာသေဆုံးပြီးနောက် သပိတ်မှောက်ဆန္ဒပြမှုများဖြစ်နေပါတယ်။သူမဟာအီရန်ရဲ့အဝတ်အစားစည်းမျဉ်းကိုချိုးဖောက်မှုကြောင့် ဖမ်းဆီးခံရတာဖြစ်ပါတယ်။
အီရန်ရဲ့အမျိုးသမီးအခွင့်အရေးပိတ်ပင်မှု၊ ယူကရိန်းစစ်ပွဲတွင်ရုရှားကိုကူညီမှုတို့ကြောင့်ကမ္ဘာ့ဖလားပြိုင်ပွဲမှ အီရန်အသင်းကိုထုတ်ပယ်ရန်ထုတ်ပယ်မှုများလည်းရှိနေပါတယ်။
ZawGyi
မက္ဒရစ္မွ ကာတာအထိ ကမာၻ႔ဖလားၿပိဳင္ပြဲသို႔ လမ္းေလွ်ာက္သြားတဲ့ ေဘာလုံးပရိသတ္ အီရန္တြင္ ထိန္းသိမ္းခံရ
စပိန္ေျခလ်င္သမားႏွင့္ေဘာလုံး႐ူးသြပ္သူဆန္တီယာဂိုဆန္းခ်က္ဇ္ဟာကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပရာကာတာသို႔ မက္ဒရစ္မွခရီးရွည္လမ္းေလွ်ာက္ျပဳလုပ္ရာမွာအီရန္တြင္ဖမ္းဆီးထိန္းသိမ္းျခင္းခံေနရေၾကာင္းသိရပါတယ္။
ဆန္တီယာဂိုဆန္းခ်က္ဇ္ရဲ႕မိခင္ျဖစ္သူကသားျဖစ္သူႏွင့္အဆက္အသြယ္ျပတ္လာခဲ့တာရက္သတၱပတ္အနည္းငယ္ၾကာျမင့္ၿပီျဖစ္ေၾကာင္းဆိုသြားပါတယ္။
ဆန္းခ်က္ဇ္ႏွင့္မိသားစုတို႔အၾကားေနာက္ဆုံးအဆက္အသြယ္ရရွိခဲ့တာကအီရန္ကိုေရာက္ေနတုန္းျဖစ္ပါတယ္။ယင္းေနာက္၎တို႔အၾကား ေအာက္တိုဘာလ၂ရက္ေန႔မွစတင္အဆက္အသြယ္ျပတ္သြားပါတယ္။
ဆန္တီယာဂိုဆန္းခ်က္ဇ္ဟာဇန္နဝါရီလကတည္းကမက္ဒရစ္အနီးရွိေနအိမ္မွထြက္ခြာကာ ႏိုဝင္ဘာလ၂၀ရက္ေန႔တြင္စတင္က်င္းပမဲ့ကာတာသို႔ မိုင္ေထာင္ေပါင္းမ်ားစြာခရီးရွည္စတင္ထြက္ခဲ့တာလည္းျဖစ္ပါတယ္။ဒါေပမဲ့အခုဆိုရင္သူ႔မိသားစုဝင္မ်ားႏွင့္အဆက္အသြယ္ျပတ္ေနတာတစ္လနီးပါးၾကာျမင့္ၿပီျဖစ္ပါတယ္။
မိခင္ျဖစ္သူစီစီလီယာကိုဂ်ီေဒၚက “စပိန္ႏိုင္ငံျခားဝန္ႀကီးဌာနကေတာ့သူ အီရန္မွာထိန္းသိမ္းခံထားရတယ္လို႔ေျပာပါတယ္။သူ႔က်န္းမာေရးအေျခအေနေကာင္းတယ္လို႔လည္းေျပာတယ္”လို႔လည္း ဆိုသြားပါတယ္။
ဖခင္ျဖစ္သူဆန္တီယာဂိုဆန္းခ်က္ဇ္ကလည္း “သူ႔ကႏိုင္ငံေရးနဲ႔လည္းမပတ္သက္ဘူး။ဘယ္ပါတီကိုမွေတာင္ကိုယ္စားမျပဳဘူး။သူကဘယ္လိုထိလြယ္ရွလြယ္ကိစၥမ်ိဳးကိုမဆိုေဝးေဝးေရွာင္တယ္။သူ႔လုပ္တာတစ္ခုတည္းက ရီးရဲလ္မက္ဒရစ္ကိုပဲအားေပးတာ”လို႔ေျပာၾကားသြားပါတယ္။
စပိန္သံအမတ္ကလည္းအီရန္အာဏာပိုင္မ်ားကိုဆန္းခ်က္ဇ္ႏွင့္ေတြ႕ဆုံခြင့္ရရွိေရးေတာင္းဆိုထားပါတယ္။အီရန္အာဏာပိုင္တို႔ဟာ ဘယ္လိုအေၾကာင္းရင္းေၾကာင့္ဆန္းခ်က္ဇ္ကိုဖမ္းဆီးထိန္းသိမ္းထားသလဲဆိုတာကိုလည္းေျပာဆိုထားျခင္းမရွိပါဘူး။
ဆန္းခ်က္ဇ္ဟာသူ႔ရဲ႕ေျခလ်င္ခရီးစဥ္ဓာတ္ပုံမ်ားကို အင္စတာဂရမ္တြင္တင္လာခဲ့တာျဖစ္ၿပီးေနာက္ဆုံးတင္တဲ့ပို႔စ္က ေအာက္တိုဘာလ၁ရက္ေန႔တုန္းကအီရန္သို႔အဝင္ေျမာက္ပိုင္း႐ြာတစ္႐ြာမွာ႐ိုက္ကူးထားတဲ့ဓာတ္ပုံျဖစ္ပါတယ္။
သူဟာမိခင္ျဖစ္သူထံ အီရန္ႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ တီဟီရန္သို႔သြားမည္ျဖစ္ေၾကာင္း၊ယင္းမွတဆင့္ဘန္ဒါအက္ဘက္စ္ဆိပ္ကမ္းမွဘုတ္တစ္စီးျဖင့္ ကာတာသို႔ကူးမည္ျဖစ္ေၾကာင္း အသံမက္ေဆ့ခ်္ပို႔ခဲ့ပါတယ္။
အီရန္ႏိုင္ငံအတြင္းတြင္အသက္၂၂ႏွစ္အ႐ြယ္မာဆာေအမီနီ အခ်ဳပ္အခန္းအတြင္း႐ိုက္ႏွက္ခံရကာေသဆုံးၿပီးေနာက္ သပိတ္ေမွာက္ဆႏၵျပမႈမ်ားျဖစ္ေနပါတယ္။သူမဟာအီရန္ရဲ႕အဝတ္အစားစည္းမ်ဥ္းကိုခ်ိဳးေဖာက္မႈေၾကာင့္ ဖမ္းဆီးခံရတာျဖစ္ပါတယ္။
အီရန္ရဲ႕အမ်ိဳးသမီးအခြင့္အေရးပိတ္ပင္မႈ၊ ယူကရိန္းစစ္ပြဲတြင္႐ုရွားကိုကူညီမႈတို႔ေၾကာင့္ကမာၻ႔ဖလားၿပိဳင္ပြဲမွ အီရန္အသင္းကိုထုတ္ပယ္ရန္ထုတ္ပယ္မႈမ်ားလည္းရွိေနပါတယ္။